အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒီပေးရဲ့ တန်ကြေးကို ပေါင် ၂၃ သန်းအထိ လျော့ချပေးခဲ့ပေမယ့် ဘာစီလိုနာအသင်းက မခေါ်ယူနိုင်ခဲ့

လိုင်ယွန်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား ဒီပေးရဲ့ တန်ကြေးကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါင် ၂၃ သန်းအထိ လျော့ချပေးခဲ့သော်လည်း ဘာစီလိုနာအသင်းမခေါ်ယူနိုင်ခဲ့ဘူးလို့ နယ်သာလန်က သတင်းများအရ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေများစွာ ထွက်ပေါ်နေခဲ့ပေမယ့် ဘာစီလိုနာအသင်းက အူစမန်နီဒမ်ဘီလီက ယူနိုက်တက်ကို အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့လို့ သူလည်း မပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီပေးကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အဓိက ပစ်မှတ်ထားခဲ့သော်လည်း အသက် ၅၇ နှစ်အရွယ် နည်းပြကြီးက သူ့ရဲ့ တပည့်ဟောင်းကို မခေါ်ယူနိုင်ခဲ့ပါဘူး။သတင်းများအရ အဲ့ဒီလို မခေါ်ယူနိုင်ခဲ့တာဟာ ဘာစီလိုနာအသင်းက လိုင်ယွန်အသင်းက သတ်မှတ်ထားတဲ့ တန်ကြေးကို မပေးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လီဂူး ၁ ကလပ်အသင်းဟာ ဒီပေးရဲ့ တန်ကြေးကို ပေါင် ၂၂ သန်းအထိ လျော့ချခဲ့တာဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းဟာ အသက် ၂၆ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကစားသမားနဲ့ နိုင်ငံအသင်းမှာ အတူတူ အလုပ်တွဲလုပ်ခဲ့သူပါ။ သူ့အသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ် နဲ့ မန်စီးတီးအသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ဒီေပးရဲ႕ တန္ေၾကးကို ေပါင္ ၂၃ သန္းအထိ ေလ်ာ့ခ်ေပးခဲ့ေပမယ့္ ဘာစီလိုနာအသင္းက မေခၚယူႏိုင္ခဲ့

လိုင္ယြန္အသင္းဟာ အသင္းရဲ႕ တိုက္စစ္ကစားသမား ဒီေပးရဲ႕ တန္ေၾကးကို အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေပါင္ ၂၃ သန္းအထိ ေလ်ာ့ခ်ေပးခဲ့ေသာ္လည္း ဘာစီလုိနာအသင္းမေခၚယူႏိုင္ခဲ့ဘူးလို႔ နယ္သာလန္က သတင္းမ်ားအရ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္ကစားသမားဟာ ဘာစီလုိနာအသင္းကို ေျပာင္းေရႊ႕မယ္လုိ႔ သတင္းေတြမ်ားစြာ ထြက္ေပၚေနခဲ့ေပမယ့္ ဘာစီလိုနာအသင္းက အူစမန္နီဒမ္ဘီလီက ယူႏိုက္တက္ကို အေျပာင္းအေရႊ႕ မျဖစ္ေပၚခဲ့လို႔ သူလည္း မေျပာင္းေရႊ႕ခဲ့ရတာျဖစ္ပါတယ္။

ဒီေပးကို ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက အဓိက ပစ္မွတ္ထားခဲ့ေသာ္လည္း အသက္ ၅၇ ႏွစ္အရြယ္ နည္းျပၾကီးက သူ႔ရ႕ဲ တပည့္ေဟာင္းကို မေခၚယူႏုိင္ခဲ့ပါဘူး။သတင္းမ်ားအရ အဲ့ဒီလို မေခၚယူႏိုင္ခဲ့တာဟာ ဘာစီလုိနာအသင္းက လိုင္ယြန္အသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးကို မေပးႏိုင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ လီဂူး ၁ ကလပ္အသင္းဟာ ဒီေပးရဲ႕ တန္ေၾကးကို ေပါင္ ၂၂ သန္းအထိ ေလ်ာ့ခ်ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ကိုးမန္းဟာ အသက္ ၂၆ ႏွစ္အရြယ္ နယ္သာလန္လက္ေရြးစင္ကစားသမားနဲ႔ ႏိုင္ငံအသင္းမွာ အတူတူ အလုပ္တြဲလုပ္ခဲ့သူပါ။ သူ႔အသင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီခ်န္ပီယံလိဂ္မွာ ဂ်ဴဗင္တပ္စ္ နဲ႔ မန္စီးတီးအသင္းတို႔ကို ေက်ာ္ျဖတ္ခဲ့ျပီး ဆီမီးဖိုင္နယ္အထိ တက္လွမ္းႏို္င္ခဲ့ပါတယ္။