ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခြေစွမ်းက ချန်ပီယံလိဂ်နဲ့တောင် မထိုက်တန်ဘူးလို့ ဆိုလိုက်တဲ့ ကွင်းလယ်လူ မိုဒရစ်

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက မနေ့ညက ချန်ပီယံလိဂ်ပွဲမှာ ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့သူ့အသင်းက ယုံကြည်မှု ပျောက်ဆုံးနေတယ်လို့ ပြောဆိုခဲ့ပြီး မိုဒရစ်ကလည်း အလားတူ ပြောဆိုသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံတိုးတက်လာပြီး (၂) ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ (၃) ဂိုးပေးခဲ့ရတာကြောင့် ချန်ပီယံလိဂ် အုပ်စု ပထမဆုံးပွဲမှာပဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဂိုးသွင်းခဲ့တဲ့ မိုဒရစ်က ပွဲအပြီးမှာ စပိန်လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ခြေစွမ်းက ချန်ပီယံလိဂ်နဲ့တောင် မထိုက်တန်ဘူးလို့ သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ကစားသမားက “ပထမပိုင်းမှာ ကျွန်တော်တို့က ဒီပြိုင်ပွဲနဲ့တောင် မထိုက်တန်ခဲ့ပါဘူး။ သေချာတာကတော့ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေပါတယ်။ ဒီနေ့မှာ လုံး၀ ယုံကြည်မှု ပျောက်ဆုံးနေပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့ ဒါပေမယ့် ကျွန်တော်တို့ ဆက်ကြိုးစားဖို့ လိုပါတယ်။ ဖြစ်ပျက်ခဲ့တာတွေအပေါ် နောင်တရနေဖို့ဆိုပြီး အချိန်ဖြုန်းနေလို့ မရပါဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ရှုံးပွဲဟာ အဲ့ဒီမတိုင်ခင် (၄) ရက်တုန်းကလည်း လက်ရှိ စပိန်လာလီဂါချန်ပီယံအသင်းက အိမ်ကွင်းမှာ တန်းတက် ကာဒစ်ဇ်အသင်းကို ရှုံးခဲ့ပါသေးတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ စနေနေ့မှာ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းမှာ အယ်ကလက်ဆီကိုပွဲကို ကစားရဦးမှာ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေျခစြမ္းက ခ်န္ပီယံလိဂ္နဲ႔ေတာင္ မထိုက္တန္ဘူးလို႔ ဆိုလိုက္တဲ့ ကြင္းလယ္လူ မိုဒရစ္

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက မေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာ ရွက္တာဒိုးနက္အသင္းကို အိမ္ကြင္းမွာ ရႈံးခဲ့တဲ့သူ႔အသင္းက ယံုၾကည္မႈ ေပ်ာက္ဆံုးေနတယ္လို႔ ေျပာဆိုခဲ့ျပီး မိုဒရစ္ကလည္း အလားတူ ေျပာဆိုသြားခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ကစားပံုတိုးတက္လာျပီး (၂) ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ (၃) ဂိုးေပးခဲ့ရတာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စု ပထမဆံုးပြဲမွာပဲ ရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ဂိုးသြင္းခဲ့တဲ့ မိုဒရစ္က ပြဲအျပီးမွာ စပိန္လာလီဂါခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေျခစြမ္းက ခ်န္ပီယံလိဂ္နဲ႔ေတာင္ မထိုက္တန္ဘူးလို႔ သတင္းေထာက္မ်ားကို ေျပာသြားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ကစားသမားက “ပထမပိုင္းမွာ ကၽြန္ေတာ္တို႔က ဒီျပိဳင္ပြဲနဲ႔ေတာင္ မထိုက္တန္ခဲ့ပါဘူး။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ တိုးတက္ဖို႔ လိုအပ္ေနပါတယ္။ ဒီေန႔မွာ လံုး၀ ယံုၾကည္မႈ ေပ်ာက္ဆံုးေနပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဆက္ၾကိဳးစားဖို႔ လိုပါတယ္။ ျဖစ္ပ်က္ခဲ့တာေတြအေပၚ ေနာင္တရေနဖို႔ဆိုျပီး အခ်ိန္ျဖဳန္းေနလို႔ မရပါဘူး” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ ရႈံးပြဲဟာ အဲ့ဒီမတိုင္ခင္ (၄) ရက္တုန္းကလည္း လက္ရွိ စပိန္လာလီဂါခ်န္ပီယံအသင္းက အိမ္ကြင္းမွာ တန္းတက္ ကာဒစ္ဇ္အသင္းကို ရႈံးခဲ့ပါေသးတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ စေနေန႔မွာ ဘာစီလိုနာအသင္းရဲ႕ ႏူးကမ့္ကြင္းမွာ အယ္ကလက္ဆီကိုပြဲကို ကစားရဦးမွာ ျဖစ္ပါတယ္။