ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းလူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရတဲ့ ကော်တိုအာ

ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား ကော်တိုအာဟာ ကြွက်သားဒဏ်ရာကြောင့် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း လူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။ သို့သော်လည်း ဒဏ်ရာဟာ ပြင်းထန်တာမဟုတ်လို့ စိုးရိမ်ရဖွယ်မရှိဖူးလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ကော်တိုအာဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အောက်တိုဘာလ (၁၈) ရက်နေ့ ကစားမယ့် ကာဒစ်ဇ်အသင်းနဲ့ စပိန်လာလီဂါပွဲကို လွဲချော်သွားမှာ မဟုတ်ဘူး ဖြစ်ပါတယ်။

“ကော်တိုဟာဟာ ဆေးစစ်ချက်ခံယူပြီးနောက် အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်သွားပါတယ်။ သူ့အခြေအနေက ကစားလို့ မရနိုင်ပါဘူး” လို့ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ရဲ့ တွစ်တာစာမျက်နှာကနေ ကြေညာခဲ့ပါတယ်။ ယခုအခါ ကော်တိုအာဟာ စပိန်ကို ပြန်လည်သွားရောက်ပြီး သီးသန့်ကုသမှု ခံယူနေတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကြာသပတေးနေ့မှာ အိုင်ဗရီကိုစ့်အသင်းနဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပြီး အဲ့ဒီနောက်မှာ အင်္ဂလန် နဲ့ အိုက်စ်လန်အသင်းတို့နဲ့ နေရှင်းလိဂ်ပြိုင်ပွဲ (၂) ပွဲကို ရင်ဆိုင်ကစားရမှာပါ။ ဘယ်လ်ဂျီယံအသင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း၌ နောက်ထပ်ဒဏ်ရာရနေတဲ့ ဟာဇက်လည်း ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာ ဂိုးသမားကော်တိုအာဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြနေတဲ့ ဂိုးသမားဖြစ်ပါတယ်။

ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းလူစာရင္းကေန ဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့ရတဲ့ ေကာ္တုိအာ

ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဂိုးသမား ေကာ္တိုအာဟာ ၾကြက္သားဒဏ္ရာေၾကာင့္ ဘယ္လ္ဂ်ီယံ လက္ေရြးစင္အသင္း လူစာရင္းကေန ဒဏ္ရာေၾကာင့္ ႏႈတ္ထြက္ခဲ့ရျပီျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒဏ္ရာဟာ ျပင္းထန္တာမဟုတ္လို႔ စိုးရိမ္ရဖြယ္မရွိဖူးလို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေကာ္တိုအာဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေအာက္တိုဘာလ (၁၈) ရက္ေန႔ ကစားမယ့္ ကာဒစ္ဇ္အသင္းနဲ႔ စပိန္လာလီဂါပြဲကို လြဲေခ်ာ္သြားမွာ မဟုတ္ဘူး ျဖစ္ပါတယ္။

“ေကာ္တုိဟာဟာ ေဆးစစ္ခ်က္ခံယူျပီးေနာက္ အသင္းရဲ႕ လူစာရင္းကေန ႏႈတ္ထြက္သြားပါတယ္။ သူ႔အေျခအေနက ကစားလို႔ မရႏိုင္ပါဘူး” လို႔ ဘယ္လ္ဂ်ီယံေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ တြစ္တာစာမ်က္ႏွာကေန ေၾကညာခဲ့ပါတယ္။ ယခုအခါ ေကာ္တုိအာဟာ စပိန္ကို ျပန္လည္သြားေရာက္ျပီး သီးသန္႔ကုသမႈ ခံယူေနတာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံအသင္းဟာ ၾကာသပေတးေန႔မွာ အိုင္ဗရီကိုစ့္အသင္းနဲ႔ ေျခစမ္းပြဲကစားရမွာျဖစ္ျပီး အဲ့ဒီေနာက္မွာ အဂၤလန္ နဲ႔ အိုက္စ္လန္အသင္းတို႔နဲ႔ ေနရွင္းလိဂ္ျပိဳင္ပြဲ (၂) ပြဲကို ရင္ဆိုင္ကစားရမွာပါ။ ဘယ္လ္ဂ်ီယံအသင္းမွာ ရီးရဲလ္မက္ဒရစ္အသင္း၌ ေနာက္ထပ္ဒဏ္ရာရေနတဲ့ ဟာဇက္လည္း ပါ၀င္ကစားႏိုင္မွာ မဟုတ္ပါဘူး။ ဒီႏွစ္ေဘာလံုးရာသီမွာ ဂိုးသမားေကာ္တုိအာဟာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ အေကာင္းဆံုး လက္စြမ္းျပေနတဲ့ ဂိုးသမားျဖစ္ပါတယ္။