နှစ် ၄၀ အတွင်းနွေဈေးကွက်မှာ ပထမဆုံးအကြိမ်လူမခေါ်ခဲ့တဲ့ ရီးရဲလ် အပြင် ဘာစီလိုနာ၊ အက်သလက်တီကိုတို့ကြောင့် လာလီဂါပရိသတ်တွေ မကျေမနပ်ဖြစ်နေလို့ သိရ


ပြီးခဲ့တဲ့တနင်္လာနေ့က ပြီးဆုံးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာတော့ စပိန်ထိပ်သီးကလပ်အသင်းတစ် သင်းဖြစ်တဲ့ ရီးရဲလ်ဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် လူခေါ်ယူမှု မပြုလုပ်ခဲ့သလို ဘာစီလိုနာကလည်း ကာလ ရှည်စိတ်ဝင်စားနေတဲ့ လိုင်ယွန်တိုက်စစ်မှူး ဒီပေးကို အရခေါ်နိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ထပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုကတော့ ကွင်းလယ်လူပါတေးကို ဆုံးရှုံးလိုက်ရတာကြောင့် လာလီဂါပရိသတ်တွေအနေနဲ့ မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့အင်္ဂါနေ့ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ Diario AS ရဲ့ဖော်ပြချက်အရတော့ လာလီဂါရဲ့ ဒီနှစ်နွေရာသီအပြောင်း အရွှေ့အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ထက် ၆၅ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါ တယ်။ ပြီးခဲ့တဲ့ရာသီက နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ဟာ ယူရို ၁.၃ ဘီလီယံအထိ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ယူရိုသန်း ၄၁၀ သာ ရှိခဲ့တာဖြစ်ပါတယ်။


ဒီလိုနွေရာသီအပြောင်းအရွှေ့အသုံးစရိတ်လျော့ကျခြင်းရဲ့ အဓိကအကြောင်းအရင်းက ရီးရဲလ်အနေနဲ့ ကစားသမားသစ် ခေါ်ယူခြင်းမရှိတာကြောင့်လို့ ဖော်ပြကြသလို အခြားအသင်းကြီးတွေအနေနဲ့လည်း ဈေးကွက်အတွင်းမှာ လူခေါ်ယူမှု သိပ် မလုပ်ခဲ့တာကြောင့်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။ စပိန်ကလပ်အသင်းကြီးတွေထဲမှာ ဆီဗီလာတစ်သင်းတည်းပဲ ကစား သမားကောင်းတွေကို ဆက်ထိန်းထားနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။


ဘာစီလိုနာဟာ နွေရာသီအပြောင်းအရွှေ့မှာ ဆွာရက်ဇ်၊ ရာဖင်ဟာ၊ အာသာမယ်လို၊ ဗီဒယ်လ်၊ ရာကီတစ်နဲ့ ဆီမီဒိုတို့လို ကစားသမား တွေကို ဆုံးရှုံးထားခဲ့ရပေမယ့် အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် တနင်္လာနေ့နံနက်မှာတော့ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ယူရို ၉၇ သန်း အရှုံးပေါ်တယ်လို့ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ စိတ်ဝင်စားခဲ့ တဲ့ ဒီပေး၊ ဝီနယ်ဒန်၊ လော်တာရိုမာတီနက်ဇ်နဲ့ အဲရစ်ဂါစီယာတို့ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

 

zawgyi version

ႏွစ္ ၄၀ အတြင္းေႏြေစ်းကြက္မွာ ပထမဆံုးအၾကိမ္လူမေခၚခဲ့တဲ့ ရီးရဲလ္ အျပင္ ဘာစီလိုနာ၊ အက္သလက္တီကိုတို႔ေၾကာင့္ လာလီဂါပရိသတ္ေတြ မေက်မနပ္ျဖစ္ေနလို႔ သိရ
ၿပီးခဲ့တဲ့တနလၤာေန႔က ၿပီးဆံုးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ခ်ိန္မွာေတာ့ စပိန္ထိပ္သီးကလပ္အသင္းတစ္ သင္းျဖစ္တဲ့ ရီးရဲလ္ဟာ ႏွစ္ေပါင္း ၄၀ အတြင္း ပထမဆံုးအၾကိမ္ လူေခၚယူမႈ မျပဳလုပ္ခဲ့သလို ဘာစီလိုနာကလည္း ကာလ ရွည္စိတ္ဝင္စားေနတဲ့ လိုင္ယြန္တိုက္စစ္မွဴး ဒီေပးကို အရေခၚႏိုင္ခဲ့ျခင္းမရွိပါဘူး။ ေနာက္ထပ္အသင္းၾကီးတစ္သင္းျဖစ္တဲ့ အက္သလက္တီကိုကေတာ့ ကြင္းလယ္လူပါေတးကို ဆံုးရႈံးလိုက္ရတာေၾကာင့္ လာလီဂါပရိသတ္ေတြအေနနဲ႔ မေက်မနပ္ ျဖစ္ေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့အဂၤါေန႔ထုတ္ သတင္းစာတစ္ေစာင္ျဖစ္တဲ့ Diario AS ရဲ႕ေဖာ္ျပခ်က္အရေတာ့ လာလီဂါရဲ႕ ဒီႏွစ္ေႏြရာသီအေျပာင္း အေရႊ႕အသံုးစရိတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕အသံုးစရိတ္ထက္ ၆၅ ရာခိုင္ႏႈန္း ေလ်ာ့က်ခဲ့တယ္လို႔ သိရပါ တယ္။ ၿပီးခဲ့တဲ့ရာသီက ေႏြရာသီအေျပာင္းအေရႊ႕အသံုးစရိတ္ဟာ ယူရို ၁.၃ ဘီလီယံအထိ ရွိခဲ့ၿပီး ဒီႏွစ္မွာေတာ့ ယူရိုသန္း ၄၁၀ သာ ရွိခဲ့တာျဖစ္ပါတယ္။
ဒီလိုေႏြရာသီအေျပာင္းအေရႊ႕အသံုးစရိတ္ေလ်ာ့က်ျခင္းရဲ႕ အဓိကအေၾကာင္းအရင္းက ရီးရဲလ္အေနနဲ႔ ကစားသမားသစ္ ေခၚယူျခင္းမရွိတာေၾကာင့္လို႔ ေဖာ္ျပၾကသလို အျခားအသင္းၾကီးေတြအေနနဲ႔လည္း ေစ်းကြက္အတြင္းမွာ လူေခၚယူမႈ သိပ္ မလုပ္ခဲ့တာေၾကာင့္လို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။ စပိန္ကလပ္အသင္းၾကီးေတြထဲမွာ ဆီဗီလာတစ္သင္းတည္းပဲ ကစား သမားေကာင္းေတြကို ဆက္ထိန္းထားႏိုင္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။
ဘာစီလိုနာဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဆြာရက္ဇ္၊ ရာဖင္ဟာ၊ အာသာမယ္လို၊ ဗီဒယ္္လ္၊ ရာကီတစ္နဲ႔ ဆီမီဒိုတို႔လို ကစားသမား ေတြကို ဆံုးရႈံးထားခဲ့ရေပမယ့္ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ့္ တနလၤာေန႔နံနက္မွာေတာ့ အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ယူရို ၉၇ သန္း အရႈံးေပၚတယ္လို႔ ထုတ္ျပန္ခဲ့တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအေနနဲ႔ စိတ္ဝင္စားခဲ့ တဲ့ ဒီေပး၊ ဝီနယ္ဒန္၊ ေလာ္တာရိုမာတီနက္ဇ္နဲ႔ အဲရစ္ဂါစီယာတို႔ကို ေခၚယူႏိုင္ခဲ့ျခင္းမရွိဘူးလို႔လည္း သိရပါတယ္။