အနိုင် (၃) မှတ်မဟုတ်ပေမယ့် အနိုင်ရလိုက်သလိုပါပဲလို့ မိုချန်ဂလာဘတ်ကို သရေကျပြီးနောက် ပြောသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဟာဇက်

အင်္ဂါနေ့ညက မိုချန်ဂလာဘတ်ကို (၂-၂) သရေကျခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း၌ လူစားဝင်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံတိုက်စစ်ကစားသမား ဟာဇက်က အနောက်ကနေ လိုက်ကစားပြီး သရေကျခဲ့တာက အနိုင်ရလိုက်သလိုပါပဲလို့ ပြောသွားခဲ့ပါတယ်။ အဲ့ဒီပွဲက ဒီရာသီမှာ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားရဲ့ ပထမဆုံးပွဲဖြစ်ပါတယ်။

“ဒီသရေပွဲက (၃) မှတ်ရလိုက်သလိုပါပဲ။ ကျွန်တော်တို့ အကောင်းဆုံး ကစားခဲ့ပြီး နောက်ထပ် ဂိုးသွင်းခွင့် (၁) ကြိမ်တောင် ရခဲ့ပေမယ့် ကျွန်တော်အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။ ဂျာမနီကနေ သရေ နဲ့ ထွက်ခွာလာရပေမယ့် အနိုင်ရလိုက်သလိုပါပဲ” လို့ ဟာဇက်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဘောလုံးပြန်လည်ကစားနိုင်ချိန်မှာ ပုံမှန်စွမ်းဆောင်ချင်နေတယ်လို့ ပြောသွားခဲ့ပါသေးတယ်။ “ဘောလုံးကွင်းနဲ့ (၂) လ ၊ (၃) လ လောက်ဝေးပြီး ပြန်လာရတဲ့အခါ ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။ ကျွန်တော် ဘောလုံးပဲ ဆက်ကစားချင်နေပါတယ်။ ဒါကြောင့်ပဲ ဒီကို လာခဲ့တာပါ” လို့ ထပ်ပြီးပြောသွားခဲ့ပါတယ်။

အႏိုင္ (၃) မွတ္မဟုတ္ေပမယ့္ အႏိုင္ရလိုက္သလိုပါပဲလို႔ မိုခ်န္ဂလာဘတ္ကို သေရက်ျပီးေနာက္ ေျပာသြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား ဟာဇက္

အဂၤါေန႔ညက မိုခ်န္ဂလာဘတ္ကို (၂-၂) သေရက်ခဲ့တဲ့ပြဲမွာ ဒုတိယပိုင္း၌ လူစား၀င္ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္က အေနာက္ကေန လိုက္ကစားျပီး သေရက်ခဲ့တာက အႏိုင္ရလိုက္သလိုပါပဲလို႔ ေျပာသြားခဲ့ပါတယ္။ အဲ့ဒီပြဲက ဒီရာသီမွာ ဘယ္လ္ဂ်ီယံလက္ေရြးစင္ကစားသမားရဲ႕ ပထမဆံုးပြဲျဖစ္ပါတယ္။

“ဒီသေရပြဲက (၃) မွတ္ရလိုက္သလိုပါပဲ။ ကၽြန္ေတာ္တို႔ အေကာင္းဆံုး ကစားခဲ့ျပီး ေနာက္ထပ္ ဂိုးသြင္းခြင့္ (၁) ၾကိမ္ေတာင္ ရခဲ့ေပမယ့္ ကၽြန္ေတာ္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ပါတယ္။ ဂ်ာမနီကေန သေရ နဲ႔ ထြက္ခြာလာရေပမယ့္ အႏိုင္ရလိုက္သလိုပါပဲ” လို႔ ဟာဇက္က ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ေဘာလံုးျပန္လည္ကစားႏိုင္ခ်ိန္မွာ ပံုမွန္စြမ္းေဆာင္ခ်င္ေနတယ္လို႔ ေျပာသြားခဲ့ပါေသးတယ္။ “ေဘာလံုးကြင္းနဲ႔ (၂) လ ၊ (၃) လ ေလာက္ေ၀းျပီး ျပန္လာရတဲ့အခါ ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္ပါတယ္။ ကၽြန္ေတာ္ ေဘာလံုးပဲ ဆက္ကစားခ်င္ေနပါတယ္။ ဒါေၾကာင့္ပဲ ဒီကို လာခဲ့တာပါ” လို႔ ထပ္ျပီးေျပာသြားခဲ့ပါတယ္။