ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် အယ်ကလပ်ဆီကိုပွဲမှာ စိတ်ထည့်ကစားပြီး ဘာစီလိုနာအသင်းအတွက် သက်သေပြရန် မက်ဆီကို တောင်းဆိုလိုက်တဲ့ ရီဗယ်ဒို

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမား ရီဗယ်ဒိုက စနေနေ့ (ဒီနေ့) ဘာစီလိုနာအသင်း နဲ့ ရီးရဲလ်မက်ဒရစ်အသင်း ပွဲမှာ မက်ဆီကို စိတ်နှစ်ကစားပေးရန် တောင်းဆိုလိုက်ပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းက ထွက်ခွာခွင့်မရခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ကစားခဲ့တဲ့ (၅) ပွဲမှာ (၂) ဂိုးသွင်းပြီး (၁) ဂိုးသာ ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

သို့သော်လည်း လာမယ့် အယ်ကလပ်ဆီကိုပွဲမှာ ရီဗယ်ဒိုက အသက် ၃၃ နှစ်အရွယ်ကစားသမား မက်ဆီကို စိတ်နှစ်ကစားပြီး အသင်းအတွက် သက်သေပြပေးရန် တောင်းဆိုလိုက်ပါတယ်။ ဘရာဇီးဂန္တဝင်ကစားသမားက “စနေနေ့ကစားမယ့် အယ်ကလပ်ဆီကိုပွဲက မက်ဆီဘာစီလိုနာအသင်းအတွက် ဘယ်လောက်ပေးဆပ်ထားသလဲဆိုတာကို သက်သေပြရမယ့် ပွဲဖြစ်တဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။

သူဟာ နွေရာသီမှာ ခက်ခဲခဲ့ပြီး ရာသီအစမှာလည်း ခြေစွမ်းသိပ်မပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် စနေနေ့ကစားမယ့် ပွဲမှာ သူဘယ်လောက်ကြိုးစားသလဲဆိုတာကို သက်သေပြရပါမယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရပြီးရရှိလာမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာက လက်ကျန်ရာသီအတွက် ခွန်အားတစ်ရပ်ဖြစ်ပါတယ်” လို့ Betfair ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ စပိန်လာလီဂါ အမှတ်ပေးဇယား အဆင့် (၁၀) မှာ ရပ်တည်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းထက် (၁) ပွဲလျော့ကစားထားပြီး (၃) မှတ်ကွာဟနေပါတယ်။

ရီးရဲလ္မက္ဒရစ္နဲ႔ ကစားမယ့္ အယ္ကလပ္ဆီကိုပြဲမွာ စိတ္ထည့္ကစားျပီး ဘာစီလိုနာအသင္းအတြက္ သက္ေသျပရန္ မက္ဆီကို ေတာင္းဆိုလိုက္တဲ့ ရီဗယ္ဒို

ဘာစီလိုနာအသင္းရဲ႕ ဂႏၱ၀င္ကစားသမား ရီဗယ္ဒိုက စေနေန႔ (ဒီေန႔) ဘာစီလုိနာအသင္း နဲ႔ ရီးရဲလ္မက္ဒရစ္အသင္း ပြဲမွာ မက္ဆီကို စိတ္ႏွစ္ကစားေပးရန္ ေတာင္းဆိုလိုက္ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသင္းက ထြက္ခြာခြင့္မရခဲ့တဲ့ မက္ဆီဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ကစားခဲ့တဲ့ (၅) ပြဲမွာ (၂) ဂိုးသြင္းျပီး (၁) ဂိုးသာ ဖန္တီးေပးထားႏိုင္သူျဖစ္ပါတယ္။

သို႔ေသာ္လည္း လာမယ့္ အယ္ကလပ္ဆီကိုပြဲမွာ ရီဗယ္ဒိုက အသက္ ၃၃ ႏွစ္အရြယ္ကစားသမား မက္ဆီကို စိတ္ႏွစ္ကစားျပီး အသင္းအတြက္ သက္ေသျပေပးရန္ ေတာင္းဆိုလိုက္ပါတယ္။ ဘရာဇီးဂႏၱ၀င္ကစားသမားက “စေနေန႔ကစားမယ့္ အယ္ကလပ္ဆီကိုပြဲက မက္ဆီဘာစီလိုနာအသင္းအတြက္ ဘယ္ေလာက္ေပးဆပ္ထားသလဲဆိုတာကို သက္ေသျပရမယ့္ ပြဲျဖစ္တဲ့ အေကာင္းဆံုးအခြင့္အေရးျဖစ္ပါတယ္။

သူဟာ ေႏြရာသီမွာ ခက္ခဲခဲ့ျပီး ရာသီအစမွာလည္း ေျခစြမ္းသိပ္မျပႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ စေနေန႔ကစားမယ့္ ပြဲမွာ သူဘယ္ေလာက္ၾကိဳးစားသလဲဆိုတာကို သက္ေသျပရပါမယ္။ ရီးရဲလ္မက္ဒရစ္အသင္းကို အႏိုင္ရျပီးရရွိလာမယ့္ စိတ္ဓာတ္ပိုင္းဆိုင္ရာက လက္က်န္ရာသီအတြက္ ခြန္အားတစ္ရပ္ျဖစ္ပါတယ္” လို႔ Betfair ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လက္ရွိမွာ စပိန္လာလီဂါ အမွတ္ေပးဇယား အဆင့္ (၁၀) မွာ ရပ္တည္ေနျပီး ရီးရဲလ္မက္ဒရစ္အသင္းထက္ (၁) ပြဲေလ်ာ့ကစားထားျပီး (၃) မွတ္ကြာဟေနပါတယ္။