နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘာစီလိုနာအနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်ဆိုပြီး ပြောခဲ့တဲ့ ရော်နယ်ကိုး မန်း

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက ဒီရာသီလာလီဂါပွဲစဉ်အဖြစ် ကစားခဲ့တဲ့ နှစ်ပွဲမှာ နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရပြီး နောက် အသင်းအနေနဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဘာစီလိုနာဟာ လာလီဂါအဖွင့်ပွဲစဉ်အ ဖြစ် ကစားခဲ့တဲ့ ဗီလာရီးရဲလ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ပြီးခဲ့တဲ့နေ့က ဆဲလ်တာဗီဂိုနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း သုံးဂိုး ပြတ်နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။


ဆဲလ်တာဗီဂိုကွင်းမှာ သွားရောက်ကစားတိုင်းရုန်းကန်ရလေ့ရှိတဲ့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နေ့ကပွဲမှာလည်း ပွဲချိန် ၄၂ မိနစ် မှာပဲ နောက်ခံလူ လန်ဂျီလက်က နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့ခဲ့ပြီး လက်ကျန်အချိန်တွေ ကို ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ ဗီလာရီးရဲလ်နဲ့ပွဲတုန်းက နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်ကစားသမား အန်ဆုဖာတီက ဆဲလ်တာဗီဂိုနဲ့ ပွဲမှာလည်း ဘာစီလိုနာအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။


ဆဲလ်တာဗီဂိုကို အနိုင်ရတဲ့ ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက “ အသင်းရဲ့ကစားပုံအတွက် တကယ် ကို ဂုဏ်ယူမိပါတယ်။ ကစားသမားတစ်ယောက်လျော့နေတယ်ဆိုပေမယ့် အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အခုဆိုရင် အသင်းက နှစ်ပွဲဆက်အနိုင်ရခဲ့ပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ဆိုရမှာပဲ ဖြစ်ပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက လက်ရှိဘာစီလိုနာအသင်းရဲ့စွမ်းဆောင်ရည်က ထင်ထားတာထက် ပိုကောင်းကြောင်းပြောခဲ့ပြီး အသင်းအနေနဲ့ ဆုဖလားတွေကို ရယူနိုင်ဖို့ မျှော်လင့်နိုင်ကြောင်းလည်းပြောခဲ့ပါတယ်။ ဘာစီ လိုနာဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဆီဗီလာကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ႏွစ္ပြဲဆက္ ဂိုးျပတ္အႏိုင္ရခဲ့ၿပီးေနာက္ ဘာစီလိုနာအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚမွာရွိေနတယ္ဆိုၿပီး ေျပာခဲ့တဲ့ ေရာ္နယ္ကိုး မန္း
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက ဒီရာသီလာလီဂါပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ႏွစ္ပြဲမွာ ႏွစ္ပြဲစလံုး ဂိုးျပတ္အႏိုင္ရၿပီး ေနာက္ အသင္းအေနနဲ႔ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ဘာစီလိုနာဟာ လာလီဂါအဖြင့္ပြဲစဥ္အ ျဖစ္ ကစားခဲ့တဲ့ ဗီလာရီးရဲလ္ကို ေလးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့သလို ၿပီးခဲ့တဲ့ေန႔က ဆဲလ္တာဗီဂိုနဲ႔ ကစားခဲ့တဲ့ပြဲမွာလည္း သံုးဂိုး ျပတ္နဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
ဆဲလ္တာဗီဂိုကြင္းမွာ သြားေရာက္ကစားတိုင္းရုန္းကန္ရေလ့ရွိတဲ့ ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ေန႔ကပြဲမွာလည္း ပြဲခ်ိန္ ၄၂ မိနစ္ မွာပဲ ေနာက္ခံလူ လန္ဂ်ီလက္က ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့ခဲ့ၿပီး လက္က်န္အခ်ိန္ေတြ ကို ရင္ဆိုင္ကစားခဲ့ရတာျဖစ္ပါတယ္။ ဗီလာရီးရဲလ္နဲ႔ပြဲတုန္းက ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ လူငယ္ကစားသမား အန္ဆုဖာတီက ဆဲလ္တာဗီဂိုနဲ႔ ပြဲမွာလည္း ဘာစီလိုနာအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။
ဆဲလ္တာဗီဂိုကို အႏိုင္ရတဲ့ ပြဲအၿပီးမွာေတာ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက “ အသင္းရဲ႕ကစားပံုအတြက္ တကယ္ ကို ဂုဏ္ယူမိပါတယ္။ ကစားသမားတစ္ေယာက္ေလ်ာ့ေနတယ္ဆိုေပမယ့္ အေကာင္းဆံုးကစားႏိုင္ခဲ့တယ္္လို႔ပဲ ဆိုရမွာပါ။ အခုဆိုရင္ အသင္းက ႏွစ္ပြဲဆက္အႏိုင္ရခဲ့ၿပီး မွန္ကန္တဲ့လမ္းေၾကာင္းေပၚကို ေရာက္ေနၿပီလို႔ဆိုရမွာပဲ ျဖစ္ပါတယ္။” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဘာစီလုိုနာနည္းျပ ေရာ္နယ္ကိုးမန္းက လက္ရွိဘာစီလိုနာအသင္းရဲ႕စြမ္းေဆာင္ရည္က ထင္ထားတာထက္ ပိုေကာင္းေၾကာင္းေျပာခဲ့ၿပီး အသင္းအေနနဲ႔ ဆုဖလားေတြကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္ေၾကာင္းလည္းေျပာခဲ့ပါတယ္။ ဘာစီ လိုနာဟာ လာမယ့္တနဂၤေႏြေန႔မွာေတာ့ ဆီဗီလာကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။