နောက်လာမယ့် (၄) ပွဲမှာ အဖြေပေါ်မယ့် ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းရဲ့ အနာဂတ်

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းအနေနဲ့ သူ့ရဲ့ နည်းပြအလုပ်ကို ကယ်တင်ရန်အတွက် (၄) ပွဲပဲ ကျန်ရှိတော့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသင်း ဂန္တဝင်ကစားသမားဟာ ၂၀၁၁-၁၂ ဘောလုံးရာသီပြီးနောက်ပိုင်း သူ့ရဲ့ ဒုတိယမြောက် အမှတ်ပေးဖလားကို ဆွတ်ခူးရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က တန်းတက်ကာဒစ်ဇ် အသင်းကို အိမ်ကွင်းမှာ (၁-ဝ) နဲ့ ရှုးံနိမ့်ခဲ့ရပြီး ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲမှာလည်း ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းမှာပဲ (၃-၂) နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။ ဒီ (၂) ပွဲဆက် ရှုံးပွဲကြောင့် ဒီတစ်ပတ် စနေနေ့မှာ ကစားမယ့် အယ်ကလပ်ဆီကိုပွဲမတိုင်မီ နည်းပြ ဇီဒန်းအပေါ် ဖိအားတွေ အရမ်းများသွားပြီး မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇီဒန်းရဲ့ အနာဂတ်ဟာ နောက်(၄) ပွဲမှာ အဖြေပေါ်မယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းနဲ့ ပွဲအပြီးမှာ နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ မိုချန်ဂလတ်ဘတ် နဲ့ အင်တာမီလန်အသင်းတို့ နဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာ ဟူးစကားအသင်းနဲ့လည်း ကစားရမှာဖြစ်ပါတယ်။ အသင်းဥက္ကဌ ပီရက်ဇ်ကတော့ အသင်းကို ချန်ပီယံလိဂ် (၃) ကြိမ် ရယူပေးခဲ့တဲ့ နည်းပြကို ထုတ်ပယ်ရန် မစဉ်းစားသေးပေမယ့် နောက် (၄) ပွဲမှာ ဆက်လက်ပြီး ရလဒ်တွေ ဆိုးရွားနေမယ်ဆိုရင်တော့ အပြောင်းအလဲ လုပ်နိုင်ဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြရာထူးအတွက် စပါးနည်းပြ ပိုချက်တီနို နဲ့ အသင်းရဲ့ ကစားသမားဟောင်း ရာအူးလ်တို့ကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ေနာက္လာမယ့္ (၄) ပြဲမွာ  အေျဖေပၚမယ့္ ရီးရဲလ္မက္ဒရစ္ နည္းျပ ဇီဒန္းရဲ႕ အနာဂတ္

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းအေနနဲ႔ သူ႔ရဲ႕ နည္းျပအလုပ္ကို ကယ္တင္ရန္အတြက္ (၄) ပြဲပဲ က်န္ရွိေတာ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသင္း ဂႏၱ၀င္ကစားသမားဟာ ၂၀၁၁-၁၂ ေဘာလံုးရာသီျပီးေနာက္ပိုင္း သူ႔ရဲ႕ ဒုတိယေျမာက္ အမွတ္ေပးဖလားကို ဆြတ္ခူးရယူႏိုင္ခဲ့ေပမယ့္ ျပီးခဲ့တဲ့အပတ္က တန္းတက္ကာဒစ္ဇ္ အသင္းကို အိမ္ကြင္းမွာ (၁-၀) နဲ႔ ရႈးံနိမ့္ခဲ့ရျပီး ေ၀ဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာလည္း ရွက္တာဒိုးနက္အသင္းကို အိမ္ကြင္းမွာပဲ (၃-၂) န႔ဲ ထပ္မံရႈံးနိမ့္ခဲ့ရပါတယ္။ ဒီ (၂) ပြဲဆက္ ရႈံးပြဲေၾကာင့္ ဒီတစ္ပတ္ စေနေန႔မွာ ကစားမယ့္ အယ္ကလပ္ဆီကိုပြဲမတိုင္မီ နည္းျပ ဇီဒန္းအေပၚ ဖိအားေတြ အရမ္းမ်ားသြားျပီး မာကာ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဇီဒန္းရဲ႕ အနာဂတ္ဟာ ေနာက္(၄) ပြဲမွာ အေျဖေပၚမယ္လို႔ သိရပါတယ္။

ဘာစီလုိနာအသင္းနဲ႔ ပြဲအျပီးမွာ နည္းျပ ဇီဒန္းရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းဟာ မိုခ်န္ဂလတ္ဘတ္ နဲ႔ အင္တာမီလန္အသင္းတုိ႔ နဲ႔ ကစားရမွာျဖစ္ျပီး အဲ့ဒီေနာက္မွာ ဟူးစကားအသင္းနဲ႔လည္း ကစားရမွာျဖစ္ပါတယ္။ အသင္းဥကၠဌ ပီရက္ဇ္ကေတာ့ အသင္းကို ခ်န္ပီယံလိဂ္ (၃) ၾကိမ္ ရယူေပးခဲ့တဲ့ နည္းျပကို ထုတ္ပယ္ရန္ မစဥ္းစားေသးေပမယ့္ ေနာက္ (၄) ပြဲမွာ ဆက္လက္ျပီး ရလဒ္ေတြ ဆိုးရြားေနမယ္ဆိုရင္ေတာ့ အေျပာင္းအလဲ လုပ္ႏိုင္ဖြယ္ရွိေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ နည္းျပရာထူးအတြက္ စပါးနည္းျပ ပိုခ်က္တီႏို နဲ႔ အသင္းရဲ႕ ကစားသမားေဟာင္း ရာအူးလ္တို႔ကို ရည္ရြယ္ထားတာ ျဖစ္ပါတယ္။