မက်ဆီ နဲ့အတူ ရော်နယ်ဒိုကို ရင်ဆိုင်ရတာ တစ်ကယ်ကို ထူးခြားတဲ့ အခိုက်အတန့်တစ်ခု ဖြစ်မယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ နောက်ခံလူ ဆာဂျီယိုဒက်

ဆာဂျီယိုဒက်က မက်ဆီ နဲ့ ရော်နယ်ဒို တို့ (၂) ယောက်နဲ့အတူ ကွင်းထဲမှာ ရှိရမယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှု ကို ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မဲခွဲမှုရလဒ်ကြောင့် ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ တစ်အုပ်စုတည်းကို ကျရောက်နေတာဖြစ်ပြီး ဆာဂျီယိုဒက်က အကောင်းဆုံးနဲ့ ရင်ဆိုင်ပြီး သူ့ကိုယ်သူ စမ်းသပ်ရမှာကို မစောင့်နိုင်တော့ဘူးဖြစ်နေပါတယ်။

“မက်ဆီ နဲ့အတူ ကွင်းထဲမှာ ရော်နယ်ဒိုကို ရင်ဆိုင်ရတာက တစ်ကယ်ကို ထူးခြားတဲ့ အခိုက်အတန့်တစ်ခုဖြစ်မှာပါ”လို့ သူက beIN Sports သတင်းဌာနကို ပြောသွားခဲ့ပါတယ်။ဆာဂျီယိုဒက် အော်တိုဘာလ အစက ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာပေမယ့် အသင်းဖော်အသစ်တွေနဲ့အတူ တွဲကစားခဲ့ဖူးပြီဖြစ်ပါတယ်။

“ပြီးခဲ့တဲ့သောကြာနေ့က ဆဲလ်တာဗီဂိုအသင်းနဲ့ ပွဲအပြီးမှာ ကျွန်တော် မက်ဆီအပါအဝင် အသင်းဖော်အသစ်အားလုံးနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်”လို့ အသက် ၁၉ နှစ်အရွယ်ကစားသမားက ပြောသွားခဲ့ပါတယ်။

“ ဒါက တစ်ကယ်ကို ထူးခြားတဲ့အခိုက်အတန့်ပါ။ ဘာစီလိုနာအသင်းက စိတ်ဝင်စားတာကို သိလိုက်ရတဲ့အခါ ကျွန်တော့်အိပ်မက်က အမှန်တစ်ကယ်ဖြစ်လာပြီလို့ သိခဲ့ပါတယ်။ ကျွန်တော်ဒီမှာ အမြဲတမ်းရှိချင်ခဲ့ပါတယ်။

သူတို့ ကျွန်တော့်အေးဂျင့်ကို ဖုန်းခေါ်ခဲ့ပြီးနောက် ကျွန်တော့်အေးဂျင့်က ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်။ သူတို့ ကျွန်တော့်ကို လိုချင်တာကို သိလိုက်ရတဲ့အခါ ကျွန်တော်ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်ဟာ စိန်ခေါ်မှုတွေကို နှစ်သစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဒီကို ရောက်လာတာပါ။ ကျွန်တော်ကစားသမားတစ်ယောက်အနေနဲ့ အမြင့်ဆုံးအဆင့်အတန်းမှာ ကစားချင်ပါတယ်။ ဒီမှာ အံဝင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ညာနောက်ခံလူက ပြောသွားခဲ့ပါတယ်။

မက္ဆီ နဲ႔အတူ ေရာ္နယ္ဒိုကို ရင္ဆိုင္ရတာ တစ္ကယ္ကို ထူးျခားတဲ့ အခိုက္အတန္႔တစ္ခု ျဖစ္မယ္လို႔ ဆိုလိုက္တဲ့ ဘာစီလိုနာ ေနာက္ခံလူ ဆာဂ်ီယိုဒက္

ဆာဂ်ီယိုဒက္က မက္ဆီ နဲ႔ ေရာ္နယ္ဒို တို႔ (၂) ေယာက္နဲ႔အတူ ကြင္းထဲမွာ ရွိရမယ့္ အခြင့္အေရးနဲ႔ ပတ္သက္ျပီး သူ႔ရဲ႕ စိတ္လႈပ္ရွားမႈ ကို ထုတ္ေဖာ္ေျပာျပသြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မဲခြဲမႈရလဒ္ေၾကာင့္ ဘာစီလိုနာအသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ တစ္အုပ္စုတည္းကို က်ေ၇ာက္ေနတာျဖစ္ျပီး ဆာဂ်ီယိုဒက္က အေကာင္းဆံုးနဲ႔ ရင္ဆိုင္ျပီး သူ႔ကိုယ္သူ စမ္းသပ္ရမွာကို မေစာင့္ႏိုင္ေတာ့ဘူးျဖစ္ေနပါတယ္။

“မက္ဆီ န႔ဲအတူ ကြင္းထဲမွာ ေရာ္နယ္ဒိုကို ရင္ဆိုင္ရတာက တစ္ကယ္ကို ထူးျခားတဲ့ အခိုက္အတန္႔တစ္ခုျဖစ္မွာပါ”လို႔ သူက beIN Sports သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။ဆာဂ်ီယိုဒက္ ေအာ္တိုဘာလ အစက ဘာစီလိုနာအသင္းဆီကို ေရာက္ရွိလာေပမယ့္ အသင္းေဖာ္အသစ္ေတြနဲ႔အတူ တြဲကစားခဲ့ဖူးျပီျဖစ္ပါတယ္။

“ျပီးခဲ့တဲ့ေသာၾကာေန႔က ဆဲလ္တာဗီဂိုအသင္းနဲ႔ ပြဲအျပီးမွာ ကၽြန္ေတာ္ မက္ဆီအပါအ၀င္ အသင္းေဖာ္အသစ္အားလံုးနဲ႔ ေတြ႕ဆံုခြင့္ရခဲ့ပါတယ္”လို႔ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားက ေျပာသြားခဲ့ပါတယ္။

“ ဒါက တစ္ကယ္ကို ထူးျခားတဲ့အခိုက္အတန္႔ပါ။ ဘာစီလိုနာအသင္းက စိတ္၀င္စားတာကို သိလိုက္ရတဲ့အခါ ကၽြန္ေတာ့္အိပ္မက္က အမွန္တစ္ကယ္ျဖစ္လာျပီလို႔ သိခဲ့ပါတယ္။ ကၽြန္ေတာ္ဒီမွာ အျမဲတမ္းရွိခ်င္ခဲ့ပါတယ္။

သူတို႔ ကၽြန္ေတာ့္ေအးဂ်င့္ကို ဖုန္းေခၚခဲ့ျပီးေနာက္ ကၽြန္ေတာ့္ေအးဂ်င့္က ကၽြန္ေတာ့္ကို ေခၚခဲ့ပါတယ္။ သူတို႔ ကၽြန္ေတာ့္ကို လိုခ်င္တာကို သိလိုက္ရတဲ့အခါ ကၽြန္ေတာ္ဆံုးျဖတ္ျပီးပါျပီ။ ကၽြန္ေတာ္ဟာ စိန္ေခၚမႈေတြကို ႏွစ္သစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ ဒီကို ေရာက္လာတာပါ။ ကၽြန္ေတာ္ကစားသမားတစ္ေယာက္အေနနဲ႔ အျမင့္ဆံုးအဆင့္အတန္းမွာ ကစားခ်င္ပါတယ္။ ဒီမွာ အံ၀င္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ညာေနာက္ခံလူက ေျပာသြားခဲ့ပါတယ္။