ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ရီးရဲလ်ရဲ့ အကောင်းဆုံးအသင်းကို Goal.com က ရွေးချယ်ပေးခဲ့


လက်ရှိမှာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ နှစ်ပွဲဆက် အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းကို Goal.com ကရွေးချယ်ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်ဟာ ချန်ပီယံ လိဂ်မှာ အောင်မြင်မှုအများဆုံးရထားတဲ့ အသင်းဖြစ်ပြီး ချန်ပီယံဆုကို ၁၃ ကြိမ်ရရှိထားသလို လက်ရှိနည်းပြ ဇီဒန်းအနေ နဲ့လည်း ၃ နှစ်ဆက်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။


Goal.com က ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာတော့ ကက်ဆီးလက်စ်က ဂိုးသမားနေရာမှာ ပါဝင်ခဲ့ပါတယ်။ အသင်း အတွက် ၁၈ နှစ်ကတည်းက ကစားခဲ့ပြီး ပွဲပေါင်း ၇၂၅ ပွဲကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။ ညာနောက်ခံလူ နေရာမှာတော့ လက်ရှိကစားသမားတစ်ဦးဖြစ်တဲ့ ကာဗာဂျယ်က ဆယ်ဂါဒိုကို ကျော်ပြီးရွေးချယ်ခံခဲ့ရပါတယ်။ ဗဟိုနောက်ခံလူတွေအဖြစ် က လက်ရှိအသင်းခေါင်းဆောင် ရာမို့စ်နဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဟီယာရိုတို့က ရွေးချယ်ခံရပြီး ဘယ် နောက်ခံလူနေရာမှာတော့ မာဆယ်လိုက ရော်ဘတ်တိုကားလို့စ်ကို ကျော်ဖြတ်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။


၄-၃-၃ ပုံစံနဲ့ ရွေးချယ်ခဲ့တာကြောင့် ကွင်းလယ်သုံးဦးမှာတော့ အဖျက်နေရာအတွက် ရွေးချယ်ခံခဲ့ရသူက အငြင်းပွားဖွယ် မရှိတဲ့ မက်ခီလီလီပဲ ဖြစ်ပါတယ်။ လက်ရှိနည်းပြ ဇီဒန်းကလည်း အကောင်းဆုံးအသင်းရဲ့ကွင်းလယ်လူ တစ်ဦးထဲမှာ ပါဝင် ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရခဲ့တဲ့ မိုဒရစ်က နောက်ဆုံးလက်ကျန်ကွင်းလယ်လူအဖြစ် ရွေးချယ်ခံခဲ့ရ တာ ဖြစ်ပါတယ်။


ရှေ့တန်း သုံးယောက်မှာတော့ အသင်းအတွက်ပွဲပေါင်း ၇၄၀ ကစားခဲ့ပြီး သွင်းဂိုး ၃၂၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂန္တဝင်ကစား သမား ရာအူးလ်နဲ့ လက်ရှိတိုက်စစ်မှူး ဘင်ဇီမာ၊ ကစားသမားဟောင်း စီရော်နယ်ဒိုတို့ ရွေးချယ်ခံခဲ့ရပါတယ်။ စီရော်နယ်ဒို ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်နဲ့ လေးကြိမ်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အရန်ကစားသမားအဖြစ် ရွေး ချယ်ခံခဲ့ရသူတွေကတော့ ဂိုးသမားနေရာအတွက် နာဗက်စ်၊ ဆယ်ဂါဒို၊ ဗာရန်း၊ရော်ဘတ်တိုကားလို့စ်၊ ရီဒွန်ဒို၊ဇာဗီအလွန် ဆို နဲ့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။

zawgyi version

ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ရီးရဲလ္ရဲ႕ အေကာင္းဆံုးအသင္းကို Goal.com က ေရြးခ်ယ္ေပးခဲ့
လက္ရွိမွာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ႏွစ္ပြဲဆက္ အိမ္ကြင္းမွာပဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေဝဖန္ခံေနရတဲ့ ရီးရဲလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုးအသင္းကို Goal.com ကေရြးခ်ယ္ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္ဟာ ခ်န္ပီယံ လိဂ္မွာ ေအာင္ျမင္မႈအမ်ားဆံုးရထားတဲ့ အသင္းျဖစ္ၿပီး ခ်န္ပီယံဆုကို ၁၃ ၾကိမ္ရရွိထားသလို လက္ရွိနည္းျပ ဇီဒန္းအေန နဲ႔လည္း ၃ ႏွစ္ဆက္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။
Goal.com က ေရြးခ်ယ္တဲ့ အေကာင္းဆံုးအသင္းမွာေတာ့ ကက္ဆီးလက္စ္က ဂိုးသမားေနရာမွာ ပါဝင္ခဲ့ပါတယ္။ အသင္း အတြက္ ၁၈ ႏွစ္ကတည္းက ကစားခဲ့ၿပီး ပြဲေပါင္း ၇၂၅ ပြဲကစားေပးခဲ့သူလည္း ျဖစ္ပါတယ္။ ညာေနာက္ခံလူ ေနရာမွာေတာ့ လက္ရွိကစားသမားတစ္ဦးျဖစ္တဲ့ ကာဗာဂ်ယ္က ဆယ္ဂါဒိုကို ေက်ာ္ၿပီးေရြးခ်ယ္ခံခဲ့ရပါတယ္။ ဗဟိုေနာက္ခံလူေတြအျဖစ္ က လက္ရွိအသင္းေခါင္းေဆာင္ ရာမို႔စ္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဟီယာရိုတို႔က ေရြးခ်ယ္ခံရၿပီး ဘယ္ ေနာက္ခံလူေနရာမွာေတာ့ မာဆယ္လိုက ေရာ္ဘတ္တိုကားလို႔စ္ကို ေက်ာ္ျဖတ္ၿပီး ေရြးခ်ယ္ခံခဲ့ရပါတယ္။
၄-၃-၃ ပံုစံနဲ႔ ေရြးခ်ယ္ခဲ့တာေၾကာင့္ ကြင္းလယ္သံုးဦးမွာေတာ့ အဖ်က္ေနရာအတြက္ ေရြးခ်ယ္ခံခဲ့ရသူက အျငင္းပြားဖြယ္ မရွိတဲ့ မက္ခီလီလီပဲ ျဖစ္ပါတယ္။ လက္ရွိနည္းျပ ဇီဒန္းကလည္း အေကာင္းဆံုးအသင္းရဲ႕ကြင္းလယ္လူ တစ္ဦးထဲမွာ ပါဝင္ ခဲ့ၿပီး ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ရခဲ့တဲ့ မိုဒရစ္က ေနာက္ဆံုးလက္က်န္ကြင္းလယ္လူအျဖစ္ ေရြးခ်ယ္ခံခဲ့ရ တာ ျဖစ္ပါတယ္။
ေရွ႕တန္း သံုးေယာက္မွာေတာ့ အသင္းအတြက္ပြဲေပါင္း ၇၄၀ ကစားခဲ့ၿပီး သြင္းဂိုး ၃၂၃ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဂႏၱဝင္ကစား သမား ရာအူးလ္နဲ႔ လက္ရွိတိုက္စစ္မွဴး ဘင္ဇီမာ၊ ကစားသမားေဟာင္း စီေရာ္နယ္ဒိုတို႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။ စီေရာ္နယ္ဒို ဟာ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ရီးရဲလ္နဲ႔ ေလးၾကိမ္ရရွိခဲ့တာပဲျဖစ္ပါတယ္။ အရန္ကစားသမားအျဖစ္ ေရြး ခ်ယ္ခံခဲ့ရသူေတြကေတာ့ ဂိုးသမားေနရာအတြက္ နာဗက္စ္၊ ဆယ္ဂါဒို၊ ဗာရန္း၊ေရာ္ဘတ္တိုကားလို႔စ္၊ ရီဒြန္ဒို၊ဇာဗီအလြန္ ဆို နဲ႔ ဘရာဇီးတိုက္စစ္မွဴး ေရာ္နယ္ဒိုပဲ ျဖစ္ပါတယ္။