ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားခေါ်ယူမှု လုပ်သွားမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအကြီးအကျယ်ထိခိုက်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ကစားသမားခေါ်ယူမှု လုပ်သွားမှာ မဟုတ်ဘူးလို့ သတင်းများအရ သိရပါတယ်။ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် ဘောလုံးလောကရဲ့ ကလပ်အသင်းတော်တော်များများလည်း ဘဏ္ဍာရေး ဆုံးရှုံးထိခိုက်မှုတွေ ခံနေရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းက ကစားသမားတွေကို လစာ လျော့ချမှုတွေ လုပ်နေခဲ့ပေမယ့် စပိန်လာလီဂါ ချန်ပီယံအသင်းဟာ ပေါင်သန်း ၂၀၀ အထိ ဆုံးရှုံးနေပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ကစားသမားအသစ်ခေါ်ယူမှု လုပ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

သို့သော်လည်းအသင်းမှာ ရုန်းကန်နေရတဲ့ မာရီယာနိုဒီယက်ဇ် နဲ့ ဂျိုဗစ်တို့ကို ရောင်းချပြီး ကစားသမားအသစ်ခေါ်ယူမယ့် အသုံးစရိတ်ကို ရှာဖွေသွားဖွယ်ရှိတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ ချန်ပီယံလိဂ်မှာ ရှက်တာဒိုးနက် ကို ရှုံးပြီး မိုချန်ဂလာဘတ်ကို သရေကျခဲ့ပြီး ရုန်းကန်နေရပေမယ့် ဇီဒန်းရဲ့ အသင်းဟာ စပိန်လာလီဂါ (၇) ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဇန္န၀ါရီအေျပာင္းအေရႊ႕မွာလည္း ရီးရဲလ္မက္ဒရစ္အသင္းက ကစားသမားေခၚယူမႈ လုပ္သြားမွာမဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ဇီဒန္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးအၾကီးအက်ယ္ထိခိုက္ေနျပီး ဇန္န၀ါရီအေျပာင္းအေရႊ႕မွာလည္း ကစားသမားေခၚယူမႈ လုပ္သြားမွာ မဟုတ္ဘူးလို႔ သတင္းမ်ားအရ သိရပါတယ္။ ကမာၻတစ္၀န္း ျဖစ္ပြားေနတဲ့ ကပ္ေရာဂါေၾကာင့္ ေဘာလံုးေလာကရဲ႕ ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားလည္း ဘ႑ာေရး ဆံုးရႈံးထိခိုက္မႈေတြ ခံေနရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းက ကစားသမားေတြကို လစာ ေလ်ာ့ခ်မႈေတြ လုပ္ေနခဲ့ေပမယ့္ စပိန္လာလီဂါ ခ်န္ပီယံအသင္းဟာ ေပါင္သန္း ၂၀၀ အထိ ဆံုးရႈံးေနပါတယ္။ ဒါ့ေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာလည္း ကစားသမားအသစ္ေခၚယူမႈ လုပ္သြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

သို႔ေသာ္လည္းအသင္းမွာ ရုန္းကန္ေနရတဲ့ မာရီယာႏိုဒီယက္ဇ္ နဲ႔ ဂ်ိဳဗစ္တို႔ကို ေရာင္းခ်ျပီး ကစားသမားအသစ္ေခၚယူမယ့္ အသံုးစရိတ္ကို ရွာေဖြသြားဖြယ္ရွိတယ္လို႔လည္း သတင္းထြက္ေပၚေနပါတယ္။ ခ်န္ပီယံလိဂ္မွာ ရွက္တာဒိုးနက္ ကို ရႈံးျပီး မုိခ်န္ဂလာဘတ္ကို သေရက်ခဲ့ျပီး ရုန္းကန္ေနရေပမယ့္ ဇီဒန္းရဲ႕ အသင္းဟာ စပိန္လာလီဂါ (၇) ပြဲကစားျပီးခ်ိန္မွာ အမွတ္ေပးဇယား အဆင့္ (၂) ေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။