ဗယ်ဗာဒီက ရောင်းချရန် မဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်းကို သတိပေးပြောကြားလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

သြဂုတ်လ ၂၈ ရက်နေ့က ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ အင်အားကို တောင့်တင်းရန် ဒီနွေရာသီမှာတုန်းက ဖြည့်တင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဗယ်ဗာဒီကို လည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ပါတယ်။

အသင်းက စာချုပ်သက်တမ်း (၁) နှစ်ပဲ ကျန်တော့တဲ့ ကွင်းလယ်အင်ဂျင် သီယာဂို လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် အခြားသော ကစားသမား (၉) ယောက်အထိလည်း လက်လွှတ်ခဲ့ရပါတယ်။ အသင်းဟာ ဆာနေး၊ ဘူနာဆား၊ နီအန်ဇူ ၊ ဒေါက်ကလပ်စ်ကော်စတာ နဲ့ ရိုကာ တို့ကို လည်း ထပ်မံအင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်အင်အားက တောင့်တင်းလာခြင်းမရှိသေးလို့ ဗယ်ဗာဒီကို အဓိက ပစ်မျတ်ထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဗယ်ဗာဒီက ရောင်းချရန် မဟုတ်ဘူးလို့ သတင်းပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဗယ်ဗာဒီဟာ မနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။



