ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာပေမယ့် ဆွာရက်ဇ်ရဲ့ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဘရေဝေ့ချ်

ဘာစီလိုနာအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ဘောလုံးဂျာစီတွေကို ထုတ်ပြန်ခဲ့ရာမှာတော့ အက်သလက်တီ ကိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ဆွာရက်ဇ်ရဲ့ ကျောနံပါတ် ၉ ဂျာစီကို တိုက်စစ်မှူး ဘရေဝေ့ချ်အနေနဲ့ ဝတ်ဆင်ခွင့်ရရှိခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အရေးပေါ်အခြေအနေတစ်ခုကနေ ဘာစီလိုနာကို ရောက်ရှိလာတဲ့ ဘရေဝေ့ချ်အနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူတော့ မဟုတ်ခဲ့တာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ တိုက်စစ်မှာ မက်ဆီ၊ ဂရစ်ဇ်မန်း၊ အန်ဆုဖာတီနဲ့ ဒမ်ဘီလီတို့လိုကစားသမားတွေ နဲ့အပြိုင် ဘရေဝေ့ချ်အနေနဲ့ နေရာရဖို့ တိုက်ပွဲဝင်သွားရမှာပဲ ဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်တဲ့ကစားသမား တွေသာ ဝတ်ဆင်ခွင့်ရလေ့ရှိတဲ့ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တာကြောင့် ဘရေဝေ့ချ်အနေနဲ့ နည်းပြရော်နယ် ကိုးမန်းရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရလာနိုင်တယ်လို့လည်း ထင်ကြေးပေးခံနေရပါတယ်။


ဘရေဝေ့ချ်ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း စပိန်မီဒီယာတွေရဲ့ သားကောင်ဖြစ်ခဲ့ရပြီး အသင်းပြောင်းရွှေ့ဖို့တောင်းဆို ထားတဲ့ မက်ဆီကို ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ချင်တယ်လို့ ဖော်ပြခံခဲ့ရပါတယ်။ ဒီသတင်းတွေကိုတော့ ဘရေဝေ့ချ် က ရှင်းလင်းခဲ့ပြီး သူအနေနဲ့ လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်ဆောင်မှာမဟုတ်ဘူး ဆိုပြီး ပြန်လည်တုံ ပြန်ခဲ့ပါတယ်။

ဘရေဝေ့ချ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၁၁ ပွဲသာ ကစားခွင့်ရခဲ့ပြီး သွင်းဂိုးတစ်ဂိုးပဲ သွင်းယူနိုင်ခဲ့ပါ တယ်။ ဘရေဝေ့ချ်ရဲ့ သွင်းယူခဲ့တဲ့ဂိုးကိုတော့ မက်ဆီက ဖန်တီးမှုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဘရေဝေ့ချ် ဟာ ဘာစီလိုနာအတွက် တစ်ပွဲမှ ပါဝင်ကစားခွင့်မရရှိသေးတာပဲ ဖြစ်ပါတယ်။

zawgyi version

ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာပေမယ့် ဆွာရက်ဇ်ရဲ့ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဘရေဝေ့ခ်ျ
ဘာစီလိုနာအသင်းရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ဘောလုံးဂျာစီတွေကို ထုတ်ပြန်ခဲ့ရာမှာတော့ အက်သလက်တီ ကိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ဆွာရက်ဇ်ရဲ့ ကျောနံပါတ် ၉ ဂျာစီကို တိုက်စစ်မှူး ဘရေဝေ့ခ်ျအနေနဲ့ ဝတ်ဆင်ခွင့်ရရှိခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အရေးပေါ်အခြေအနေတစ်ခုကနေ ဘာစီလိုနာကို ရောက်ရှိလာတဲ့ ဘရေဝေ့ခ်ျအနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူတော့ မဟုတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းရဲ့ တိုက်စစ်မှာ မက်ဆီ၊ ဂရစ်ဇ်မန်း၊ အန်ဆုဖာတီနဲ့ ဒမ်ဘီလီတို့လိုကစားသမားတွေ နဲ့အပြိုင် ဘရေဝေ့ခ်ျအနေနဲ့ နေရာရဖို့ တိုက်ပွဲဝင်သွားရမှာပဲ ဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်တဲ့ကစားသမား တွေသာ ဝတ်ဆင်ခွင့်ရလေ့ရှိတဲ့ ကျောနံပါတ် ၉ ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တာကြောင့် ဘရေဝေ့ခ်ျအနေနဲ့ နည်းပြရော်နယ် ကိုးမန်းရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရလာနိုင်တယ်လို့လည်း ထင်ကြေးပေးခံနေရပါတယ်။
ဘရေဝေ့ခ်ျဟာ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း စပိန်မီဒီယာတွေရဲ့ သားကောင်ဖြစ်ခဲ့ရပြီး အသင်းပြောင်းရွှေ့ဖို့တောင်းဆို ထားတဲ့ မက်ဆီကို ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ချင်တယ်လို့ ဖော်ပြခံခဲ့ရပါတယ်။ ဒီသတင်းတွေကိုတော့ ဘရေဝေ့ခ်ျ က ရှင်းလင်းခဲ့ပြီး သူအနေနဲ့ လေးစားမှုကင်းမဲ့တဲ့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်ဆောင်မှာမဟုတ်ဘူး ဆိုပြီး ပြန်လည်တုံ ပြန်ခဲ့ပါတယ်။
ဘရေဝေ့ခ်ျဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၁၁ ပွဲသာ ကစားခွင့်ရခဲ့ပြီး သွင်းဂိုးတစ်ဂိုးပဲ သွင်းယူနိုင်ခဲ့ပါ တယ်။ ဘရေဝေ့ခ်ျရဲ့ သွင်းယူခဲ့တဲ့ဂိုးကိုတော့ မက်ဆီက ဖန်တီးမှုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဘရေဝေ့ခ်ျ ဟာ ဘာစီလိုနာအတွက် တစ်ပွဲမှ ပါဝင်ကစားခွင့်မရရှိသေးတာပဲ ဖြစ်ပါတယ်။