မနေ့ညကအတိုင်း နောက်ပွဲတွေ ဆက်ကစားမယ်ဆိုရင် ကျွန်တော်တို့ နောက်တစ်ဆင့်ကို အေးဆေးတက်နိုင်တယ်လို့ ပြောသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက မနေ့ညက မိုချန်ဂလက်ဘတ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲအတိုင်း နောက်ပွဲတွေ ဆက်ကစားသွားရင် နောက်တစ်ဆင့်ကို အေးဆေးတက်နိုင်တယ်လို့ ပြောသါားခဲ့ပါတယ်။ ဂျာမန်မြေမှာ ကစားခဲ့တဲ့ အုပ်စုအဆင့် ဒုတိယမြောက်ပွဲမှာ အိမ်ရှင်အသင်းဘက်က သူရမ်ရဲ့ ဦးဆောင်ဂိုး (၂) ဂိုးကို ရီးရဲလ်မက်ဒရစ်အသင်း နောက်ကနေ လိုက်ကစားခဲ့ရပြီး ဘင်ဇီမာ နဲ့ ကတ်စမဲရိုးတို့ရဲ့ ချေပဂိုးတွေကြောင့် ရှုံးပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

သို့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အုပ်စု ပထမဆုံးပွဲမှာ ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် (၃-၂) နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်လာမယ့် (၂) ပွဲမှာ အုပ်စုတွင်း အင်အားကြီးတဲ့ အင်တာမီလန် နဲ့ ကစားရမှာဖြစ်လို့ အရေးကြီးနေပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြ ကတော့ မိုချန်ဂလတ်ဘတ် နဲ့ ပွဲမှာ သူ့အသင်းက အကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းရဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

“ဒီရလဒ်က အသင်းရဲ့ စိတ်ဓတ်ကို သက်သေပြခဲ့တာပါ။ ကျွန်တော်တို့က သရေရလဒ်နဲ့ ထိုက်တန်ပြီး ဒီထက်တောင် ပိုရသင့်ပါတယ်။ အသင်းရဲ့ တုံ့ပြန်မှုကို ကျွန်တော်ကြိုက်ပါတယ်။ ဒါက အရေးအကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ကောင်းတာတွေ အများကြီးရှိပြီး လွယ်ကူတဲ့ ပွဲတွေတော့ မဟုတ်ပါဘူး။ တစ်ကယ်လို့ ဒီအတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကို တက်နိုင်မှာပါ” လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ပြောသွားခဲ့ပါတယ်။

မေန႔ညကအတိုင္း ေနာက္ပြဲေတြ ဆက္ကစားမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ေနာက္တစ္ဆင့္ကို ေအးေဆးတက္ႏိုင္တယ္လို႔ ေျပာသြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္း

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက မေန႔ညက မိုခ်န္ဂလက္ဘတ္အသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲအတိုင္း ေနာက္ပြဲေတြ ဆက္ကစားသြားရင္ ေနာက္တစ္ဆင့္ကို ေအးေဆးတက္ႏိုင္တယ္လုိ႔ ေျပာသါားခဲ့ပါတယ္။ ဂ်ာမန္ေျမမွာ ကစားခဲ့တဲ့ အုပ္စုအဆင့္ ဒုတိယေျမာက္ပြဲမွာ အိမ္ရွင္အသင္းဘက္က သူရမ္ရဲ႕ ဦးေဆာင္ဂိုး (၂) ဂိုးကို ရီးရဲလ္မက္ဒရစ္အသင္း ေနာက္ကေန လိုက္ကစားခဲ့ရျပီး ဘင္ဇီမာ နဲ႔ ကတ္စမဲရိုးတို႔ရဲ႕ ေခ်ပဂိုးေတြေၾကာင့္ ရႈံးပြဲနဲ႔ ေ၀းခဲ့ရတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ အုပ္စု ပထမဆံုးပြဲမွာ ရွက္တာဒိုးနက္ကို အိမ္ကြင္းမွာ အံ့အားသင့္ဖြယ္ (၃-၂) နဲ႔ ရႈံးနိမ့္ခဲ့ျပီး ေနာက္လာမယ့္ (၂) ပြဲမွာ အုပ္စုတြင္း အင္အားၾကီးတဲ့ အင္တာမီလန္ နဲ႔ ကစားရမွာျဖစ္လို႔ အေရးၾကီးေနပါတယ္။ ရီးရဲလ္မက္ဒရစ္နည္းျပ ကေတာ့ မိုခ်န္ဂလတ္ဘတ္ နဲ႔ ပြဲမွာ သူ႔အသင္းက အေကာင္းဆံုးကစားႏိုင္ခဲ့ျပီး အသင္းရဲ႕ ေနာက္ဆံုးအခ်ိန္အထိ တိုက္ပြဲ၀င္စိတ္ဓာတ္ကို ခ်ီးက်ဴးသြားခဲ့တာျဖစ္ပါတယ္။

“ဒီရလဒ္က အသင္းရဲ႕ စိတ္ဓတ္ကို သက္ေသျပခဲ့တာပါ။ ကၽြန္ေတာ္တို႔က သေရရလဒ္နဲ႔ ထိုက္တန္ျပီး ဒီထက္ေတာင္ ပိုရသင့္ပါတယ္။ အသင္းရဲ႕ တံု႔ျပန္မႈကို ကၽြန္ေတာ္ၾကိဳက္ပါတယ္။ ဒါက အေရးအၾကီးဆံုး အခ်က္ပဲ ျဖစ္ပါတယ္။ေကာင္းတာေတြ အမ်ားၾကီးရွိျပီး လြယ္ကူတဲ့ ပြဲေတြေတာ့ မဟုတ္ပါဘူး။  တစ္ကယ္လို႔ ဒီအတိုင္း ဆက္ကစားႏိုင္မယ္ဆိုရင္ ေနာက္တစ္ဆင့္ကို တက္ႏိုင္မွာပါ” လို႔ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက ေျပာသြားခဲ့ပါတယ္။