ဂရစ်ဇ်မန်းနဲ့ ဘာပြဿနာမှ မရှိထားဘူးလို့ အယ်ကလပ်ဆီကိုပွဲမတိုင်မီ ပြောကြားလိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ဘာပြဿနာမှ မရှိထားဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စနေနေ့ကစားမယ့် အယ်ကလပ်ဆီကိုပွဲမတိုင်မီ ပြောသွားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ၂၀၁၉ ခုနှစ်တုန်းက ပေါင် ၁၀၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖာရန်ဗားရိုစ့်အသင်းကို (၅-၁) နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဂရစ်ဇ်မန်းကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။

“အခြားကစားသမားတွေလိုပဲ သူ့မှာ (ဂရစ်ဇ်မန်း) ပွဲထွက်ကစားမယ့် အခွင့်အရေးရှိပါတယ်။ပွဲတိုင်းတော့ ဒါကို ပြောနေရတာမကောင်းပါဘူး။ သူက အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အသင်းက ကစားသမားတိုင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို လိုချင်ပါတယ်။ အသင်းက အရေးပါတဲ့ အရာတွေကိုလုပ်နေတာဖြစ်ပြီး မနက်ဖြန်ပွဲအတွက် အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကိုပဲ ကျွန်တော်တို့က ရွေးချယ်ရမှာပါ” လို့ ဟော်လန်လူမျိုးနည်းပြက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက (၄၈) ပွဲကစားထားပြီး (၁၅) ဂိုးသွင်းခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ဒီရာသီကစားခဲ့တဲ့ စပိန်လာလီဂါ (၄) ပွဲမှာ တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ကြားရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲရဲ့ ပွဲထွက် လူစာရင်းမှာ ချန်ထားခြင်းခံခဲ့ရပါတယ်။

ဂရစ္ဇ္မန္းနဲ႔ ဘာျပႆနာမွ မရွိထားဘူးလို႔ အယ္ကလပ္ဆီကိုပြဲမတိုင္မီ ေျပာၾကားလိုက္တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက တိုက္စစ္မွဴး ဂရစ္ဇ္မန္းနဲ႔ ဘာျပႆနာမွ မရွိထားဘူးလို႔ ရီးရဲလ္မက္ဒရစ္အသင္းန႔ဲ စေနေန႔ကစားမယ့္ အယ္ကလပ္ဆီကိုပြဲမတိုင္မီ ေျပာသြားခဲ့ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းကေန ၂၀၁၉ ခုႏွစ္တုန္းက ေပါင္ ၁၀၈ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဂရစ္ဇ္မန္းဟာ ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ ဂိုးသြင္းယူႏိုင္ျခင္းမရွိေသးဘူးျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က ဖာရန္ဗားရိုစ့္အသင္းကို (၅-၁) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ ဂရစ္ဇ္မန္းကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားခဲ့ပါတယ္။

“အျခားကစားသမားေတြလိုပဲ သူ႔မွာ (ဂရစ္ဇ္မန္း) ပြဲထြက္ကစားမယ့္ အခြင့္အေရးရွိပါတယ္။ပြဲတိုင္းေတာ့ ဒါကို ေျပာေနရတာမေကာင္းပါဘူး။ သူက အသင္းရဲ႕ အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ အသင္းက ကစားသမားတိုင္းရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို လိုခ်င္ပါတယ္။ အသင္းက အေရးပါတဲ့ အရာေတြကိုလုပ္ေနတာျဖစ္ျပီး မနက္ျဖန္ပြဲအတြက္ အေကာင္းဆံုးဆိုတဲ့ ကစားသမားေတြကိုပဲ ကၽြန္ေတာ္တို႔က ေရြးခ်ယ္ရမွာပါ” လို႔ ေဟာ္လန္လူမ်ိဳးနည္းျပက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရာသီက (၄၈) ပြဲကစားထားျပီး (၁၅) ဂိုးသြင္းခဲ့တဲ့ ဂရစ္ဇ္မန္းဟာ ဒီရာသီကစားခဲ့တဲ့ စပိန္လာလီဂါ (၄) ပြဲမွာ တစ္ဂိုးမွ သြင္းယူႏိုင္ခဲ့ျခင္းမရွိပါဘူး။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ၾကားရက္က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲရဲ႕ ပြဲထြက္ လူစာရင္းမွာ ခ်န္ထားျခင္းခံခဲ့ရပါတယ္။