စာချုပ်သစ် သဘောတူညီမှု မရသေးတဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ရာမိုစ့်

ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေတဲ့ ရာမိုစ့်ရဲ့ အနာဂတ်ဟာ စာချုပ်သစ်အတွက် အခုအချိန်အထိ သဘောတူညီမှု မရသေးလို့ ဘာဆက်ဖြစ်လာမလဲ မသိသေးပါဘူး။ စနေနေ့က ဘာစီလိုနာအသင်းကို (၃-၁) နဲ့ နိုင်ခဲ့တဲ့ အယ်ကလပ်ဆီကိုပွဲမှာ အသင်းခေါင်းဆောင် ရာမိုစ့်က အသင်းအတွက် အရေးပါတဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းပေးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းက ဒီရာသီအကုန် ကုန်ဆုံးမှာဖြစ်လို့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နိုင်ငံခြားကလပ်အသင်းတစ်သင်းနဲ့ ဆွေးနွေးလို့ ရနေပါပြီ။

သို့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူ့ကို စာချုပ်သစ်ချုပ်ချင်နေပေမယ့် အသင်းရဲ့ မူဝါဒအရ အသက် ၃၀ ကျော် ကစားသမားတစ်ယောက်ကို တစ်နှစ်ပဲ ထပ်ချုပ်ချင်နေတာဖြစ်ပါတယ်။ ရာမိုစ့်ကတော့ (၂) နှစ်ချုပ်ရန် တောင်းဆိုထားတယ်လို့ AS သတင်းဌာနက အဆိုအရ သိရပါတယ်။ အသက် ၃၄ နှစ်ပြည့်ပြီဖြစ်တဲ့ ရာမိုစ့်ဟာ ဒီရာသီမှာ အသင်းအတွက် အဓိက ကစားသမား တစ်ယောက်ဖြစ်နေဆဲ ဖြစ်ပြီး (၆) ပွဲကစားထား သူဖြစ်ပါတယ်။

ရာမိုစ့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဒီနှစ်အစောပိုင်းကတည်းက အသင်းဥက္ကဌ ပီရက်ဇ်ကလည်း စပိန်ကြယ်ပွင့်က ဘယ်ကိုမှ သွားမှာ မဟုတ်ဘူးလို့ ဝန်ခံပြောသွားခဲ့ပါသေးတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာမိုစ့်တောင်းဆိုထားတဲ့ (၂) နှစ်စာချုပ်ကို ပေးရန် လက်တွန့်နေတာဖြစ်ပါတယ်။

စာခ်ဳပ္သစ္ သေဘာတူညီမႈ မရေသးတဲ့ ရီးရဲလ္မက္ဒရစ္ နဲ႔ ရာမိုစ့္

ရီးရဲလ္မက္ဒရစ္အသင္းမွာ ရွိေနတဲ့ ရာမုိစ့္ရဲ႕ အနာဂတ္ဟာ စာခ်ဳပ္သစ္အတြက္ အခုအခ်ိန္အထိ သေဘာတူညီမႈ မရေသးလို႔ ဘာဆက္ျဖစ္လာမလဲ မသိေသးပါဘူး။ စေနေန႔က ဘာစီလိုနာအသင္းကို (၃-၁) နဲ႔ ႏိုင္ခဲ့တဲ့ အယ္ကလပ္ဆီကိုပြဲမွာ အသင္းေခါင္းေဆာင္ ရာမိုစ့္က အသင္းအတြက္ အေရးပါတဲ့ ဒုတိယေျမာက္သြင္းဂိုးကို သြင္းေပးခဲ့သူျဖစ္ပါတယ္။ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက ဒီရာသီအကုန္ ကုန္ဆံုးမွာျဖစ္လို႔ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ႏိုင္ငံျခားကလပ္အသင္းတစ္သင္းနဲ႔ ေဆြးေႏြးလို႔ ရေနပါျပီ။

သို႔ေသာ္လည္း ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ခ်င္ေနေပမယ့္ အသင္းရဲ႕ မူ၀ါဒအရ အသက္ ၃၀ ေက်ာ္ ကစားသမားတစ္ေယာက္ကို တစ္ႏွစ္ပဲ ထပ္ခ်ဳပ္ခ်င္ေနတာျဖစ္ပါတယ္။ ရာမိုစ့္ကေတာ့ (၂) ႏွစ္ခ်ဳပ္ရန္ ေတာင္းဆိုထားတယ္လို႔ AS သတင္းဌာနက အဆိုအရ သိရပါတယ္။ အသက္ ၃၄ ႏွစ္ျပည့္ျပီျဖစ္တဲ့ ရာမုိစ့္ဟာ ဒီရာသီမွာ အသင္းအတြက္ အဓိက ကစားသမား တစ္ေယာက္ျဖစ္ေနဆဲ ျဖစ္ျပီး (၆) ပြဲကစားထား သူျဖစ္ပါတယ္။

ရာမိုစ့္ရဲ႕ အနာဂတ္နဲ႔ ပတ္သတ္ျပီး ဒီႏွစ္အေစာပိုင္းကတညး္က အသင္းဥကၠဌ ပီရက္ဇ္ကလည္း စပိန္ၾကယ္ပြင့္က ဘယ္ကိုမွ သြားမွာ မဟုတ္ဘူးလို႔ ၀န္ခံေျပာသြားခဲ့ပါေသးတယ္။ သို႔ေသာ္လည္း လက္ေတြ႕မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ရာမုိစ့္ေတာင္းဆိုထားတဲ့ (၂) ႏွစ္စာခ်ဳပ္ကို ေပးရန္ လက္တြန္႔ေနတာျဖစ္ပါတယ္။