လစာဖြတ်တောက်မှုတွေ ရှိခဲ့ပေမယ့် ကစားသမားတွေရဲ့လစာအပေါ် သက်ရောက်မှုမရှိခဲ့ဘူးလို့ ဘာစီလိုနာဒုတိယဥက္ကဌ ဂျော်ဒီမွိုက်စ် ပြောဆို

ဘာစီလိုနာအသင်း ဒုတိယဥက္ကဌ ဂျော်ဒီမွိုက်စ်က ပြီးခဲ့တဲ့နှစ် ဘဏ္ဍာရေးအခြေအနေအရ အသင်းအနေနဲ့ ယူရို ၉၇ သန်း အထိ အရှုံးပေါ်ခဲ့တာကြောင့် လစာဖြတ်တောက်မှုတွေရှိခဲ့ပေမယ့် ကစားသမားတွေရဲ့လစာအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ကိုဗစ်ကြောင့် ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်က ဝင်ငွေ ယူရို ၂၀၃ သန်းအထိ နစ်နာခဲ့တယ်လို့လည်း သိရပါတယ်။

RAC1 နဲ့ အင်တာဗျူးရာမှာတော့ ဂျော်ဒီမွိုက်စ်က “ ကိုဗစ် ဆိုတာကြီးကို ကျွန်တော်တို့ ဖန်တီးခဲ့ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကြောင့် ယူရို သန်း ၂၀၀ ကျော် နစ်နာခဲ့ရပါတယ်။ ဒီရာသီမှာ ကျွန်တော်ရဲ့ စီမံအုပ်ချုုပ်မှုတွေကို လွဲချော်လို့ မရပါဘူး။ ကစားသမားတွေဆီက လစာဖြတ်တောက်မှု ပြုလုပ်ဖို့လည်း မလိုအပ်ပါဘူး။အသင်းအတွက် အကောင်းဆုံးဖြစ် နိုင်မယ့်နည်းလမ်းကို ရှာဖွေရမှာပါ” လို့ ပြောခဲ့ပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာက မခေါ်ယူနိုင်ခဲ့တဲ့ မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာက လာမယ့်ဇန်နဝါရီအ ပြောင်းအရွှေ့ကျရင် ဘာစီလိုနာကို ပြောင်းရွှေ့ချင်ကြောင်း ပြောခဲ့တယ်လို့ သတင်းထောက် ရာမာနိုကဖော်ပြခဲ့ပါတယ်။ ကလပ်နှစ်သင်းကြားပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အဲရစ်ဂါစီယာအနေနဲ့ မန်စီးတီးမှာ ဆက်ရှိနေခဲ့ တာဖြစ်ပြီး လာမယ့်နွေရာသီဆိုရင်တော့ ဘာစီလိုနာအနေနဲ့ အဲရစ်ဂါစီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

zawgyi version

လစာျဖတ္ေတာက္မႈေတြ ရွိခဲ့ေပမယ့္ ကစားသမားေတြရဲ႕လစာအေပၚ သက္ေရာက္မႈမရွိခဲ့ဘူးလို႔ ဘာစီလိုနာဒုတိယဥကၠဌ ေဂ်ာ္ဒီမိြဳက္စ္ ေျပာဆို
ဘာစီလိုနာအသင္း ဒုတိယဥကၠဌ ေဂ်ာ္ဒီမိြဳက္စ္က ၿပီးခဲ့တဲ့ႏွစ္ ဘ႑ာေရးအေျခအေနအရ အသင္းအေနနဲ႔ ယူရို ၉၇ သန္း အထိ အရႈံးေပၚခဲ့တာေၾကာင့္ လစာျဖတ္ေတာက္မႈေတြရွိခဲ့ေပမယ့္ ကစားသမားေတြရဲ႕လစာအေပၚ အက်ိဳးသက္ေရာက္မႈ မရွိခဲ့ဘူးလို႔ သိရပါတယ္။ ကိုဗစ္ေၾကာင့္ ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ႏွစ္က ဝင္ေငြ ယူရို ၂၀၃ သန္းအထိ နစ္နာခဲ့တယ္လို႔လည္း သိရပါတယ္။
RAC1 နဲ႔ အင္တာဗ်ဴးရာမွာေတာ့ ေဂ်ာ္ဒီမိြဳက္စ္က “ ကိုဗစ္ ဆိုတာၾကီးကို ကြ်န္ေတာ္တို႔ ဖန္တီးခဲ့ၾကတာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူေၾကာင့္ ယူရို သန္း ၂၀၀ ေက်ာ္ နစ္နာခဲ့ရပါတယ္။ ဒီရာသီမွာ ကြ်န္ေတာ္ရဲ႕ စီမံအုပ္ခ်ုဳပ္မႈေတြကို လြဲေခ်ာ္လို႔ မရပါဘူး။ ကစားသမားေတြဆီက လစာျဖတ္ေတာက္မႈ ျပဳလုပ္ဖို႔လည္း မလိုအပ္ပါဘူး။အသင္းအတြက္ အေကာင္းဆံုးျဖစ္ ႏိုင္မယ့္နည္းလမ္းကို ရွာေဖြရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာက မေခၚယူႏိုင္ခဲ့တဲ့ မန္စီးတီးေနာက္ခံလူ အဲရစ္ဂါစီယာက လာမယ့္ဇန္နဝါရီအ ေျပာင္းအေရႊ႕က်ရင္ ဘာစီလိုနာကို ေျပာင္းေရႊ႕ခ်င္ေၾကာင္း ေျပာခဲ့တယ္လို႔ သတင္းေထာက္ ရာမာႏိုကေဖာ္ျပခဲ့ပါတယ္။ ကလပ္ႏွစ္သင္းၾကားေျပာင္းေရႊ႕ေၾကး ညိွႏႈိင္းမႈ အဆင္မေျပတာေၾကာင့္ အဲရစ္ဂါစီယာအေနနဲ႔ မန္စီးတီးမွာ ဆက္ရွိေနခဲ့ တာျဖစ္ၿပီး လာမယ့္ေႏြရာသီဆိုရင္ေတာ့ ဘာစီလိုနာအေနနဲ႔ အဲရစ္ဂါစီယာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္မွာ ျဖစ္ပါတယ္။