မက်ဆီနေရာမှာ အစားထိုးရန် အမ်ဘာပေ ကို မျက်စိကျနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မက်ဆီနေရာမှာ အစားထိုးရန်အတွက် ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာပြီဖြစ်ပါတယ်။ မက်ဆီရဲ့ စပိန်လာလီဂါ အသင်းနဲ့ စာချုပ်သက်တမ်းက ဒီရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒီနွေရာသီတုန်းကလည်း အသင်းက ထွက်ခွာရန် တောင်းဆိုထားပါသေးတယ်။

ဘောလွန်းဒီအောဆု (၆) ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ဘုတ်အဖွဲ့ဝင်တွေကို ဝေဖန်ခဲ့ပြီး စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့လည်း ပြောထားသူဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူရန် မန်စီးတီးအသင်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ မက်ဆီနေရာမှာ အစားထိုးရန်အတွက် အမ်ဘာပေကို သတ်မှတ်ထားပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားကလည်း ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ရည်ရွယ်ချက်မရှိဘူးလို့ သိရပါတယ်။

ဒါ့ကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို နောက်နွေရာသီမှာ ရောင်းချရမှာဖြစ်ပြီး သူ့ရဲ့ တန်ကြေးက ပေါင် ၁၈၂.၉ သန်းဖြစ်နိုင်ဖွယ်ရှိနေလို့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ ဘာစီလိုနာအသင်းအတွက်တော့ အခက်အခဲဖြစ်ဖွယ်ရှိနိုင်ပါတယ်။

အခြားသောသတင်းများက ဖော်ပြချက်အရ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားကို ပေါင် ၉၁ သန်းနဲ့ ခေါ်ယူလို့ ရနိုင်မယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ၊ လီဗာပူးလ် နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း အမ်ဘာပေးကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၂၈ ပွဲကစားထားပြီး (၉၄) ဂိုးသွင်းကာ (၅၅) ဂိုးဖန်တီးပေးထားပါတယ်။

မက္ဆီေနရာမွာ အစားထိုးရန္ အမ္ဘာေပ ကို မ်က္စိက်ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ မက္ဆီေနရာမွာ အစားထိုးရန္အတြက္ ပီအက္စ္ဂ်ီတုိက္စစ္ကစားသမား အမ္ဘာေပကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ အသင္းေတြထဲ ပါ၀င္လာျပီျဖစ္ပါတယ္။ မက္ဆီရဲ႕ စပိန္လာလီဂါ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ဒီရာသီမွာ ကုန္ဆံုးမွာ ျဖစ္ျပီး ဒီေႏြရာသီတုန္းကလည္း အသင္းက ထြက္ခြာရန္ ေတာင္းဆိုထားပါေသးတယ္။

ေဘာလြန္းဒီေအာဆု (၆) ၾကိမ္ရရွိထားတဲ့ မက္ဆီဟာ ဘုတ္အဖြဲ႔၀င္ေတြကို ေ၀ဖန္ခဲ့ျပီး စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္ဘူးလို႔လည္း ေျပာထားသူျဖစ္ပါတယ္။ မက္ဆီကို ေခၚယူရန္ မန္စီးတီးအသင္းက ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။ မာကာ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ မက္ဆီေနရာမွာ အစားထိုးရန္အတြက္ အမ္ဘာေပကို သတ္မွတ္ထားျပီး အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကလည္း ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၂ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္ျပီး စာခ်ဳပ္သက္တမ္းတိုးရန္ ရည္ရြယ္ခ်က္မရွိဘူးလို႔ သိရပါတယ္။

ဒါ့ေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပကို ေနာက္ေႏြရာသီမွာ ေရာင္းခ်ရမွာျဖစ္ျပီး သူ႔ရဲ႕ တန္ေၾကးက ေပါင္ ၁၈၂.၉ သန္းျဖစ္ႏိုင္ဖြယ္ရွိေနလို႔ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါအလြန္ ဘ႑ာေရးအက်ပ္အတည္းျဖစ္ေနတဲ့ ဘာစီလိုနာအသင္းအတြက္ေတာ့ အခက္အခဲျဖစ္ဖြယ္ရွိႏိုင္ပါတယ္။

အျခားေသာသတင္းမ်ားက ေဖာ္ျပခ်က္အရ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ကမာၻ႕ဖလားကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ကစားသမားကို ေပါင္ ၉၁ သန္းနဲ႔ ေခၚယူလို႔ ရႏိုင္မယ္လို႔ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္ ၊ လီဗာပူးလ္ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ကလည္း အမ္ဘာေပးကို ေခၚယူရန္ စိတ္၀င္စားေနတဲ့ အသင္းေတြ ျဖစ္ပါတယ္။ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ၁၂၈ ပြဲကစားထားျပီး (၉၄) ဂိုးသြင္းကာ (၅၅) ဂိုးဖန္တီးေပးထားပါတယ္။