ကိုဗစ်-၁၉ ရောဂါပိုး ထပ်စစ်ဆေးတာ ထပ်တွေ့ခဲ့လို့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကို သေချာပေါက်လွဲချော်တော့မယ့် ရော်နယ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ နောက်တစ်ကြိမ် ကိုဗစ်-၁၉ ရောဂါပိုး ထပ်စစ်ဆေးရာမှာ ထပ်မံတွေ့ရှိခဲ့တာကြောင့် နောက်တစ်ပတ်မှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ ပေါ်တူဂီစူပါကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ်က ရောပါပိုးတွေ့ရှိခဲ့တာကြောင့် ပေါ်တူဂီအသင်းရဲ့ နေရှင်းလိဂ်ကစားမယ့်ပွဲတွေကိုလွဲချော်ခဲ့ပြီး စပိန်လာလီဂါအသင်းနဲ့ ကစားမယ့်ပွဲကို ကွာရာတင်းဝင်ရောက်ရမှာဖြစ်လို့ လွဲချော်မလားလို့ စိုးရိမ်နေပါတယ်။

သို့သော်လည်း ယခုအခါ အသက် ၃၅ နှစ်အရွယ်ကစားသမားဟာ နောက်တစ်ကြိမ် ရောပါပိုးတွေ့ရှိခဲ့တာကြောင့် ပရိသတ်တွေမျှော်လင့်နေတဲ့ ပြိုင်ဘက်ဟောင်း မက်ဆီနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲကို လွဲချော်ရတော့မယ်လို့ မာကာ သတင်းဌာနက အဆိုအရ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် နဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ နေအိမ်မှာ သီးသန့်လေ့ကျင့်ခန်းလုပ်နေပြီး ဗိုင်းရပ်စ်ကို ပျောက်ကင်းအောင်ကြိုးစားနေပေမယ့် အခုလိုထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင့်ရေးကိုတောင် လာရောက်နိုင်ခြင်းမရှိတဲ့ ရော်နယ်ဒိုဟာ မနေ့ကပဲ အိမ်မှာနေရတဲ့အချိန်အတွင်း ကတုံးဆံပင်ပုံစံအသစ်ကို ပြောင်းလဲလိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။

ကိုဗစ္-၁၉ ေရာဂါပိုး ထပ္စစ္ေဆးတာ ထပ္ေတြ႕ခဲ့လို႔ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ေသခ်ာေပါက္လြဲေခ်ာ္ေတာ့မယ့္ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ ေနာက္တစ္ၾကိမ္ ကိုဗစ္-၁၉ ေရာဂါပိုး ထပ္စစ္ေဆးရာမွာ ထပ္မံေတြ႕ရွိခဲ့တာေၾကာင့္ ေနာက္တစ္ပတ္မွာ ကစားမယ့္ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။ ေပၚတူဂီစူပါၾကယ္ပြင့္ဟာ ျပီးခဲ့တဲ့အပတ္က ေရာပါပိုးေတြ႕ရွိခဲ့တာေၾကာင့္ ေပၚတူဂီအသင္းရဲ႕ ေနရွင္းလိဂ္ကစားမယ့္ပြဲေတြကိုလြဲေခ်ာ္ခဲ့ျပီး စပိန္လာလီဂါအသင္းနဲ႔ ကစားမယ့္ပြဲကို ကြာရာတင္း၀င္ေရာက္ရမွာျဖစ္လုိ႔ လြဲေခ်ာ္မလားလို႔ စိုးရိမ္ေနပါတယ္။

သို႔ေသာ္လည္း ယခုအခါ အသက္ ၃၅ ႏွစ္အရြယ္ကစားသမားဟာ ေနာက္တစ္ၾကိမ္ ေရာပါပိုးေတြ႕ရွိခဲ့တာေၾကာင့္ ပရိသတ္ေတြေမွ်ာ္လင့္ေနတ့ဲ ျပိဳင္ဘက္ေဟာင္း မက္ဆီနဲ႔ ျပန္လည္ရင္ဆိုင္ရမယ့္ပြဲကို လြဲေခ်ာ္ရေတာ့မယ္လို႔ မာကာ သတင္းဌာနက အဆိုအရ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ နဲ႔ ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ ေနအိမ္မွာ သီးသန္႔ေလ့က်င့္ခန္းလုပ္ေနျပီး ဗိုင္းရပ္စ္ကို ေပ်ာက္ကင္းေအာင္ၾကိဳးစားေနေပမယ့္ အခုလိုထပ္မံေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေလ့က်င့္ေရးကိုေတာင္ လာေရာက္ႏိုင္ျခင္းမရွိတဲ့ ေရာ္နယ္ဒိုဟာ မေန႔ကပဲ အိမ္မွာေနရတဲ့အခ်ိန္အတြင္း ကတံုးဆံပင္ပံုစံအသစ္ကို ေျပာင္းလဲလိုက္တာကို ျမင္ေတြ႔ခဲ့ရပါတယ္။