ဘာစီလိုနာအသင်းမှာရှိနေတဲ့ မက်ဆီရဲ့ စိတ်နေစိတ်ထားကို ပြောကြားခဲ့တဲ့ ကမ်ဘီယာဆို

အင်တာမီလန်နဲ့ အာဂျင်တီးနားကွင်းလယ်လူဟောင်း ကမ်ဘီယာဆိုကို တစ်နိုင်ငံတည်းသား စူပါကြယ်ပွင့် မက်ဆီအကြောင်းကို မေးမြန်းခဲ့ပါတယ်။ ကမ်ဘီယာဆိုက မက်ဆီ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး စီးရီးအေကို ပြောင်းရွှေ့နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၌ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်း၊ စပိန်လာလီဂါမှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အမှတ်ပေးဖလားလွှဲပြောင်းပေးရခြင်းနဲ့ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းကြောင့် မက်ဆီက အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုခဲ့ပါတယ်။

စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ ရှိနေတဲ့ စူပါကြယ်ပွင့်အသင်းခေါင်းဆောင်မက်ဆီကို ပရီးမီးယားလိဂ်က အသင်းကြီး မန်စီးတီး နဲ့ အင်တာမီလန်အသင်းတို့က ခေါ်ယူနိုင်ဖွယ်ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းမှာ (၁၀) နှစ်ကျော်ကစားခဲ့တဲ့ ကမ်ဘီယာဆိုကို တစ်နိုင်ငံတည်းသား မက်ဆီရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မေးမြန်းသွားခဲ့ပါတယ်။

“မက်ဆီ အင်တာမီလန်ကို ပြောင်းနိုင်သလားဆိုတော့ ကျွန်တော့် အပြောင်းအရွှေ့ ဈေးကွက်ကို မသိပါဘူး။ ဈေးကွက်ပြီးတဲ့အချိန်ကို စောင့်နေခဲ့ပြီး ကျွန်တော်လုပ်စရာရှိတာတွေကို လုပ်ပါတယ်။ လီယိုကတော့ ဘာစီလိုနာမှာပဲ ရှိနေဆဲဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာအသင်းအတွက် စိတ်အားထက်သန်စွာနဲ့ ကစားနေဆဲပါ။ သူ့ရဲ့ အရည်အချင်းတွေကို ထပ်မြင်ချင်ပါသေးတယ်။ သူဟာ အကောင်းဆုံးပါ။ သူပျော်နေသလားဆိုတော့ သူအမြဲပျော်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ကမ်ဘီယာဆိုက ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်မက်ဆီဟာ ကြာသပတေးနေ့က ၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲအဖြစ် အီကွေဒေါအသင်းကို (၁-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ စပိန်လာလီဂါမှာလည်း နည်းပြသစ်ရော်နယ်ကိုးမန်းလက်အောက်မှာ လာလီဂါ (၃) ပွဲကစားပြီးချိန် (၁) ဂိုးသွင်းပေးထားပါတယ်။

ဘာစီလိုနာအသင္းမွာရွိေနတဲ့ မက္ဆီရဲ႕ စိတ္ေနစိတ္ထားကို ေျပာၾကားခဲ့တဲ့ ကမ္ဘီယာဆို

အင္တာမီလန္နဲ႔ အာဂ်င္တီးနားကြင္းလယ္လူေဟာင္း ကမ္ဘီယာဆိုကို တစ္ႏိုင္ငံတည္းသား စူပါၾကယ္ပြင့္ မက္ဆီအေၾကာင္းကို ေမးျမန္းခဲ့ပါတယ္။ ကမ္ဘီယာဆိုက မက္ဆီ ဘာစီလိုနာအသင္းကေန ထြက္ခြာျပီး စီးရီးေအကို ေျပာင္းေရႊ႕ႏိုင္မလားဆိုတာနဲ႔ ပတ္သက္ျပီးေတာ့လည္း ေျပာသြားခဲ့တာျဖစ္ပါတယ္။ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္၌ ဘိုင္ယန္ျမဴးနစ္အသင္းကို (၈-၂) နဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ရျခင္း၊ စပိန္လာလီဂါမွာ ခါးသီးျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကို အမွတ္ေပးဖလားလႊဲေျပာင္းေပးရျခင္းနဲ႔ ဖလားလက္မဲ့ျဖစ္ခဲ့ရတဲ့ ဘာစီလိုနာအသင္းေၾကာင့္ မက္ဆီက အသင္းကေန ထြက္ခြာခြင့္ ေတာင္းဆိုခဲ့ပါတယ္။

စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၇၀၀ ရွိေနတဲ့ စူပါၾကယ္ပြင့္အသင္းေခါင္းေဆာင္မက္ဆီကို ပရီးမီးယားလိဂ္က အသင္းၾကီး မန္စီးတီး နဲ႔ အင္တာမီလန္အသင္းတို႔က ေခၚယူႏိုင္ဖြယ္ရွိတယ္ဆိုျပီး သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္အသင္းမွာ (၁၀) ႏွစ္ေက်ာ္ကစားခဲ့တဲ့ ကမ္ဘီယာဆိုကို တစ္ႏိုင္ငံတည္းသား မက္ဆီရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ျပီး ေမးျမန္းသြားခဲ့ပါတယ္။

“မက္ဆီ အင္တာမီလန္ကို ေျပာင္းႏိုင္သလားဆိုေတာ့ ကၽြန္ေတာ့္ အေျပာင္းအေရႊ႕ ေစ်းကြက္ကို မသိပါဘူး။ ေစ်းကြက္ျပီးတဲ့အခ်ိန္ကို ေစာင့္ေနခဲ့ျပီး ကၽြန္ေတာ္လုပ္စရာရွိတာေတြကို လုပ္ပါတယ္။ လီယိုကေတာ့ ဘာစီလိုနာမွာပဲ ရွိေနဆဲျဖစ္ပါတယ္။ သူဟာ ဘာစီလိုနာအသင္းအတြက္ စိတ္အားထက္သန္စြာနဲ႔ ကစားေနဆဲပါ။ သူ႔ရဲ႕ အရည္အခ်င္းေတြကို ထပ္ျမင္ခ်င္ပါေသးတယ္။ သူဟာ အေကာင္းဆံုးပါ။ သူေပ်ာ္ေနသလားဆိုေတာ့ သူအျမဲေပ်ာ္ေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ ကမ္ဘီယာဆိုက ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္မက္ဆီဟာ ၾကာသပေတးေန႔က ၂၀၂၂ ကမာၻ႕ဖလား ေတာင္အေမရိကဇုန္ ေျခစစ္ပြဲအျဖစ္ အီေကြေဒါအသင္းကို (၁-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုး သြင္းေပးခဲ့ပါတယ္။ စပိန္လာလီဂါမွာလည္း နည္းျပသစ္ေရာ္နယ္ကိုးမန္းလက္ေအာက္မွာ လာလီဂါ (၃) ပြဲကစားျပီးခ်ိန္ (၁) ဂိုးသြင္းေပးထားပါတယ္။