ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြဇီဒန်းနေရာမှာ ပိုချက်တီနို နဲ့ ရာအူးလ် ကို အစားထိုးခန့်အပ်ရန် မျက်စိကျနေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖိအားတွေအောက်ရောက်နေတဲ့ ဇီဒန်းကို ထုတ်ပယ်လိုက်ပါက ပိုချက်တီနို ဒါမှမဟုတ် ကစားသမားဟောင်း ရာအူးလ်ကို အစားထိုးခန့်အပ်ရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲမှာလည်း ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းမှာ (၃-၂) နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က တန်းတက် ကာဒစ်ဇ်အသင်းကို အိမ်ကွင်းမှာပဲ ရှုံးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲကိုလည်း တစ်နာရီကြာမှာ ရောက်လာတဲ့ ဇီဒန်းဟာ စနေနေ့မှာလည်း ဘာစီလိုနာအသင်းနဲ့ အယ်ကလပ်ဆီကိုပွဲကို ကစားရဦးမှာပါ။ AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ဟာ ပြင်သစ်လူမျိုးနဲ့ လမ်းခွဲဖြစ်ပါက ပိုချက်တီနို နဲ့ ရာအူးလ် (၂) ယောက်ထဲက (၁) ယောက်ကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ရာအူးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ (၁၆) နှစ်တာ ကစားခဲ့ပြီး ဆုဖလား (၁၆) ခု ရခဲ့ပြီး ပီရက်ဇ် အကြိုက်ဖြစ်ပါတယ်။

စပါးနည်းပြ ဟောင်း ပိုချက်တီနိုကတော့ ပြီးခဲ့တဲ့ နှစ်နိုဝင်ဘာလကတည်းက အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းမရှိသေးသူဖြစ်လို့ ဇီဒန်းနေရာမှာ အဆင်သင့် အစားထိုးဝင်ရောက်နိုင်နေပါတယ်။ သူဟာ စပါးအသင်းကို ၂၀၁၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့သော်လည်း နောက်ရာသီမှာ ရလဒ်တွေ ဆိုးရွားပြီး ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဖိအားေတြေအာက္ ေရာက္ေနတဲ့ နည္းျပဇီဒန္းေနရာမွာ ပိုခ်က္တီႏို နဲ႔ ရာအူးလ္ ကို အစားထိုးခန္႔အပ္ရန္ မ်က္စိက်ေနျပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဖိအားေတြေအာက္ေရာက္ေနတဲ့ ဇီဒန္းကို ထုတ္ပယ္လိုက္ပါက ပိုခ်က္တီႏို ဒါမွမဟုတ္ ကစားသမားေဟာင္း ရာအူးလ္ကို အစားထိုးခန္႔အပ္ရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာလည္း ရွက္တာဒိုးနက္အသင္းကို အိမ္ကြင္းမွာ (၃-၂) နဲ႔ ရႈံးနိမ့္ခဲ့ရတဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ျပီးခဲ့တဲ့အပတ္က တန္းတက္ ကာဒစ္ဇ္အသင္းကို အိမ္ကြင္းမွာပဲ ရႈံးခဲ့တာျဖစ္ပါတယ္။

ပြဲအျပီးသတင္းစာရွင္းလင္းပြဲကိုလည္း တစ္နာရီၾကာမွာ ေရာက္လာတဲ့ ဇီဒန္းဟာ စေနေန႔မွာလည္း ဘာစီလိုနာအသင္းနဲ႔ အယ္ကလပ္ဆီကိုပြဲကို ကစားရဦးမွာပါ။ AS သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္ဟာ ျပင္သစ္လူမ်ိဳးနဲ႔ လမ္းခြဲျဖစ္ပါက ပိုခ်က္တီႏို နဲ႔ ရာအူးလ္ (၂) ေယာက္ထဲက (၁) ေယာက္ကို ေခၚယူရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ရာအူးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ (၁၆) ႏွစ္တာ ကစားခဲ့ျပီး ဆုဖလား (၁၆) ခု ရခဲ့ျပီး ပီရက္ဇ္ အၾကိဳက္ျဖစ္ပါတယ္။

စပါးနည္းျပ ေဟာင္း ပိုခ်က္တီႏိုကေတာ့ ျပီးခ့ဲတ့ဲ ႏွစ္ႏို၀င္ဘာလကတည္းက အသင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရျပီးကတည္းက အသင္းမရွိေသးသူျဖစ္လို႔ ဇီဒန္းေနရာမွာ အဆင္သင့္ အစားထိုး၀င္ေရာက္ႏိုင္ေနပါတယ္။ သူဟာ စပါးအသင္းကို ၂၀၁၉ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗုိလ္လုပြဲကို ပို႔ေဆာင္ေပးခဲ့ေသာ္လည္း ေနာက္ရာသီမွာ ရလဒ္ေတြ ဆိုးရြားျပီး ထုတ္ပယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။