ဇီဒန်းက ရီးရဲလ်အတွက် ယူနိုက်တက်ရဲ့ ဆာအဲလက်ဖာဂူဆန် လို့ ချီးကျူးခဲ့တဲ့ ကွင်းလယ်လူ မိုဒရစ်

ရီးရဲလ်အသင်းကွင်းလယ်ကစားသမား မိုဒရစ်က နည်းပြ ဇီဒန်းမှာ ရီးရဲလ်အတွက် ယူနိုက်တက်ရဲ့ ဆာအဲလက်ဖာဂူဆန် လို လူမျိုးလို့ ချီးကျူးခဲ့ပါတယ်။ ရီးရဲလ်ဟာ ဇီဒန်းရဲ့လက်အောက်မှာ ဘယ်အသင်းကမှ ရရှိခဲ့ခြင်းမရှိသေးတဲ့ ချန်ပီယံလိဂ် ၃ နှစ်ဆက် ဗိုလ်စွဲခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း လာလီဂါချန်ပီယံဆု ကို ပြန်လည်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ မိုဒရစ်က “ ကျွန်တော်ကို ရီးရဲလ်ရောက်ဖို့အတွက် မော်ရင်ဟိုက ခေါ်ယူခဲ့တာပါ။ ရီးရဲ့လ်မှာ နာ မည်ကြီးနည်းပြတွေဖြစ်တဲ့ အန်ဆယ်လော့တီ၊ ဘင်နီတက်ဇ်နဲ့ ဇီဒန်းတို့ရဲ့ လက်အောက်မှာ ဘောလုံးကစားခွင့်ရခဲ့ပြီး ကျွန်တော်အတွက်တော့ ဇီဒန်း က အကောင်းဆုံးနည်းပြပါပဲ။ ယူနိုက်တက်ကို ဆာအဲလက်ဖာဂူူဆန်ကိုင်တွယ်ပြီးနောက်မှာ ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့သလို ရီးရဲလ်အတွက် ခေတ်တစ်ခတ်ကိုလည်း ဇီဒန်းအနေနဲ့ တည်ဆောက်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။


အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ မိုဒရစ်ဟာ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့တယ်ဆိုပေမယ့် ဈေးကွက်ပိတ်ချိန်မှာ တော့ ရီးရဲလ်မှာပဲ ဆက်နေရှိခဲ့တာဖြစ်ပါတယ်။ မိုဒရစ်က သူအနေနဲ့ အခုလို ရီးရဲလ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းရဲ့ အဓိ က အကြောင်းအရင်းက နည်းပြဇီဒန်းကြောင့်ဖြစ်တယ်ဆိုပြီး အသင်းရဲ့ရေဒီယိုလိုင်းကနေ တဆင့်ထုတ်ဖော်ပြောကြားသွား ခဲ့ပါတယ်။


အသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဟာဇက်နဲ့ ဗင်နီဆီယက်စ်တို့ နှစ်ယောက်စလုံးလည်း ဇီဒန်း ရဲ့လက်အောက်မှာ ခြေစွမ်းတိုးတက်လာမယ်လို့ မိုဒရစ်က မှတ်ချက်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒဏ်ရာရရှိမှု၊ ကိုယ်ခန္ဓာအလေးချိန်တိုးနေမှုတွေကြောင့် ဟာဇက်အနေနဲ့ အနားယူနေရတာဖြစ်ပြီး ဗင်နီဆီယက်စ်ကတော့ ကစားခွင့် ရတဲ့ပွဲတွေမှာ ဂိုးသွင်းယူနိုင်တာကို တွေ့ရပါတယ်။

zawgyi version

ဇီဒန္းက ရီးရဲလ္္အတြက္ ယူႏိုက္တက္ရဲ႕ ဆာအဲလက္ဖာဂူဆန္ လို႔ ခ်ီးက်ဴးခဲ့တဲ့ ကြင္းလယ္လူ မိုဒရစ္

ရီးရဲလ္အသင္းကြင္းလယ္ကစားသမား မိုဒရစ္က နည္းျပ ဇီဒန္းမွာ ရီးရဲလ္အတြက္ ယူႏိုက္တက္ရဲ႕ ဆာအဲလက္ဖာဂူဆန္ လို လူမ်ိဳးလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ ရီးရဲလ္ဟာ ဇီဒန္းရဲ႕လက္ေအာက္မွာ ဘယ္အသင္းကမွ ရရွိခဲ့ျခင္းမရွိေသးတဲ့ ခ်န္ပီယံလိဂ္ ၃ ႏွစ္ဆက္ ဗိုလ္စြဲခဲ့သလို ၿပီးခဲ့တဲ့ရာသီကလည္း လာလီဂါခ်န္ပီယံဆု ကို ျပန္လည္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
အင္တာဗ်ဴးတစ္ခုမွာေတာ့ မိုဒရစ္က “ ကြ်န္ေတာ္ကို ရီးရဲလ္ေရာက္ဖို႔အတြက္ ေမာ္ရင္ဟိုက ေခၚယူခဲ့တာပါ။ ရီးရဲ႕လ္မွာ နာ မည္ၾကီးနည္းျပေတြျဖစ္တဲ့ အန္ဆယ္ေလာ့တီ၊ ဘင္နီတက္ဇ္နဲ႔ ဇီဒန္းတို႔ရဲ႕ လက္ေအာက္မွာ ေဘာလံုးကစားခြင့္ရခဲ့ၿပီး ကြ်န္ေတာ္အတြက္ေတာ့ ဇီဒန္း က အေကာင္းဆံုးနည္းျပပါပဲ။ ယူႏိုက္တက္ကို ဆာအဲလက္ဖာဂူူဆန္ကိုင္တြယ္ၿပီးေနာက္မွာ ေခတ္တစ္ခုကို ထူေထာင္ႏိုင္ခဲ့သလို ရီးရဲလ္အတြက္ ေခတ္တစ္ခတ္ကိုလည္း ဇီဒန္းအေနနဲ႔ တည္ေဆာက္ႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ မိုဒရစ္ဟာ အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚခဲ့တယ္ဆိုေပမယ့္ ေစ်းကြက္ပိတ္ခ်ိန္မွာ ေတာ့ ရီးရဲလ္မွာပဲ ဆက္ေနရွိခဲ့တာျဖစ္ပါတယ္။ မိုဒရစ္က သူအေနနဲ႔ အခုလို ရီးရဲလ္မွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ျခင္းရဲ႕ အဓိ က အေၾကာင္းအရင္းက နည္းျပဇီဒန္းေၾကာင့္ျဖစ္တယ္ဆိုၿပီး အသင္းရဲ႕ေရဒီယိုလိုင္းကေန တဆင့္ထုတ္ေဖာ္ေျပာၾကားသြား ခဲ့ပါတယ္။
အသင္းမွာ ပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ေနရတဲ့ တိုက္စစ္မွဴး ဟာဇက္နဲ႔ ဗင္နီဆီယက္စ္တို႔ ႏွစ္ေယာက္စလံုးလည္း ဇီဒန္း ရဲ႕လက္ေအာက္မွာ ေျခစြမ္းတိုးတက္လာမယ္လို႔ မိုဒရစ္က မွတ္ခ်က္ျပဳခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒဏ္ရာရရွိမႈ၊ ကိုယ္ခနၶာအေလးခ်ိန္တိုးေနမႈေတြေၾကာင့္ ဟာဇက္အေနနဲ႔ အနားယူေနရတာျဖစ္ၿပီး ဗင္နီဆီယက္စ္ကေတာ့ ကစားခြင့္ ရတဲ့ပြဲေတြမွာ ဂိုးသြင္းယူႏိုင္တာကို ေတြ႕ရပါတယ္။