ဗီနီစီယက် နဲ့ အစ္စကို ကို ဒီဘားလား နဲ့ လဲမလားလို့ ဂျူဗင်တပ်စ်အသင်းဆီ ကမ်းလှမ်းလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းဆီက အာဂျင်တီးနား လက်ရွေးစင်ကစားသမား ဒီဘားလားကို ခေါ်ယူရန်အတွက် အသင်းက ဗီနီစီယက် နဲ့ အစ္စကိုတို့ (၂) ယောက် နဲ့ အလဲအထပ်လုပ်ရန် ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ပါရာတီစီက အီတလီချန်ပီယံအသင်းဟာ ဒီဘားလားကို စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ ပြောခဲ့ပေမယ့် မကြာသေးခင်က တိုက်စစ်ကစားသမားကို ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကလည်း အသက် ၂၆ နှစ်အရွယ်ကစားသမားကို ဘာနေဗျူးဆီ ခေါ်ယူရန် ဆုံးဖြတ်ထားပေမယ့် အသင်းက အစ္စကို နဲ့ ဗီနီစီယက်တို့ကို အလိုက်ပေး လဲလှယ်သွားမယ်လို့လည်း သိရပါတယ်။အစ္စကိုဟာ ဒီရာသီမှာ အသင်းအတွက် ပုံမှန်ကစားခွင့် ပျောက်ဆုံးနေပြီး ဗီနီစီယက်ရဲ့ ကစားပုံကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ယခုတစ်ပတ် အစောပိုင်းမှာ ကစားခဲ့တဲ့ မိုချန်ဂလာဘတ် နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘင်ဇီမာ က ဘရာဇီးလူငယ်ကစားသမားရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ ဒီဘားလားကတော့ ဒီရာသီအစပိုင်းကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ဗီရိုနာအသင်းန့ ဲ (၁-၁) သရေကျခဲ့တဲ့ပွဲမှာ ပထမဆုံးပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ ပီယာလိုရဲ့ အသင်းနဲ့ ၂၀၂၂ ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဗီနီစီယက္ နဲ႔ အစၥကို ကို ဒီဘားလား နဲ႔ လဲမလားလို႔  ဂ်ဴဗင္တပ္စ္အသင္းဆီ ကမ္းလွမ္းလိုက္တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းဆီက အာဂ်င္တီးနား လက္ေရြးစင္ကစားသမား ဒီဘားလားကို ေခၚယူရန္အတြက္ အသင္းက ဗီနီစီယက္ နဲ႔ အစၥကိုတို႔ (၂) ေယာက္ နဲ႔ အလဲအထပ္လုပ္ရန္ ကမ္းလွမ္းလိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါရိုက္တာ ပါရာတီစီက အီတလီခ်န္ပီယံအသင္းဟာ ဒီဘားလားကို စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးေနတယ္လို႔ ေျပာခဲ့ေပမယ့္ မၾကာေသးခင္က  တိုက္စစ္ကစားသမားကို ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔က ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ ေကာလဟာလေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းကလည္း အသက္ ၂၆ ႏွစ္အရြယ္ကစားသမားကို ဘာေနဗ်ဴးဆီ ေခၚယူရန္ ဆံုးျဖတ္ထားေပမယ့္ အသင္းက အစၥကို နဲ႔ ဗီနီစီယက္တို႔ကို အလိုက္ေပး လဲလွယ္သြားမယ္လို႔လည္း သိရပါတယ္။အစၥကိုဟာ ဒီရာသီမွာ အသင္းအတြက္ ပံုမွန္ကစားခြင့္ ေပ်ာက္ဆံုးေနျပီး ဗီနီစီယက္ရဲ႕ ကစားပံုကလည္း ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။

ယခုတစ္ပတ္ အေစာပိုင္းမွာ ကစားခဲ့တဲ့ မိုခ်န္ဂလာဘတ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ဘင္ဇီမာ က ဘရာဇီးလူငယ္ကစားသမားရဲ႕ ကစားပံုနဲ႔ ပတ္သက္ျပီး ေ၀ဖန္ခဲ့ပါတယ္။ ဒီဘားလားကေတာ့ ဒီရာသီအစပိုင္းကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္ ျပီးခဲ့တဲ့အပတ္က ဗီရိုနာအသင္းန႔ ဲ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ ပထမဆံုးပါ၀င္ကစားခဲ့သူျဖစ္ပါတယ္။ တုိက္စစ္ကစားသမားဟာ ပီယာလိုရဲ႕ အသင္းနဲ႔ ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနပါေသးတယ္။