ဘာစီလိုနာမှာကစားချင်တယ်ဆိုရင်တော့ ဒမ်ဘီလီအနေနဲ့ ထိုက်တန်တဲ့ခြေစွမ်းရှိကြောင်း သက်သေပြရမယ်လို့ ပြောခဲ့တဲ့ ရီဗယ်ဒို


ဘာစီလိုနာကစားသမားဟောင်း ရီဗယ်ဒိုက အသင်းတိုက်စစ်မှူး ဒမ်ဘီလီအနေနဲ့ ဘာစီလိုနာအတွက် ဆက်ကစားချင် တယ်ဆိုရင်တော့ ထိုက်တန်တဲ့ခြေစွမ်းပြနိုင်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းရဲ့ လူစာရင်းမှာ ဒမ်ဘီလီဟာ အရေးကြီးတဲ့ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။


၂၀၁၇ ခုနှစ်နွေရာသီ အပြောင်းအရွေ့တုန်းက ဒေါ့မွန်အသင်းကနေ ယူရို ၁၀၅ သန်းပေးပြီး ဒမ်ဘီလီကို ဘာစီလိုနာက ခေါ်ယူခဲ့ပေမယ့် သူရဲ့ပထမဆုံးရာသီမှာ ၂၄ ပွဲကစားခဲ့ရာမှာ လေးဂိုးပဲသွင်းယူနိုင်ခဲ့ပါတယ်။ ဒဏ်ရာ မကြာခဏရရှိလေ့ရှိ တဲ့ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့တာကြောင့် အသင်းတာ ဝန်ရှိသူတွေဟာ အက်သလက်တီကို ဂရစ်ဇ်မန်းကို ယူရို သန်း ၁၂၀ ပေးပြီး ထပ်မံခေါ်ယူခဲ့ပါတယ်။


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်တုန်းက ယူနိုက်တက်အသင်းက ဒမ်ဘီလီကို စိတ်ဝင်စားမှုရှိခဲ့တယ် လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းခဲ့တာမျိုးတွေပြုလုပ်ခဲ့ခြင်းတော့ မရှိဘူးလို့ သိရပါတယ်။ အပြောင်း အရွှေ့ဈေးကွက်ပိတ်ချိန်မှာ ဘာစီလိုနာမှာပဲ ဆက်ကစားရတော့မယ့် ဒမ်ဘီလီကြောင့် ရီဗယ်ဒိုက ထိုက်တန်တဲ့ခြေစွမ်းပြ နိုင်ဖို့ လိုအပ်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။


ရီဗယ်ဒိုက “ ‘ဒမ်ဘီလီက ယူနိုက်တက်ကို ပြောင်းရွှေဖို့အတွက် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ဘာစီလိုနာမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ကောင်းတယ်ဆိုပေမယ့် သူအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက်ဆိုရင်တော့ ခြေစွမ်းပြနိုင်ဖို့ လုပ်ရမှာပါ။ အထူးသဖြင့် လေ့ကျင့်ခန်းအစီအစဉ်တွေကို လွဲချော်တာတို့ ၊ဒဏ်ရာရတာတို့ မဖြစ်ဖို့အရေးကြီးပါတယ်။ အသင်းက ငွေအများကြီးသုံးပြီး သူကိုခေါ်ထားရတာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာမွာကစားခ်င္တယ္ဆိုရင္ေတာ့ ဒမ္ဘီလီအေနနဲ႔ ထိုက္တန္တဲ့ေျခစြမ္းရွိေၾကာင္း သက္ေသျပရမယ္လို႔ ေျပာခဲ့တဲ့ ရီဗယ္ဒို
ဘာစီလိုနာကစားသမားေဟာင္း ရီဗယ္ဒိုက အသင္းတိုက္စစ္မွဴး ဒမ္ဘီလီအေနနဲ႔ ဘာစီလိုနာအတြက္ ဆက္ကစားခ်င္ တယ္ဆိုရင္ေတာ့ ထိုက္တန္တဲ့ေျခစြမ္းျပႏုိင္ဖို႔ လိုအပ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းရဲ႕ လူစာရင္းမွာ ဒမ္ဘီလီဟာ အေရးၾကီးတဲ့ကစားသမားတစ္ေယာက္ျဖစ္လာႏိုင္တယ္လို႔ သတ္မွတ္ခံရသူလည္း ျဖစ္ပါတယ္။
၂၀၁၇ ခုႏွစ္ေႏြရာသီ အေျပာင္းအေရြ႕တုန္းက ေဒါ့မြန္အသင္းကေန ယူရို ၁၀၅ သန္းေပးၿပီး ဒမ္ဘီလီကို ဘာစီလုိနာက ေခၚယူခဲ့ေပမယ့္ သူရဲ႕ပထမဆံုးရာသီမွာ ၂၄ ပြဲကစားခဲ့ရာမွာ ေလးဂိုးပဲသြင္းယူႏိုင္ခဲ့ပါတယ္။ ဒဏ္ရာ မၾကာခဏရရွိေလ့ရွိ တဲ့ ဒမ္ဘီလီဟာ ၿပီးခဲ့တဲ့ရာသီကလည္း ဘာစီလိုနာအသင္းရဲ႕ ပြဲစဥ္အေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့တာေၾကာင့္ အသင္းတာ ဝန္ရွိသူေတြဟာ အက္သလက္တီကို ဂရစ္ဇ္မန္းကို ယူရို သန္း ၁၂၀ ေပးၿပီး ထပ္မံေခၚယူခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္ခင္တုန္းက ယူႏိုက္တက္အသင္းက ဒမ္ဘီလီကို စိတ္ဝင္စားမႈရွိခဲ့တယ္ လို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းခဲ့တာမ်ိဳးေတြျပဳလုပ္ခဲ့ျခင္းေတာ့ မရွိဘူးလို႔ သိရပါတယ္။ အေျပာင္း အေရႊ႕ေစ်းကြက္ပိတ္ခ်ိန္မွာ ဘာစီလိုနာမွာပဲ ဆက္ကစားရေတာ့မယ့္ ဒမ္ဘီလီေၾကာင့္ ရီဗယ္ဒိုက ထိုက္တန္တဲ့ေျခစြမ္းျပ ႏိုင္ဖို႔ လိုအပ္မယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။
ရီဗယ္ဒိုက “ ‘ဒမ္ဘီလီက ယူႏိုက္တက္ကို ေျပာင္းေရႊဖို႔အတြက္ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ဘာစီလိုနာမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တာ ေကာင္းတယ္ဆိုေပမယ့္ သူအေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ဆိုရင္ေတာ့ ေျခစြမ္းျပႏိုင္ဖို႔ လုပ္ရမွာပါ။ အထူးသျဖင့္ ေလ့က်င့္ခန္းအစီအစဥ္ေတြကို လြဲေခ်ာ္တာတို႔ ၊ဒဏ္ရာရတာတို႔ မျဖစ္ဖို႔အေရးၾကီးပါတယ္။ အသင္းက ေငြအမ်ားၾကီးသံုးၿပီး သူကိုေခၚထားရတာပါ” လို႔ ေျပာခဲ့ပါတယ္။