လိုင်ယွန်တိုက်စစ်မှူးဒီပေးအစား ပီအက်စ်ဗွီတိုက်စစ်ကစားသမား ဒွန်ယဲလ်မာလန်းကို မျက်စိကျလာတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ပီအက်စ်ဗွီတိုက်စစ်ကစားသမား ဒွန်ယဲလ်မာလန်းကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန် မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာနည်းပြ သစ်ရော်နယ်ကိုးမန်းရဲ့ ကာတလန်ဘီလူးအသင်းဟာ နွေရာသီအပြောင်းအရွှေ့တုန်းက လိုင်ယွန်တိုက်စစ်ကစားသမား ဒီပေးကို ခေါ်ယူရန် နီးစပ်ခဲ့ပေမယ့် မခေါ်နိုင်ခဲ့ပါဘူး။

ဒီပေးရဲ့ စာချုပ်သက်တမ်းက တစ်နှစ်တောင် ကျန်တော့တာမဟုတ်လို့ ဘာစီလိုနာအသင်းက ၂၀၂၁ နှစ်အစမှာပဲ နယ်သာလန်လက်ရွေးစင်ကို ပြန်လည်ခေါ်ယူရန် ကြိုးစားတေ့ာမယ်လို့ သိရပါတယ်။ သို့သော်လည်း စပိန်က ထွက်ပေါ်လာတဲ့ သတင်းများအရ စပိန်လာလီဂါ ကလပ်အသင်းဟာ လိုင်ယွန်အသင်းကသာ ဒီပေးကို မရောင်းချဘူးဆိုပါက တစ်နိုင်ငံတည်းသား ဟော်လန်ကစားသမား မာလန်းကို ပြောင်းလဲခေါ်ယူရန် သတ်မှတ်ထားတာဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်းကတော့ အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို မရောင်းချချင်ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ကို ဒီနှစ်မှာ လွဲချော်ခဲ့လို့ ရောင်းချရဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းကလည်း နောက်နွေရာသီမှာ ပြောင်းရွှေ့ကြေးမြင့်မြင့်မားမားနဲ့ ကမ်းလှမ်းရန် ဒီအခြေအနေတွေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

လိုင္ယြန္တိုက္စစ္မွဴးဒီေပးအစား ပီအက္စ္ဗြီတိုက္စစ္ကစားသမား ဒြန္ယဲလ္မာလန္းကို မ်က္စိက်လာတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ပီအက္စ္ဗြီတိုက္စစ္ကစားသမား ဒြန္ယဲလ္မာလန္းကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္ မ်က္စိက်ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘာစီလိုနာနည္းျပ သစ္ေရာ္နယ္ကိုးမန္းရဲ႕ ကာတလန္ဘီလူးအသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက လိုင္ယြန္တိုက္စစ္ကစားသမား ဒီေပးကို ေခၚယူရန္ နီးစပ္ခဲ့ေပမယ့္ မေခၚႏိုင္ခဲ့ပါဘူး။

ဒီေပးရဲ႕ စာခ်ဳပ္သက္တမ္းက တစ္ႏွစ္ေတာင္ က်န္ေတာ့တာမဟုတ္လို႔ ဘာစီလိုနာအသင္းက ၂၀၂၁ ႏွစ္အစမွာပဲ နယ္သာလန္လက္ေရြးစင္ကို ျပန္လည္ေခၚယူရန္ ၾကိဳးစားေတ့ာမယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း စပိန္က ထြက္ေပၚလာတဲ့ သတင္းမ်ားအရ စပိန္လာလီဂါ ကလပ္အသင္းဟာ လိုင္ယြန္အသင္းကသာ ဒီေပးကို မေရာင္းခ်ဘူးဆိုပါက တစ္ႏိုင္ငံတည္းသား ေဟာ္လန္ကစားသမား မာလန္းကို ေျပာင္းလဲေခၚယူရန္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ပီအက္စ္ဗြီအသင္းကေတာ့ အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားကို မေရာင္းခ်ခ်င္ေပမယ့္လည္း ခ်န္ပီယံလိဂ္၀င္ခြင့္ ကို ဒီႏွစ္မွာ လြဲေခ်ာ္ခဲ့လို႔ ေရာင္းခ်ရဖြယ္ရွိေနပါတယ္။ အာဆင္နယ္အသင္းကလည္း ေနာက္ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကးျမင့္ျမင့္မားမားနဲ႔ ကမ္းလွမ္းရန္ ဒီအေျခအေနေတြကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။