အဓိက,ကစားသမား ၄ဦးကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီလို့ အတည်ပြုသတင်းတွေထုတ်ပြန်ခဲ့တဲ့ ဘာစီလိုနာ


နွေရာသီအပြောင်းအရွှေ့မှာ သတင်းတွေမျိုးစုံထွက်ခဲ့ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘာစီလိုနာဟာ နည်းပြသစ် ရော် နယ်ကိုးမန်းရဲ့လက်အောက်မှာလည်း ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အသင်းရဲ့မတည်ငြိမ်မှုတွေကြောင့်ရလဒ် ပိုင်း ဆိုးရွားမှုတွေဖြစ်နေပေမယ့် လက်ရှိအချိန်မှာတော့ အသင်းတာဝန်ရှိသူတွေဟာ အဓိက,ကစားသမား ၄ဦးကို စာချုပ် သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ အတည်ပြုသတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။


ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှုရရှိခဲ့တဲ့ ကစားသမားတွေကတော့ ဂိုးသမားတာစတီဂန်၊ ဝါ ရင့်နောက်ခံလူ ပီကေးနဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ လန်ဂျီလက်၊ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်တို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါနှစ်ပွဲဆက်မှာ ဘာစီလိုနာအနေနဲ့ နိုင်ပွဲပျောက်ထားခဲ့တယ်ဆိုပေမယ့် ချန်ပီယံလိဂ်အဖွင့်ပွဲ စဉ်မှာတော့ ဖာရန်ဗာရော့စ်အသင်းကို ငါးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။


စာချုပ်သစ်ချုပ်ဆိုလိုက်မှုတွေကြောင့် ဘာစီလိုနာအသင်းမှာ ပီကေးက ၂၀၂၄ ခုနှစ်ဘောလုံးရာသီအကုန် ၊ တာစတီဂန်က ၂၀၂၅ ဘောလုံးရာသီအကုန်၊ လန်ဂျီလက်က ၂၀၂၆ ဘောလုံးရာသီအကုန် နဲ့ ဒီဂျောင်က ၂၀၂၆ ဘောလုံးရာသီအကုန်ထိ ရှိနေကြဖြစ်ပါတယ်။ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကတော့ စာချုပ်သစ်တွေမှာ ကစားသမားတွေရဲ့ စာချုပ်ပါလျော် ကြေးတွေကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

 

zawgyi version

အဓိက,ကစားသမား ၄ဦးကို စာခ်ဳပ္သက္တမ္း တိုးႏိုင္ခဲ့ၿပီလို႔ အတည္ျပဳသတင္းေတြထုတ္ျပန္ခဲ့တဲ့ ဘာစီလိုနာ
ေႏြရာသီအေျပာင္းအေရႊ႕မွာ သတင္းေတြမ်ိဳးစံုထြက္ခဲ့ၿပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဘာစီလိုနာဟာ နည္းျပသစ္ ေရာ္ နယ္ကိုးမန္းရဲ႕လက္ေအာက္မွာလည္း ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနရဆဲျဖစ္ပါတယ္။ အသင္းရဲ႕မတည္ျငိမ္မႈေတြေၾကာင့္ရလဒ္ ပိုင္း ဆိုးရြားမႈေတြျဖစ္ေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အသင္းတာဝန္ရွိသူေတြဟာ အဓိက,ကစားသမား ၄ဦးကို စာခ်ဳပ္ သစ္ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ အတည္ျပဳသတင္းေတြ ထုတ္ျပန္ခဲ့ပါတယ္။
ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့တဲ့ ကစားသမားေတြကေတာ့ ဂိုးသမားတာစတီဂန္၊ ဝါ ရင့္ေနာက္ခံလူ ပီေကးနဲ႔ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ လန္ဂ်ီလက္၊ ကြင္းလယ္ကစားသမား ဖရန္ကီဒီေဂ်ာင္တုိ႔ပဲ ျဖစ္ပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့ လာလီဂါႏွစ္ပြဲဆက္မွာ ဘာစီလိုနာအေနနဲ႔ ႏိုင္ပြဲေပ်ာက္ထားခဲ့တယ္ဆိုေပမယ့္ ခ်န္ပီယံလိဂ္အဖြင့္ပြဲ စဥ္မွာေတာ့ ဖာရန္ဗာေရာ့စ္အသင္းကို ငါးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။
စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္မႈေတြေၾကာင့္ ဘာစီလိုနာအသင္းမွာ ပီေကးက ၂၀၂၄ ခုႏွစ္ေဘာလံုးရာသီအကုန္ ၊ တာစတီဂန္က ၂၀၂၅ ေဘာလံုးရာသီအကုန္၊ လန္ဂ်ီလက္က ၂၀၂၆ ေဘာလံုးရာသီအကုန္ နဲ႔ ဒီေဂ်ာင္က ၂၀၂၆ ေဘာလံုးရာသီအကုန္ထိ ရွိေနၾကျဖစ္ပါတယ္။ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြကေတာ့ စာခ်ဳပ္သစ္ေတြမွာ ကစားသမားေတြရဲ႕ စာခ်ဳပ္ပါေလ်ာ္ ေၾကးေတြကို ထည့္သြင္းခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။