လစာမြင့်မားတဲ့ အလာဘာကို ခေါ်ယူရန် စိတ်ဝင်မစားတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်ဟာ သြစတြီးယားလက်ရွေးစင်နောက်ခံလူရဲ့ လစာနှုန်းကြောင့် ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ အလာဘာကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ချန်ပီယံလိဂ်ဖလားအသင်းနဲ့ အလာဘာရဲ့ စာချုပ်သက်တမ်းက ဒီရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်းမတိုးချင်တော့ပဲ အလွတ်ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းမှာ အလာဘာဟာ နှစ်ပေါင်းများစွာ အဓိက ကစားသမားအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပေမယ့် လီဗာပူးလ်၊ ဂျူဗင်တပ်စ် နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတဲ့ ကစားသမားရဲ့ အနာဂတ်က အခြားအသင်းတစ်သင်းဆီ ဦးတည်နေပါတယ်။သို့သော်လည်း မာကာ သတင်းဌာနက အဆိုအရ ဥရောပထိပ်သီးအသင်းကြီး တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ အလာဘာကို ခေါ်ယူမယ့်အသင်းတွေထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုအချိန်အထိ ထိခိုက်ဆုံးရှုံးမှု ကို ခံနေရပြီး အသင်းက ကစားသမားတွေကိုတောင် လစာဖြတ်တောက်မှုတွေ လုပ်ထားပြီး အလာဘာရဲ့ တစ်နှစ် ယူရို (၈) သန်း လစာကို မပေးနိုင်ဘူး ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါဖလား (၉) ကြိမ် ဆွတ်ခူးထားနိုင်ခဲ့တဲ့ အလာဘာဟာ ဒီရာသီမှာလည်း အသင်းနဲ့ (၃၉၄) ပွဲကစားထားပြီး (၃၁) ဂိုးသွင်းပေးထားပါတယ်။

လစာျမင့္မားတဲ့ အလာဘာကို ေခၚယူရန္ စိတ္ဝင္မစားတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္ဟာ ၾသစၾတီးယားလက္ေရြးစင္ေနာက္ခံလူရဲ႕ လစာႏႈန္းေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းေနာက္ခံလူ အလာဘာကို ေခၚယူသြားမွာ မဟုတ္ဘူးလို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ခ်န္ပီယံလိဂ္ဖလားအသင္းနဲ႔ အလာဘာရဲ႕ စာခ်ဳပ္သက္တမ္းက ဒီရာသီမွာ ကုန္ဆံုးမွာျဖစ္ျပီး အသက္ ၂၈ ႏွစ္အရြယ္ကစားသမားကိုယ္တိုင္ကလည္း အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတိုးခ်င္ေတာ့ပဲ အလြတ္ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းမွာ အလာဘာဟာ ႏွစ္ေပါင္းမ်ားစြာ အဓိက ကစားသမားအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူျဖစ္ေပမယ့္ လီဗာပူးလ္၊ ဂ်ဴဗင္တပ္စ္ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က စိတ္၀င္စားေနတဲ့ ကစားသမားရဲ႕ အနာဂတ္က အျခားအသင္းတစ္သင္းဆီ ဦးတည္ေနပါတယ္။သို႔ေသာ္လည္း မာကာ သတင္းဌာနက အဆိုအရ ဥေရာပထိပ္သီးအသင္းၾကီး တစ္သင္းျဖစ္တဲ့ ဘာစီလိုနာအသင္းကေတာ့ အလာဘာကို ေခၚယူမယ့္အသင္းေတြထဲမွာ မပါ၀င္ဘူးလို႔ သိရပါတယ္။

ဘာစီလိုနာအသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ယခုအခ်ိန္အထိ ထိခုိက္ဆံုးရႈံးမႈ ကို ခံေနရျပီး အသင္းက ကစားသမားေတြကိုေတာင္ လစာျဖတ္ေတာက္မႈေတြ လုပ္ထားျပီး အလာဘာရဲ႕ တစ္ႏွစ္ ယူရို (၈) သန္း လစာကို မေပးႏိုင္ဘူး ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဘြန္ဒက္စ္လီဂါဖလား (၉) ၾကိမ္ ဆြတ္ခူးထားႏိုင္ခဲ့တဲ့ အလာဘာဟာ ဒီရာသီမွာလည္း အသင္းနဲ႔ (၃၉၄) ပြဲကစားထားျပီး (၃၁) ဂိုးသြင္းေပးထားပါတယ္။