ပီကေးလ်ရဲ့ အနီကတ်က အရမ်းကို ပြင်းထန်တယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

မနေ့ညက ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာအသင်းဟာ ဖာရန်ဗားရိုစ့်အသင်းကို (၅-၁) နဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပီကေးတိုက်ရိုက်အနီကတ်အပြခံခဲ့ရပြီး ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက် အပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကတော့ သဘောတူညီမှု မရှိဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဟာ ပင်နယ်တီပေးခဲ့တာ နဲ့ တစ်ယောက်အထုတ်ခံခဲ့ရတာက အရမ်းကို များလွန်းတယ်လို့ ယုံကြည်ထားပါတယ်။ “အနီကတ် က အရမ်းကို ပြင်းထန်တဲ့ အပြစ်ဒဏ်ပါ။ ပင်နယ်တီရော အနီကတ်ပါဆိုတော့ ပိုများသွားပါတယ်။ ဒါပေမယ့် အသင်းက တစ်ယောက်လျော့နေချိန်မှာတောင် ကစားပုံကောင်းခဲ့တာကို ချီးကျူးရပါမယ်” လို့ ဟော်လန်လူမျိုး နည်းပြကြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

ပီကေးရဲ့ အနီကတ်ကြောင့် အုပ်စု ဒုတိယပွဲမှာ ဂျူဗင်တပ်စ်အသင်းနဲ့ တူရင်ကို သွားရောက်ကစားမယ့်ပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ သို့သော်လည်း ရော်နယ်ကိုးမန်းကတော့ အစားထိုးမယ့် ကစားသမား အာရူဂျို ရှိတဲ့အတွက် ယုံကြည်ချက်ရှိနေပါတယ်။

ပီေကးလ္ရဲ႕ အနီကတ္က အရမ္းကို ျပင္းထန္တယ္လို႔ ဆိုလိုက္တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

မေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာ ဘာစီလိုနာအသင္းဟာ ဖာရန္ဗားရိုစ့္အသင္းကို (၅-၁) နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ပီေကးတိုက္ရိုက္အနီကတ္အျပခံခဲ့ရျပီး ပင္နယ္တီ ေပးခဲ့ရပါတယ္။ အဲ့ဒီဆံုးျဖတ္ခ်က္ အျပစ္ဒဏ္နဲ႔ ပတ္သက္ျပီး ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းကေတာ့ သေဘာတူညီမႈ မရွိဘူးလို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပဟာ ပင္နယ္တီေပးခဲ့တာ နဲ႔ တစ္ေယာက္အထုတ္ခံခဲ့ရတာက အရမး္ကို မ်ားလြန္းတယ္လို႔ ယံုၾကည္ထားပါတယ္။ “အနီကတ္ က အရမး္ကို ျပင္းထန္တဲ့ အျပစ္ဒဏ္ပါ။ ပင္နယ္တီေရာ အနီကတ္ပါဆိုေတာ့ ပိုမ်ားသြားပါတယ္။ ဒါေပမယ့္ အသင္းက တစ္ေယာက္ေလ်ာ့ေနခ်ိန္မွာေတာင္ ကစားပံုေကာင္းခဲ့တာကို ခ်ီးက်ဴးရပါမယ္” လို႔ ေဟာ္လန္လူမ်ိဳး နည္းျပၾကီး ေျပာသြားခဲ့တာျဖစ္ပါတယ္။

ပီေကးရဲ႕ အနီကတ္ေၾကာင့္ အုပ္စု ဒုတိယပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ တူရင္ကို သြားေရာက္ကစားမယ့္ပြဲကို လြဲေခ်ာ္ရမွာျဖစ္ပါတယ္။ သို႔ေသာ္လည္း ေရာ္နယ္ကိုးမန္းကေတာ့ အစားထိုးမယ့္ ကစားသမား အာရူဂ်ိဳ ရွိတဲ့အတြက္ ယံုၾကည္ခ်က္ရွိေနပါတယ္။