အန်ဆုဖာတီ နဲ့ အဒမ်မာထရာအိုရေးတို့ (၂) ယောက်စလုံး စပိန်အသင်းအတွက် တွဲဖက်ကစားနိုင်တယ်လို့ ယုံကြည်နေတဲ့ နည်းပြ အင်းနရစ်

စပိန်နည်းပြ အင်းနရစ်က အဒမ်မာထရာအိုရေး နဲ့ အန်ဆုဖာတီတို့ (၂) ယောက်စလုံးဟာ လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဝုလ်ဗ်ကြယ်ပွင့် ထရာအိုရေးဟာ ဒီတစ်ပတ် ပေါ်တူဂီအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ စပိန်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့် ရခဲ့ပြီး ဘာစီလိုနာ ကြယ်ပွင့် အန်ဆုဖာတီကတော့ အရန်ခုံမှာပဲ ထိုင်ခဲ့ရပဲ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အင်းနရစ်ကတော့ (၂) ယောက်စလုံးရဲ့ အမြန်နှုန်း နဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကြောင့် အတူတူ တွဲကစားနိုင်မယ်လို့ ခံစားနေရပါတယ်။ အင်းနရစ်က “ဒါပေါ့ သူတို့တွေ အတူတူ တွဲကစားနိုင်မှာပါ။ အသင်းက အခြားသူတွေလိုပေါ့။ ပြဿနာက ကျွန်တော့်မှာ ကစားသမား (၁၁) ယောက်ကိုပဲ ကစားခွင့်ပေးနိုင်တာပါ။ ဒီလူစာရင်းမှာ အံမဝင်တဲ့ ကစားသမား မရှိပါဘူး။ အန်ဆု နဲ့ အဒမ်မာတို့လည်း အတူတူ တွဲကစားနိုင်မှာ သေချာပါတယ်။

ထရာအိုရေးရဲ့ စွယ်စုံရ အရည်အချင်းကြောင့် သူဟာ တောင်ပံတစ်လျှောက်နေရာအစုံ ကစားနိုင်ပြီး အင်းနရစ်အတွက် အလွန်ကို အသုံးဝင်နေသူဖြစ်ပါတယ်။ဖာတီကလည်း လက်ရွေးစင်အသင်းရဲ့ အလားအလာအရှိဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

ပြီးခဲ့တဲ့လက ယူကရိန်းအသင်းနဲ့ ပွဲမှာ သူဟာ စပိန်အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ ပွဲမှာပင် ဂိုးသွင်းနိုင်ခဲ့ပြီး အသက် ၁၇ နှစ်နဲ့ ၃၁၁ ရက်မှာပင် အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ခဲ့ပါတယ်။ စပိန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရိုဒရီဂို၊ ဂျာရတ် နဲ့ ဖာရန်တောရက်စ်တို့ လည်း ရွေးချယ်စရာ ရှိနေပါတယ်။ စနေနေ့မှာတော့ စပိန်အသင်းဟာ ဆွစ်ဇာလန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အင်္ဂါနေ့မှာ ယူကရိန်းအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

အန္ဆုဖာတီ နဲ႔ အဒမ္မာထရာအိုေရးတို႔ (၂) ေယာက္စလံုး စပိန္အသင္းအတြက္ တြဲဖက္ကစားနိုင္တယ္လို႔ ယံုၾကည္ေနတဲ့ နည္းျပ အင္းနရစ္

စပိန္နည္းျပ အင္းနရစ္က အဒမ္မာထရာအိုေရး နဲ႔ အန္ဆုဖာတီတို႔ (၂) ေယာက္စလံုးဟာ လက္ေရြးစင္အသင္းမွာ တြဲဖက္ကစားႏိုင္တယ္လို႔ ယံုၾကည္ေနပါတယ္။ ၀ုလ္ဗ္ၾကယ္ပြင့္ ထရာအိုေရးဟာ ဒီတစ္ပတ္ ေပၚတူဂီအသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ေျခစမ္းပြဲမွာ စပိန္အသင္းအတြက္ ပထမဆံုး ပြဲထြက္ကစားခြင့္ ရခဲ့ျပီး ဘာစီလိုနာ ၾကယ္ပြင့္ အန္ဆုဖာတီကေတာ့ အရန္ခံုမွာပဲ ထိုင္ခဲ့ရပဲ ထိုင္ခဲ့ရတာ ျဖစ္ပါတယ္။

အင္းနရစ္ကေတာ့ (၂) ေယာက္စလံုးရဲ႕ အျမန္ႏႈန္း နဲ႔ နည္းစနစ္ပိုင္း ကၽြမ္းက်င္မႈေတြေၾကာင့္ အတူတူ တြဲကစားႏိုင္မယ္လို႔ ခံစားေနရပါတယ္။  အင္းနရစ္က “ဒါေပါ့ သူတို႔ေတြ အတူတူ တြဲကစားႏိုင္မွာပါ။ အသင္းက အျခားသူေတြလိုေပါ့။ ျပႆနာက ကၽြန္ေတာ့္မွာ ကစားသမား (၁၁) ေယာက္ကုိပဲ ကစားခြင့္ေပးႏိုင္တာပါ။ ဒီလူစာရင္းမွာ အံမ၀င္တဲ့ ကစားသမား မရွိပါဘူး။ အန္ဆု နဲ႔ အဒမ္မာတို႔လည္း အတူတူ တြဲကစားႏိုင္မွာ ေသခ်ာပါတယ္။

ထရာအိုေရးရဲ႕ စြယ္စံုရ အရည္အခ်င္းေၾကာင့္ သူဟာ ေတာင္ပံတစ္ေလွ်ာက္ေနရာအစံု ကစားႏိုင္ျပီး အင္းနရစ္အတြက္ အလြန္ကို အသံုး၀င္ေနသူျဖစ္ပါတယ္။ဖာတီကလည္း လက္ေရြးစင္အသင္းရဲ႕ အလားအလာအရွိဆံုး ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံထားရပါတယ္။

ျပီးခဲ့တဲ့လက ယူကရိန္းအသင္းနဲ႔ ပြဲမွာ သူဟာ စပိန္အသင္းအတြက္ ပထမဆံုးကစားခဲ့တဲ့ ပြဲမွာပင္ ဂိုးသြင္းႏိုင္ခဲ့ျပီး အသက္ ၁၇ ႏွစ္နဲ႔ ၃၁၁ ရက္မွာပင္ အသက္အငယ္ဆံုး ဂိုးသြင္းသူျဖစ္ခဲ့ပါတယ္။ စပိန္အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ရိုဒရီဂို၊ ဂ်ာရတ္ နဲ႔ ဖာရန္ေတာရက္စ္တို႔ လည္း ေရြးခ်ယ္စရာ ရွိေနပါတယ္။ စေနေန႔မွာေတာ့ စပိန္အသင္းဟာ ဆြစ္ဇာလန္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ျပီး အဂၤါေန႔မွာ ယူကရိန္းအသင္းကို အေ၀းကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ပါတယ္။