အတ္တလန္တာ အသင်းက ကစားသမားတွေ အများဆုံး ပါဝင်ခဲ့တဲ့ ယခုတစ်ပတ် ချန်ပီယံလိဂ် အကောင်းဆုံးအသင်း

ချန်ပီယံလိဂ်အုပ်စုအဆင့် (၃၂) သင်းဟာ ယခုတစ်ပတ်မှာ ပြန်လည်စတင်ကစားခဲ့ပြီး အကောင်းဆုံး (၁၁) ယောက်အသင်း ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းကတော့ ပီအက်စ်ဂျီကို အဝေးကွင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် နိုင်ပွဲရရှိခဲ့ပြီး ပရီးမီးယားလိဂ်က လီဗာပူးလ်၊ မန်စီးတီး အသင်းတို့လည်း နိုင်ပွဲအသီးသီးရရှိခဲ့ပြီး ချဲလ်ဆီးကတော့ သရေကျခဲ့တာဖြစ်ပါတယ်။

အံ့အားသင့်စရာအကောင်းဆုံးပွဲရလဒ်ကတော့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ (၁၃) ကြိမ်မြောက် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ရှက်တာဒိုးနက်အသင်းကို ရှုံးခဲ့ပြီး လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကလည်း အက်သလက်တီကိုမက်ဒရစ်အသင်းကို (၄-ဝ) နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ အိမ်ကွင်းမှာ ဖာရန်ဗားရိုစ့်အသင်းကို (၅-၁) နဲ့ အနိုင်ရခဲ့ပြီး အတ္တလန္တာအသင်းကလည်း မစ်ဂျဲလ်လန်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းမှာ အတ္တလန္တာအသင်းက (၃) ယောက်အထိ အများဆုံး ပါဝင်ခဲ့ပြီး ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် အသင်းတို့ (၂) ယောက်စီ ပါဝင်ထားပါတယ်။ ကျန်ကစားသမားတွေကတော့ လိုက်ပ်ဇစ်၊ ဆဲလ်ဘတ် ၊ ရှက်တာဒိုးနက်၊ လီဗာပူးလ်အသင်းတို့က (၁) ယောက်စီ ပါဝင်ထားတာဖြစ်ပါတယ်။

အတၱလႏာၱ အသင္းက ကစားသမားေတြ အမ်ားဆံုး ပါ၀င္ခဲ့တဲ့ ယခုတစ္ပတ္ ခ်န္ပီယံလိဂ္ အေကာင္းဆံုးအသင္း

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ (၃၂) သင္းဟာ ယခုတစ္ပတ္မွာ ျပန္လည္စတင္ကစားခ့ဲျပီး အေကာင္းဆံုး (၁၁) ေယာက္အသင္း ထြက္ေပၚလာပါတယ္။ ယူႏိုက္တက္အသင္းကေတာ့ ပီအက္စ္ဂ်ီကို အေ၀းကြင္းမွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ႏိုင္ပြဲရရွိခဲ့ျပီး ပရီးမီးယားလိဂ္က လီဗာပူးလ္၊ မန္စီးတီး အသင္းတို႔လည္း ႏိုင္ပြဲအသီးသီးရရွိခဲ့ျပီး ခ်ဲလ္ဆီးကေတာ့ သေရက်ခဲ့တာျဖစ္ပါတယ္။

အံ့အားသင့္စရာအေကာင္းဆံုးပြဲရလဒ္ကေတာ့ အေအာင္ျမင္ဆံုးအသင္းျဖစ္တဲ့ (၁၃) ၾကိမ္ေျမာက္ ခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းဟာ အိမ္ကြင္းမွာ ရွက္တာဒိုးနက္အသင္းကို ရႈံးခဲ့ျပီး လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း အက္သလက္တီကိုမက္ဒရစ္အသင္းကို (၄-၀) နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။

ဘာစီလိုနာအသင္းကေတာ့ အိမ္ကြင္းမွာ ဖာရန္ဗားရိုစ့္အသင္းကို (၅-၁) နဲ႔ အႏိုင္ရခဲ့ျပီး အတၱလႏာၱအသင္းကလည္း မစ္ဂ်ဲလ္လန္အသင္းကို (၄-၀) နဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္အေကာင္းဆံုးအသင္းမွာ အတၱလႏာၱအသင္းက (၃) ေယာက္အထိ အမ်ားဆံုး ပါ၀င္ခဲ့ျပီး ဘာစီလိုနာ ၊ ဘိုင္ယန္ျမဴးနစ္ အသင္းတို႔ (၂) ေယာက္စီ ပါ၀င္ထားပါတယ္။ က်န္ကစားသမားေတြကေတာ့ လိုက္ပ္ဇစ္၊ ဆဲလ္ဘတ္ ၊ ရွက္တာဒိုးနက္၊ လီဗာပူးလ္အသင္းတို႔က (၁) ေယာက္စီ ပါ၀င္ထားတာျဖစ္ပါတယ္။