အန်ဆုဖာတီက လေးစားမှုနဲ့ ထိုက်တန်တဲ့သူမျိုးလို့ တွစ်တာမှာ ပို့စ်တင်ခဲ့တဲ့ ဂရစ်ဇ်မန်း


ဘာစီလိုနာအသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ အန်ဆုဖာတီနဲ့ ဂရစ်ဇ်မန်းတို့ဟာ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ် မရှိတော့တာကြောင့် အသင်းရဲ့တိုက်စစ်မှာ မက်ဆီနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရလာကြပါတယ်။ လူငယ်တိုက်စစ်မှူး အန်ဆု ဖာတီဆိုရင် ဒီရာသီမှာ ခြေစွမ်းပြနိုင်တာကြောင့် အားလုံးရဲ့စိတ်ဝင်စားခြင်းကို ခံနေရပြီး ဘာစီလိုနာရဲ့ အနာဂတ်မက်ဆီ လို့တောင် နှိုင်းယှဉ်ခံရတဲ့ အနေအထားမျိုးတွေဖြစ်နေပါတယ်။


စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ ABC ရဲ့ ဖော်ပြချက်အရတော့ အသက် ၁၇ နှစ်သာရှိသေးတဲ့ အန်ဆုဖာတီအနေနဲ့ လူမျိုး ရေးခွဲခြားမှုတွေ ကြုံတွေခဲ့ရတယ်လို့ သိရပါတယ်။ အန်ဆုဖာတီကို မကြိုက်တဲ့ပရိသတ်အချို့က သူရဲ့ပြေးလွှားနေရတာကို ကြည့်ရတာ လမ်းပေါ်မှာဈေးရောင်းနေပြီး ရဲရောက်လာလို့ ထွက်ပြေးရတဲ့သူနဲ့ တူနေတယ်လို့ ရေးသားခဲ့ကြတယ်ဆိုပြီး သတင်းထောက်တွေက ဖော်ပြခဲ့ပါတယ်။


ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက်မှာ ဘာစီလိုနာတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းကတော့ လူငယ်ကစားသမား အန်ဆုဖာတီအနေနဲ့ လေးစားမှုနဲ့ ထိုက်တန်တဲ့သူတစ်ဦးဖြစ်တယ်လို့ ပြောခဲ့ပြီး သူကို လူမျိုးရေးခွဲခြားတာမျိုးတွေ၊ သူစိတ် ကို ဒဏ်ရာဖြစ်စေမယ့်အရာတွေကို အချို့ပရိသတ်တွေအနေနဲ့ မပြုလုပ်ဖို့အတွက် တောင်းဆိုချင်ပါတယ်ဆိုပြီး တွစ်တာမှာ ပို့စ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

အန္ဆုဖာတီက ေလးစားမႈနဲ႔ ထုိက္တန္တဲ့သူမ်ိဳးလို႔ တြစ္တာမွာ ပို႔စ္တင္ခဲ့တဲ့ ဂရစ္ဇ္မန္း
ဘာစီလိုနာအသင္းတိုက္စစ္မွဴးေတြျဖစ္တဲ့ အန္ဆုဖာတီနဲ႔ ဂရစ္ဇ္မန္းတို႔ဟာ အဓိကတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ မရွိေတာ့တာေၾကာင့္ အသင္းရဲ႕တိုက္စစ္မွာ မက္ဆီနဲ႔အတူ ပံုမွန္ပြဲထြက္ခြင့္ရလာၾကပါတယ္။ လူငယ္တိုက္စစ္မွဴး အန္ဆု ဖာတီဆိုရင္ ဒီရာသီမွာ ေျခစြမ္းျပႏိုင္တာေၾကာင့္ အားလံုးရဲ႕စိတ္ဝင္စားျခင္းကို ခံေနရၿပီး ဘာစီလိုနာရဲ႕ အနာဂတ္မက္ဆီ လို႔ေတာင္ ႏႈိင္းယွဥ္ခံရတဲ့ အေနအထားမ်ိဳးေတြျဖစ္ေနပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ ABC ရဲ႕ ေဖာ္ျပခ်က္အရေတာ့ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ အန္ဆုဖာတီအေနနဲ႔ လူမ်ိဳး ေရးခြဲျခားမႈေတြ ၾကံဳေတြခဲ့ရတယ္လို႔ သိရပါတယ္။ အန္ဆုဖာတီကို မၾကိဳက္တဲ့ပရိသတ္အခ်ိဳ႕က သူရဲ႕ေျပးလႊားေနရတာကို ၾကည့္ရတာ လမ္းေပၚမွာေစ်းေရာင္းေနၿပီး ရဲေရာက္လာလို႔ ထြက္ေျပးရတဲ့သူနဲ႔ တူေနတယ္လို႔ ေရးသားခဲ့ၾကတယ္ဆိုၿပီး သတင္းေထာက္ေတြက ေဖာ္ျပခဲ့ပါတယ္။
ဒီလိုသတင္းေတြထြက္ေပၚလာၿပီးေနာက္မွာ ဘာစီလိုနာတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဂရစ္ဇ္မန္းကေတာ့ လူငယ္ကစားသမား အန္ဆုဖာတီအေနနဲ႔ ေလးစားမႈနဲ႔ ထိုက္တန္တဲ့သူတစ္ဦးျဖစ္တယ္လို႔ ေျပာခဲ့ၿပီး သူကို လူမ်ိဳးေရးခြဲျခားတာမ်ိဳးေတြ၊ သူစိတ္ ကို ဒဏ္ရာျဖစ္ေစမယ့္အရာေတြကို အခ်ိဳ႕ပရိသတ္ေတြအေနနဲ႔ မျပဳလုပ္ဖို႔အတြက္ ေတာင္းဆိုခ်င္ပါတယ္ဆိုၿပီး တြစ္တာမွာ ပို႔စ္တင္ခဲ့တာပဲ ျဖစ္ပါတယ္။