ရီးရဲလ်မက်ဒရစ်နဲ့ သတင်းထွက်နေတဲ့ ဒီဘားလားကို စာချုပ်သစ်ချုပ်ဆိုရန် ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ အာဂျင်တီးနားလက်ရွေးစင်ကစားသမား ဒီဘားလားကို စာချုပ်သစ်ချုပ်ဆိုရာမှာ ခက်ခဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အီတလီကလပ်အသင်းရဲ့ အားကစားဒါရိုက်တာကိုယ်တိုင်က ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၂၆ နှစ်အရွယ်ကစားသမားကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ တိုက်စစ်ကစားသမားကို ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စပိန်လာလီဂါ ချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းကလည်း အစ္စကို နဲ့ ဗီနီစီယက်စ် တို့ နဲ့ အလဲအထပ် လုပ်ရန် ပြင်ဆင်နေသေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တိုက်စစ်ကစားသမားက တစ်နှစ် လစာ ပေါင် ၅ သန်းလိုချင်နေတာဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းက အဆိုပါ တောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ သိရပါတယ်။ ဒီဘာလားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက ်(၃) ပွဲကစားထားပြီး အခုအချိန်အထိတော့ ဂိုးသွင်းနိုင်ခြင်းမရှိသေးပါဘူး။

ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းထြက္ေနတဲ့ ဒီဘားလားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ရုန္းကန္ေနရတဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ အာဂ်င္တီးနားလက္ေရြးစင္ကစားသမား ဒီဘားလားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရာမွာ ခက္ခဲေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အီတလီကလပ္အသင္းရဲ႕ အားကစားဒါရိုက္တာကိုယ္တိုင္က ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ ေဆြးေႏြးေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ တိုက္စစ္ကစားသမားကို ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔က ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ စပိန္လာလီဂါ ခ်န္ပီယံရီးရဲလ္မက္ဒရစ္အသင္းကလည္း အစၥကို နဲ႔ ဗီနီစီယက္စ္ တို႔ နဲ႔ အလဲအထပ္ လုပ္ရန္ ျပင္ဆင္ေနေသးတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

တိုက္စစ္ကစားသမားက တစ္ႏွစ္ လစာ ေပါင္ ၅ သန္းလိုခ်င္ေနတာျဖစ္ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက အဆုိပါ ေတာင္းဆိုခ်က္ကို လက္မခံႏိုင္ဘူးလို႔ သိရပါတယ္။ ဒီဘာလားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက ္(၃) ပြဲကစားထားျပီး အခုအခ်ိန္အထိေတာ့ ဂိုးသြင္းႏိုင္ျခင္းမရွိေသးပါဘူး။