ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံးပုံစံကို ဂျူဗင်တပ်စ်အသင်းရင်ဆိုင်ရလိမ့်မယ်လို့ ဆိုလိုက်တဲ့ ကွင်းလယ်လူ ပီယာနစ်

ဘာစီလိုနာအသင်းအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲကို ကစားရမှာဖြစ်ပြီး ပီယာနစ်က သူအသင်းဟာ အိုးလေဒီအသင်းကို အကောင်းဆုံးရင်ဆိုင်သွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေမှာ ရှုံးပွဲမရှိသေးသော်လည်း (၃) ပွဲအထိ သရေကျခဲ့လို့ (၆) မှတ်လျော့နည်းခဲ့ရပြီး အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်က အေစီမီလန်အသင်းနဲ့ (၄) မှတ်ကွာဟနေတာဖြစ်ပါတယ်။

“ပီယာလိုရဲ့ အသင်းက အရမ်းကို တောင့်တင်းပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဒီပွဲကြောင့် ဘာစီလိုနာအသင်းက အကောင်းဆုံးစွမ်းဆောင်သွားမှာဖြစ်ပါတယ်။ သူတို့အသင်းက ဒဏ်ရာကြောင့် မပါဝင်နိုင်သူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ သူတို့တွေထဲက အချို့ နဲ့ ကျွန်တော်အတူတူ ပျော်ရွှင်စွာ ကစားခဲ့ဖူးပါတယ်။ အခုတော့ ဘာစီလိုနာမှာ ကစားရတာ ကျွန်တော့်အတွက် ပိုပျော်ရွှင်စေပါတယ်” လို့ ပီယာနစ်က ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။



