မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဘာစီလိုနာပစ်မှတ် အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် လော်တရိုမာတီနက်ဇ် ပြောဆို

မက်ဆီက နောက်တစ်ဆင့်မှာ ရှိနေတဲ့ ကစားသမားဖြစ်တယ်လို့ ဘာစီလိုနာပစ်မှတ် အာဂျင်တီးနား လက်ရွေးစင်အသင်းဖော် လော်တရိုမာတီနက်ဇ်က ပြောသွားခဲ့ပါတယ်။ ဘောလွန်းဒီအောဆု (၆) ကြိမ်ရှင် မက်ဆီဟာ မယုံနိုင်စရာ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး ထိပ်ဆုံးအဆင့်မှာပဲ အမြဲတမ်းရပ်တည်နေတဲ့သူလို့ အင်တာမီလန်တိုက်စစ်မှူးကို ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ကမ္ဘာ့ဘောလုံးလောကမှာ အားလုံးထက် ရှေ့ကို တစ်လှမ်းကြိုရောက်နေတဲ့သူလို့ မာတီနက်ဇ်က ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ အသက် ၁၆ အရွယ်နဲ့ ပွဲထွက်ကစားခဲ့တဲ့ မက်ဆီဟာ အားကစားလောကရဲ့ အကြီးအကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ မက်ဆီရဲ့ အောင်မြင်မှုတွေကို အလှမ်းမီတဲ့သူဆိုလို့ ရော်နယ်ဒို တစ်ယောက်ပဲ ရှိနေပြီး သူတို့ (၂) ယောက်ကို ဘယ်သူက အကောင်းဆုံးလဲဆိုပြီး ဒီနေ့ထိတိုင် ငြင်းခုံနေကြဆဲပါ။

သို့သော်လည်း လော်တရိုမာတီနက်ဇ်ကတော့ အာဂျင်တီးနားအသင်းဖော် မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ မက်ဆီနဲ့အတူ လက်ရွေးစင်အသင်းမှာ အတူတူ တွဲကစားပြီး သူ့ကိုယ်သူ တိုးတက်အောင် သင်ယူနေတာဖြစ်ပါတယ်။

“လီယိုက ကျွန်တော် အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်မဖြစ်ခင်ကတည်းက အများကြီး စွမ်းဆောင်ပေးထားသူပါ။ ဒါကိုအရင်ကလည်း ပြောခဲ့ပြီးသားဖြစ်ပြီး သူက အကောင်းဆုံးဆိုတာကို ထပ်ပြီးလည်းပြောသွားမှာပါ။ သူဟာ အာဂျင်တီးနားသားဖြစ်တာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာဖြစ်ပြီး သူ့ဆီက ကျွန်တော်တို့ အမြဲတမ်းသင်ယူနေရမှာပါ။ ကျွန်တော့်အတွက်တော့ သူဟာ အခြားအဆင့်တစ်ခုမှာ ရှိသူဖြစ်ပါတယ်” လို့ လော်တရိုမာတီနက်ဇ်က ယူအီးအက်ဖ်အေ ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

လော်တရိုမာတီနက်ဇ်ကို ဘာစီလိုနာအသင်းက ခေါ်ယူရန် ဆက်သွယ်နေခဲ့တာကြာပြီးဖြစ်ပြီး သူတို့ (၂) ယောက်စလုံးဟာ တစ်နေရာတည်းမှာ ကစားကြသူဖြစ်လို့ မက်ဆီသာ အသင်းက ထွက်ခွာသွားပါက အစားထိုးရန် ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ သို့သော်လည်း ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် လော်တရိုအစား ဒီပေးကို အာရုံပြောင်းခဲ့ပေမယ့် မခေါ်ယူနိုင်ခဲ့ပါဘူး။

မက္ဆီကသာ ကမာၻ႕အေကာင္းဆံုးကစားသမားျဖစ္တယ္လို႔ ဘာစီလိုနာပစ္မွတ္ အာဂ်င္တီးနားလက္ေရြးစင္အသင္းေဖာ္ ေလာ္တရိုမာတီနက္ဇ္ ေျပာဆို

မက္ဆီက ေနာက္တစ္ဆင့္မွာ ရွိေနတဲ့ ကစားသမားျဖစ္တယ္လို႔ ဘာစီလိုနာပစ္မွတ္ အာဂ်င္တီးနား လက္ေရြးစင္အသင္းေဖာ္ ေလာ္တရိုမာတီနက္ဇ္က ေျပာသြားခဲ့ပါတယ္။ ေဘာလြန္းဒီေအာဆု (၆) ၾကိမ္ရွင္ မက္ဆီဟာ မယံုႏိုင္စရာ ကစားသမားဘ၀ကို ပိုင္ဆိုင္ထားျပီး ထိပ္ဆံုးအဆင့္မွာပဲ အျမဲတမ္းရပ္တည္ေနတဲ့သူလို႔ အင္တာမီလန္တိုက္စစ္မွဴးကို ေျပာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ကမာၻ႕ေဘာလံုးေလာကမွာ အားလံုးထက္ ေရွ႕ကို တစ္လွမ္းၾကိဳေရာက္ေနတဲ့သူလို႔ မာတီနက္ဇ္က ေျပာခဲ့ပါတယ္။

ဘာစီလိုနာအသင္းမွာ အသက္ ၁၆ အရြယ္နဲ႔ ပြဲထြက္ကစားခဲ့တဲ့ မက္ဆီဟာ အားကစားေလာကရဲ႕ အၾကီးအက်ယ္ဆံုးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ မက္ဆီရဲ႕ ေအာင္ျမင္မႈေတြကို အလွမ္းမီတဲ့သူဆိုလို႔ ေရာ္နယ္ဒို တစ္ေယာက္ပဲ ရွိေနျပီး သူတို႔ (၂) ေယာက္ကို ဘယ္သူက အေကာင္းဆံုးလဲဆိုျပီး ဒီေန႔ထိတိုင္ ျငင္းခုံေနၾကဆဲပါ။

သို႔ေသာ္လည္း ေလာ္တရိုမာတီနက္ဇ္ကေတာ့ အာဂ်င္တီးနားအသင္းေဖာ္ မက္ဆီကသာ ကမာၻ႕အေကာင္းဆံုးျဖစ္တယ္လို႔ ယံုၾကည္ထားပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္တိုက္စစ္မွဴးဟာ မက္ဆီနဲ႔အတူ လက္ေရြးစင္အသင္းမွာ အတူတူ တြဲကစားျပီး သူ႔ကိုယ္သူ တိုးတက္ေအာင္ သင္ယူေနတာျဖစ္ပါတယ္။

“လီယိုက ကၽြန္ေတာ္ အာဂ်င္တီးနားလက္ေရြးစင္အသင္းေဖာ္မျဖစ္ခင္ကတည္းက အမ်ားၾကီး စြမ္းေဆာင္ေပးထားသူပါ။ ဒါကိုအရင္ကလည္း ေျပာခဲ့ျပီးသားျဖစ္ျပီး သူက အေကာင္းဆံုးဆိုတာကို ထပ္ျပီးလည္းေျပာသြားမွာပါ။ သူဟာ အာဂ်င္တီးနားသားျဖစ္တာက ကၽြန္ေတာ္တို႔အတြက္ ဂုဏ္ယူစရာျဖစ္ျပီး သူ႔ဆီက ကၽြန္ေတာ္တို႔ အျမဲတမ္းသင္ယူေနရမွာပါ။ ကၽြန္ေတာ့္အတြက္ေတာ့ သူဟာ အျခားအဆင့္တစ္ခုမွာ ရွိသူျဖစ္ပါတယ္” လို႔ ေလာ္တရိုမာတီနက္ဇ္က ယူအီးအက္ဖ္ေအ ၀က္ဘ္ဆုိဒ္ကို ေျပာသြားခဲ့ပါတယ္။

ေလာ္တရိုမာတီနက္ဇ္ကို ဘာစီလုိနာအသင္းက ေခၚယူရန္ ဆက္သြယ္ေနခဲ့တာၾကာျပီးျဖစ္ျပီး သူတို႔ (၂) ေယာက္စလံုးဟာ တစ္ေနရာတည္းမွာ ကစားၾကသူျဖစ္လို႔ မက္ဆီသာ အသင္းက ထြက္ခြာသြားပါက အစားထိုးရန္ ေခၚယူသြားဖြယ္ရွိေနပါတယ္။ သို႔ေသာ္လည္း ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအခက္အခဲေၾကာင့္ ေလာ္တရိုအစား ဒီေပးကို အာရံုေျပာင္းခဲ့ေပမယ့္ မေခၚယူႏိုင္ခဲ့ပါဘူး။