ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းက ထွက်ခွာမှာ မဟုတ်တဲ့ ဂရစ်ဇ်မန်း

ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီမတိုင်မီ အက်သလက်တီကိုမက်ဒရစ်အသင်းဆီကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်းကို ရောက်ရှိလာတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ခြေစွမ်းပြရန် ရုန်းကန်နေရသူဖြစ်ပါတယ်။

ဒီရာသီမှာလည်း (၅) ပွဲကစားပြီးချိန်မှာ ဂရစ်ဇ်မန်းဟာ သွင်းဂိုးရော ဖန်တီးမှုပါ တစ်ကြိမ်မှ မလုပ်ထားနိုင်သေးတဲ့အပြင် စနေနေ့က ရီးရဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းမှာ (၃-၁) နဲ့ ရှုံးခဲ့တဲ့ပွဲမှာလည်း အရန်ခုံမှာထိုင်ခဲ့ရပါတယ်။

ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သူကို နည်းပြ ရော်နယ်ကိုးမန်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ သို့သော်လည်း ဘာစီလိုနာအသင်းက အသက် ၂၉ နှစ်အရွယ်ကစားသမားကို ရောင်းချရန် စိတ်ဝင်စားခြင်းမရှိဘူးလို့ Mund Deportivo သတင်းဌာနရ့ ဖော်ပြချက်အရ သိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းအတွက် (၅၃) ပွဲကစားထားပြီး (၁၅) ဂိုးသွင်းကာ (၄) ဂိုး ဖန်တီးပေးထားပါတယ်။

ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာအသင္းက ထြက္ခြာမွာ မဟုတ္တဲ့ ဂရစ္ဇ္မန္း

ဘာစီလိုနာအသင္းဟာ ဂရစ္ဇ္မန္းကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီမတိုင္မီ အက္သလက္တီကိုမက္ဒရစ္အသင္းဆီကေန ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ဘာစီလိုနာအသင္းကို ေရာက္ရွိလာတဲ့ ျပင္သစ္လက္ေရြးစင္ကစားသမားဟာ ေျခစြမ္းျပရန္ ရုန္းကန္ေနရသူျဖစ္ပါတယ္။

ဒီရာသီမွာလည္း (၅) ပြဲကစားျပီးခ်ိန္မွာ ဂရစ္ဇ္မန္းဟာ သြင္းဂိုးေရာ ဖန္တီးမႈပါ တစ္ၾကိမ္မွ မလုပ္ထားႏိုင္ေသးတဲ့အျပင္ စေနေန႔က ရီးရဲလ္မက္ဒရစ္အသင္းကို အိမ္ကြင္းမွာ (၃-၁) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာလည္း အရန္ခံုမွာထိုင္ခဲ့ရပါတယ္။

ျပင္သစ္အသင္းနဲ႔ ကမာၻ႕ဖလားဆြတ္ခူးႏိုင္ခဲ့သူကို နည္းျပ ေရာ္နယ္ကိုးမန္းက ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေရာင္းခ်ဖြယ္ရွိတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဘာစီလိုနာအသင္းက အသက္ ၂၉ ႏွစ္အရြယ္ကစားသမားကို ေရာင္းခ်ရန္ စိတ္၀င္စားျခင္းမရွိဘူးလို႔ Mund Deportivo သတင္းဌာနရ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဂရစ္ဇ္မန္းဟာ ဘာစီလိုနာအသင္းအတြက္ (၅၃) ပြဲကစားထားျပီး (၁၅) ဂိုးသြင္းကာ (၄) ဂိုး ဖန္တီးေပးထားပါတယ္။