ဘာစီလိုနာဒါရိုက်တာအဖွဲ့အသစ်ဖြစ်သွားမယ်ဆိုရင်တော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိသွားမှာပါလို့ ပြောခဲ့တဲ့ ဆွာရက်ဇ်


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ဆွာရက်ဇ်က အသင်းဖော်ဟောင်း မက်ဆီအနေနဲ့ ဘာစီလိုနာဒါရိုက်တာအဖွဲ့အသစ်ဖြစ်မှပဲ အသင်းမှာ ဆက်ရှိသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ လက်ရှိဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမီယူနဲ့ မက်ဆီကြားမှာ အဆင်မပြေမှုတွေရှိတာကြောင့် ဥက္ကဌသစ် ရွေးကောက်ပွဲပြီးမှ ဘာစီလိုနာမှာ မက်ဆီအနေနဲ့ ဆက်ရှိမယ်၊ မရှိဘူးဆိုတာ သေချာမှာပဲ ဖြစ်ပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အသင်းမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့တယ်ဆိုပေမယ့် လာမယ့်ရာသီအကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ မက်ဆီက “ ဘာစီလိုနာက အခုဆိုရင် အနာဂတ်အတွက် အစီအစဉ်မရှိဘဲလုပ်ဆောင် နေတဲ့အသင်းမျိုးဖြစ်နေပါပြီ။ ဒါကို သူတို့က ဖုံးကွယ်ဖို့ လုပ်ဆောင်နေတာပါ။ ဆွာရက်ဇ်က အသင်းမှာဆက်နေချင်ပေမယ့် အသင်းတာဝန်ရှိသူတွေက သူကို ထွက်သွားစေခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆွာရက်ဇ်က “ မက်ဆီက အခြားအသင်းအတွက်လည်း ကစားပေးနိုင်သလို ဘာစီလိုနာအတွက်လည်း ကစားပေးနိုင်ပါ တယ်။ ဘာစီလိုနာဒါရိုက်တာအဖွဲ့အသစ်ဖြစ်သွားမယ်ဆိုရင်တော့ မက်ဆီက ဘာစီလိုနာမှာ ပျော်ရွှင်စွာနဲ့ ဆက်ကစား နိုင် မှာပဲ ဖြစ်ပါတယ်။ သူရဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ သူပျော်ရွှင်တယ်ဆိုရင် ကျွန်တော်လည်းပျော်ရွှင်ရပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဆွာရက်ဇ်က ဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့အခါ အက်သလက်တီကိုအတွက် ဂိုးသွင်းယူနိုင်ခဲ့မယ်ဆို ရင်လည်း အောင်ပွဲခံမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဆွာရက်ဇ်က “ ဘာစီလိုနာက ထွက်ခဲ့ရတာကြောင့် ကျွန်တော်နဲ့ ကျွန်တော့်မိသားစု ဘယ်လောက်နာကျင်ခဲ့ရတယ်ဆိုတာ ပြောမပြနိုင်လောက်အောင်ပါပဲ။ဒါပေမယ့် ဘာစီလိုနာဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ရင်တောင် အောင်ပွဲခံမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာဒါရိုက္တာအဖြဲ႕အသစ္ျဖစ္သြားမယ္ဆိုရင္ေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ရွိသြားမွာပါလို႔ ေျပာခဲ့တဲ့ ဆြာရက္ဇ္
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာကေန အက္သလက္တီကိုအသင္းကို ေျပာင္းေရႊ႕သြားတဲ့ ဆြာရက္ဇ္က အသင္းေဖာ္ေဟာင္း မက္ဆီအေနနဲ႔ ဘာစီလိုနာဒါရိုက္တာအဖြဲ႕အသစ္ျဖစ္မွပဲ အသင္းမွာ ဆက္ရွိသြားမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ လက္ရွိဘာစီလိုနာအသင္းဥကၠဌ ဘာတိုမီယူနဲ႔ မက္ဆီၾကားမွာ အဆင္မေျပမႈေတြရွိတာေၾကာင့္ ဥကၠဌသစ္ ေရြးေကာက္ပြဲၿပီးမွ ဘာစီလိုနာမွာ မက္ဆီအေနနဲ႔ ဆက္ရွိမယ္၊ မရွိဘူးဆိုတာ ေသခ်ာမွာပဲ ျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ အသင္းမွာ ဆက္ေနဖို႔ဆံုးျဖတ္ခဲ့တယ္ဆိုေပမယ့္ လာမယ့္ရာသီအကုန္မွာ စာခ်ဳပ္ သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။ မက္ဆီက “ ဘာစီလိုနာက အခုဆိုရင္ အနာဂတ္အတြက္ အစီအစဥ္မရွိဘဲလုပ္ေဆာင္ ေနတဲ့အသင္းမ်ိဳးျဖစ္ေနပါၿပီ။ ဒါကို သူတို႔က ဖံုးကြယ္ဖို႔ လုပ္ေဆာင္ေနတာပါ။ ဆြာရက္ဇ္က အသင္းမွာဆက္ေနခ်င္ေပမယ့္ အသင္းတာဝန္ရွိသူေတြက သူကို ထြက္သြားေစခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆြာရက္ဇ္က “ မက္ဆီက အျခားအသင္းအတြက္လည္း ကစားေပးႏိုင္သလို ဘာစီလိုနာအတြက္လည္း ကစားေပးႏိုင္ပါ တယ္။ ဘာစီလိုနာဒါရိုက္တာအဖြဲ႕အသစ္ျဖစ္သြားမယ္ဆိုရင္ေတာ့ မက္ဆီက ဘာစီလိုနာမွာ ေပ်ာ္ရႊင္စြာနဲ႔ ဆက္ကစား ႏိုင္ မွာပဲ ျဖစ္ပါတယ္။ သူရဲ႕ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ သူေပ်ာ္ရႊင္တယ္ဆိုရင္ ကြ်န္ေတာ္လည္းေပ်ာ္ရႊင္ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဆြာရက္ဇ္က ဘာစီလိုနာနဲ႔ ျပန္လည္ရင္ဆိုင္ရတဲ့အခါ အက္သလက္တီကိုအတြက္ ဂိုးသြင္းယူႏိုင္ခဲ့မယ္ဆို ရင္လည္း ေအာင္ပြဲခံမွာမဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဆြာရက္ဇ္က “ ဘာစီလိုနာက ထြက္ခဲ့ရတာေၾကာင့္ ကြ်န္ေတာ္နဲ႔ ကြ်န္ေတာ့္မိသားစု ဘယ္ေလာက္နာက်င္ခဲ့ရတယ္ဆိုတာ ေျပာမျပႏိုင္ေလာက္ေအာင္ပါပဲ။ဒါေပမယ့္ ဘာစီလိုနာဘက္ကို ဂိုးသြင္းယူႏိုင္ခဲ့ရင္ေတာင္ ေအာင္ပြဲခံမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။