မက်ဆီက ပါရမီ နဲ့ မွေးဖွားလာသူဖြစ်ပြီး ရော်နယ်ဒိုက အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့သူလို့ ဆိုလိုက်တဲ့ ဂန္တဝင်ဂိုးသမား ကာဆီးလက်စ်

ဂန္တဝင်ဂိုးသမားကြီး ကာဆီးလက်စ်က အသင်းဖော်ဟောင်း ရော်နယ်ဒိုဟာ စံချိန်မှတ်တမ်းတွေ ရရှိအောင် အလုပ်အပေါ်ထားရှိတဲ့ ကျင့်ဝတ် နဲ့ အကောင်းဆုံးဖြစ်ရန် ကြိုးစားခဲ့တာတွေကြောင့် အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီး မက်ဆီကတော့ မွေးကတည်းက ပါရမီပါလာသူဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ESPN သတင်းဌာန နဲ့ အင်တာဗျူးမှာ စပိန်ဂန္တဝင်ဂိုးသမား ကာဆီးလက်စ်က မက်ဆီ နဲ့ ရော်နယ်ဒို ကွာခြားချက်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ကာဆီးလက်စ်ဟာ ရီးရဲလ်မက်ဒရစ်၊ စပိန် နဲ့ ပေါ်တူဂီ ကလပ် ပေါ်တိုအသင်းတို့မှာ အောင်မြင်မှု ရခဲ့ပြီးနောက် ဒီနှစ်အစောပိုင်းမှာ ဘောလုံးလောက ကနေ အနားယူခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာတုန်းက အသင်းဖော် ရော်နယ်ဒိုနဲ့ အတူ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူလည်းဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုမှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာက ယခုအချိန်အထိ ငြင်းဆန်နေကြဆဲဖြစ်ပြီး ကာဆီးလက်စ်က သူ့အမြင်ကို ယခုလိုပြောသွားခဲ့ပါတယ်။

“ရော်နယ်ဒိုက သူ လူငယ်ဘဝကတည်းက အမြဲတမ်း အောင်မြင်မှု ကြီးကြီးမားမားကို ဆာလောင်နေသူပါ။ သူအဲ့ဒါကို ရရှိခဲ့တယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ မက်ဆီ နဲ့ သူ့ကို နှိုင်းယှဉ်မယ်ဆိုရင် ရော်နယ်ဒိုက ပိုပြီး အထင်ကြီးလောက်အောင် လုပ်နိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အားလုံးက မက်ဆီရဲ့ ပါရမီကို သိကြပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အကောင်းဆုံးဖြစ်ရမယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီး လုပ်ခဲ့သူပါ။ ဒီလို ကစားသမား (၂) ယောက်ကို အတူတွဲမြင်ရတာ ကျွန်တော်ကံကောင်းတယ်လို့ ခံစားရပါတယ်။

ရော်နယ်ဒိုကို မသိတဲ့သူတွေအတွက်တော့ သူဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မာနကြီးတယ်လို့ ထင်ရပေမယ့် လုံးဝကို ပြောင်းပြန်ပါ” လို့ ကာဆီးလက်စ်က ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၉ မေလတုန်းက နှလုံးရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ စပိန်လက်ရွေးစင်အသင်းအတွက် ၁၆၇ ပွဲကစားခဲ့သူဟာ အသက် ၃၇ အရွယ်မှာပဲ ကစားသမားဘဝကို အနားယူရန် ဆုံးဖြတ်ခဲ့ပါတယ်။

မက္ဆီက ပါရမီ နဲ႔ ေမြးဖြားလာသူျဖစ္ျပီး ေရာ္နယ္ဒိုက အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားခဲ့သူလို႔ ဆိုလုိက္တဲ့ ဂႏၱ၀င္ဂိုးသမား ကာဆီးလက္စ္

ဂႏၱ၀င္ဂိုးသမားၾကီး ကာဆီးလက္စ္က အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုဟာ စံခ်ိန္မွတ္တမ္းေတြ ရရွိေအာင္ အလုပ္အေပၚထားရွိတဲ့ က်င့္၀တ္ နဲ႔ အေကာင္းဆံုးျဖစ္ရန္ ၾကိဳးစားခဲ့တာေတြေၾကာင့္ ေအာင္ျမင္မႈ ရရွိခဲ့တာျဖစ္ျပီး မက္ဆီကေတာ့ ေမြးကတည္းက ပါရမီပါလာသူျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ESPN သတင္းဌာန နဲ႔ အင္တာဗ်ဴးမွာ စပိန္ဂႏၱ၀င္ဂိုးသမား ကာဆီးလက္စ္က မက္ဆီ နဲ႔ ေရာ္နယ္ဒို ကြာျခားခ်က္ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ကာဆီးလက္စ္ဟာ ရီးရဲလ္မက္ဒရစ္၊ စပိန္ နဲ႔ ေပၚတူဂီ ကလပ္ ေပၚတိုအသင္းတို႔မွာ ေအာင္ျမင္မႈ ရခဲ့ျပီးေနာက္ ဒီႏွစ္အေစာပိုင္းမွာ ေဘာလံုးေလာက ကေန အနားယူခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္မွာတုန္းက အသင္းေဖာ္ ေရာ္နယ္ဒိုနဲ႔ အတူ ကစားသမားဘ၀ကို ျဖတ္သန္းခဲ့သူလည္းျဖစ္ပါတယ္။ မက္ဆီ နဲ႔ ေရာ္နယ္ဒိုမွာ ဘယ္သူက အေကာင္းဆံုးလဲဆိုတာက ယခုအခ်ိန္အထိ ျငင္းဆန္ေနၾကဆဲျဖစ္ျပီး ကာဆီးလက္စ္က သူ႔အျမင္ကို ယခုလိုေျပာသြားခဲ့ပါတယ္။

“ေရာ္နယ္ဒိုက သူ လူငယ္ဘ၀ကတည္းက အျမဲတမ္း ေအာင္ျမင္မႈ ၾကီးၾကီးမားမားကို ဆာေလာင္ေနသူပါ။ သူအဲ့ဒါကို ရရွိခဲ့တယ္လို႔လည္း ကၽြန္ေတာ္ ယံုၾကည္ပါတယ္။ မက္ဆီ နဲ႔ သူ႔ကို ႏိႈင္းယွဥ္မယ္ဆိုရင္ ေရာ္နယ္ဒိုက ပိုျပီး အထင္ၾကီးေလာက္ေအာင္ လုပ္ႏိုင္ခဲ့တယ္လို႔ သတ္မွတ္ရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ အားလံုးက မက္ဆီရဲ႕ ပါရမီကို သိၾကပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုကေတာ့ အေကာင္းဆံုးျဖစ္ရမယ္ဆိုျပီးေတာ့ ဆံုးျဖတ္ျပီး လုပ္ခဲ့သူပါ။ ဒီလို ကစားသမား (၂) ေယာက္ကို အတူတြဲျမင္ရတာ ကၽြန္ေတာ္ကံေကာင္းတယ္လို႔ ခံစားရပါတယ္။

ေရာ္နယ္ဒိုကို မသိတဲ့သူေတြအတြက္ေတာ့ သူဟာ ကိုယ့္ကုိယ္ကိုယ္ အထင္ၾကီးျပီး မာနၾကီးတယ္လို႔ ထင္ရေပမယ့္ လံုး၀ကို ေျပာင္းျပန္ပါ” လို႔ ကာဆီးလက္စ္က ေျပာခဲ့တာျဖစ္ပါတယ္။

၂၀၁၉ ေမလတုန္းက ႏွလံုးေရာဂါေ၀ဒနာကို ျပင္းထန္စြာ ခံစားခဲ့ရတဲ့ စပိန္လက္ေရြးစင္အသင္းအတြက္ ၁၆၇ ပြဲကစားခဲ့သူဟာ အသက္ ၃၇ အရြယ္မွာပဲ ကစားသမားဘ၀ကို အနားယူရန္ ဆံုးျဖတ္ခဲ့ပါတယ္။