အသင်းရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေါင်သန်း ၆၀ နဲ့ ရောင်းချပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ လူခေါ်ယူမှု ပြုလုပ်ရတော့မယ် ဗလင်စီယာ


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ဗလင်စီယာအသင်းနည်းပြ ဂျာဗီဂါစီယာနဲ့ အသင်းဥက္ကဌ အန်နေးမာသီတို့ရဲ့ နှစ်နာရီ ကြာ ဆွေးနွေးမှု အပြီးမှာတော့ အသင်းပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ က ဗလင်စီယာဟာ နည်းပြအပြောင်းအလဲ ၃ ဦးအထိ ရှိခဲ့ပြီး ဒီနှစ်နွေရာသီမှာ ဂျာဗီဂါစီယာ ကို နည်းပြအဖြစ်ခန့်အပ် ခဲ့တာပဲ ဖြစ်ပါတယ်။


ဂျာဗီဂါစီယာဟာ ဗလင်စီယာအသင်းပိုင်ရှင် ပီတာလင်းလက်ထက်မှာ ခုနှစ်ယောက်မြောက်နည်းပြဖြစ်လာခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားတွေခေါ်ယူပေးမယ်ဆိုတဲ့အချက်နဲ့ စည်းရုံးခဲ့ပေမယ့် ဗလင်စီယာဟာ နွေရာသီအပြောင်း အရွှေ့မှာ ကစားသမားခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်။ ဒါအပြင် အသင်းကနေ ကစားသမားကောင်းတွေဖြစ်တဲ့ ပါရီဂျို၊ ကိုကွီလင်၊ ရိုဒရီဂိုနဲ့ ဖာနန်တောရက်စ်တို့ကိုလည်း ဆုံးရှုံးခဲ့ရတာကြောင့် လူအင်အားဖြည့်တင်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။


ဗလင်စီယာဟာ လက်ရှိလာလီဂါ ၅ ပွဲကစားပြီးချိန်မှာ ၂ပွဲနိုင် ၊ ၂ပွဲရှုံးထားတယ်ဆိုပေမယ့် အသင်းအနေနဲ့ လူအင်အား ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ နည်းပြ ဂျာဗီဂါစီယာက ပြောခဲ့ပါတယ်။ ဂါစီယာက “ အသင်းက ထွက်ခွာသွားတဲ့ ကစားသမားတွေကို ကြည့်ရင် ကစားသမားကောင်းတွေချည်းပါပဲ။ သူတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဇန်နဝါရီမှာ လူခေါ်ရမှာပဲ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဗလင်စီယာအသင်းတာဝန်ရှိသူတွေဟာ တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အသင်းပိုင်ဆိုင်မှုတစ်ဝက်ကို ပေါင်သန်း ၆၀ နဲ့ ရောင်းချပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူခေါ်ယူမှု ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ဗလင်စီယာဟာ အဓိက,ကစားသမား ၄ ဦးအပြင် နောက်ခံလူ ဂါရေးနဲ့ ရိုးမားက အဌားနဲ့လာကစားနေတဲ့ ဖလိုရန်ဇီကိုလည်း လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

zawgyi version

အသင္းရဲ႕ပိုင္ဆိုင္မႈတစ္ဝက္ကို ေပါင္သန္း ၆၀ နဲ႔ ေရာင္းခ်ၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕မွာ လူေခၚယူမႈ ျပဳလုပ္ရေတာ့မယ္ ဗလင္စီယာ
ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ ဗလင္စီယာအသင္းနည္းျပ ဂ်ာဗီဂါစီယာနဲ႔ အသင္းဥကၠဌ အန္ေနးမာသီတို႔ရဲ႕ ႏွစ္နာရီ ၾကာ ေဆြးေႏြးမႈ အၿပီးမွာေတာ့ အသင္းပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုထြက္ေပၚလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီ က ဗလင္စီယာဟာ နည္းျပအေျပာင္းအလဲ ၃ ဦးအထိ ရွိခဲ့ၿပီး ဒီႏွစ္ေႏြရာသီမွာ ဂ်ာဗီဂါစီယာ ကို နည္းျပအျဖစ္ခန္႔အပ္ ခဲ့တာပဲ ျဖစ္ပါတယ္။
ဂ်ာဗီဂါစီယာဟာ ဗလင္စီယာအသင္းပိုင္ရွင္ ပီတာလင္းလက္ထက္မွာ ခုႏွစ္ေယာက္ေျမာက္နည္းျပျဖစ္လာခဲ့ၿပီး ေႏြရာသီ အေျပာင္းအေရႊ႕မွာ ကစားသမားေတြေခၚယူေပးမယ္ဆိုတဲ့အခ်က္နဲ႔ စည္းရံုးခဲ့ေပမယ့္ ဗလင္စီယာဟာ ေႏြရာသီအေျပာင္း အေရႊ႕မွာ ကစားသမားေခၚယူႏိုင္ခဲ့ျခင္းမရွိတာကိုေတြ႕ရပါတယ္။ ဒါအျပင္ အသင္းကေန ကစားသမားေကာင္းေတြျဖစ္တဲ့ ပါရီဂ်ိဳ၊ ကိုကီြလင္၊ ရိုဒရီဂိုနဲ႔ ဖာနန္ေတာရက္စ္တို႔ကိုလည္း ဆံုးရႈံးခဲ့ရတာေၾကာင့္ လူအင္အားျဖည့္တင္းဖို႔ လိုအပ္ေနတာပဲ ျဖစ္ပါတယ္။
ဗလင္စီယာဟာ လက္ရွိလာလီဂါ ၅ ပြဲကစားၿပီးခ်ိန္မွာ ၂ပြဲႏိုင္ ၊ ၂ပြဲရႈံးထားတယ္ဆိုေပမယ့္ အသင္းအေနနဲ႔ လူအင္အား ျဖည့္တင္းဖို႔ လိုအပ္ေနတယ္လို႔ နည္းျပ ဂ်ာဗီဂါစီယာက ေျပာခဲ့ပါတယ္။ ဂါစီယာက “ အသင္းက ထြက္ခြာသြားတဲ့ ကစားသမားေတြကို ၾကည့္ရင္ ကစားသမားေကာင္းေတြခ်ည္းပါပဲ။ သူတို႔ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဇန္နဝါရီမွာ လူေခၚရမွာပဲ ျဖစ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ဗလင္စီယာအသင္းတာဝန္ရွိသူေတြဟာ တစ္ကမၻာ့လံုးမွာ ျဖစ္ပြားေနတဲ့ ကပ္ေရာဂါ ေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အသင္းပိုင္ဆိုင္မႈတစ္ဝက္ကို ေပါင္သန္း ၆၀ နဲ႔ ေရာင္းခ်ၿပီး ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ လူေခၚယူမႈ ျပဳလုပ္ေပးမယ္လို႔ သိရပါတယ္။ ဗလင္စီယာဟာ အဓိက,ကစားသမား ၄ ဦးအျပင္ ေနာက္ခံလူ ဂါေရးနဲ႔ ရိုးမားက အဌားနဲ႔လာကစားေနတဲ့ ဖလိုရန္ဇီကိုလည္း လက္လႊတ္ခဲ့ရတယ္လို႔ သိရပါတယ္။