သောမတ်စ်လီမာကို ဘိုင်ယန်မြူးနစ်က အငှားနဲ့ ခေါ်ယူချင်ပေမယ့် အက်သလက်တီကိုမက်ဒရစ်က အပြီးသတ်ရောင်းချင်

ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်တောင်ပံကစားသမား သောမတ်စ်လီမာကို အငှားနဲ့ ခေါ်ယူရန် စဉ်းစားနေတယ်လို့ ဂျာမနီက သတင်းများအရ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ (၂) နှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး ရုန်းကန်နေရလို့ ပြင်သစ်ကစားသမားကို ရောင်းချင်ချင်နေတာ ဖြစ်ပါတယ်။

Bild သတင်းဌာနက အဆိုအရ ဥရောပချန်ပီယံအသင်းဟာ သောမတ်စ်လီမာကို အက်သလက်တီကိုမက်ဒရစ်အသင်းဆီက အငှားနဲ့ ခေါ်ယူလိုပေမယ့် စပိန်ကလပ်အသင်းက အပြီးသတ်ရောင်းချင်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေရာသီမှာ မန်စီးတီးအသင်းကနေ ဆာနေးကို အစောကြီးကတည်းက ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပေမယ့် လီမာကို ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

လီမာကို ဒီနွေရာသီ အစောပိုင်းတုန်းကလည်း ပေါ်တိုအသင်းက ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဝုလ်ဗ်နဲ့ အဲဗာတန်အသင်းတို့ကလည်း ကမ္ဘာ့ဖလားရခဲ့တဲ့ ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သူ့ကို အာဆင်နယ်၊ လီဗာပူးလ် နဲ့ ယူနိုက်တက်အသင်းတို့ကလည်း တစ်ချိန်က ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်ခဲ့ဖူးပါတယ်။

လီမာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် (၇၃) ပွဲကစားထားပြီး ဂရန်နာဒါအသင်းကို (၆-၁) နဲပ အနိုင်ရခဲ့တဲ့ပွဲတုန်းက ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကစားခဲ့ပါတယ်။ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားကို ရခဲ့တဲ့ လူစာရင်းမှာ ပါဝင်ခဲ့တဲ့ လီမာ ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ေသာမတ္စ္လီမာကို ဘိုင္ယန္ျမဴးနစ္က အငွားနဲ႔ ေခၚယူခ်င္ေပမယ့္ အက္သလက္တီကိုမက္ဒရစ္က အျပီးသတ္ေရာင္းခ်င္

ဘိုင္ယန္ျမဴးနစ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္ေတာင္ပံကစားသမား ေသာမတ္စ္လီမာကို အငွားနဲ႔ ေခၚယူရန္ စဥ္းစားေနတယ္လို႔ ဂ်ာမနီက သတင္းမ်ားအရ သိရပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ (၂) ႏွစ္က အက္သလက္တီကိုမက္ဒရစ္အသင္းဆီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၂ သန္းနဲ႔ ေရာက္ရွိလာသူျဖစ္ျပီး ရုန္းကန္ေနရလို႔ ျပင္သစ္ကစားသမားကို ေရာင္းခ်င္ခ်င္ေနတာ ျဖစ္ပါတယ္။

Bild သတင္းဌာနက အဆိုအရ ဥေရာပခ်န္ပီယံအသင္းဟာ ေသာမတ္စ္လီမာကို အက္သလက္တီကိုမက္ဒရစ္အသင္းဆီက အငွားနဲ႔ ေခၚယူလိုေပမယ့္ စပိန္ကလပ္အသင္းက အျပီးသတ္ေရာင္းခ်င္ေနတယ္လို႔ သိရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဒီေႏြရာသီမွာ မန္စီးတီးအသင္းကေန ဆာေနးကို အေစာၾကီးကတည္းက ေခၚယူအားျဖည့္ထားတာ ျဖစ္ေပမယ့္ လီမာကို ထပ္မံ ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

လီမာကို ဒီေႏြရာသီ အေစာပိုင္းတုန္းကလည္း ေပၚတိုအသင္းက ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ ၀ုလ္ဗ္နဲ႔ အဲဗာတန္အသင္းတုိ႔ကလည္း ကမာၻ႕ဖလားရခဲ့တဲ့ ကစားသမားကို ေခၚယူရန္ စိတ္၀င္စားေနတာျဖစ္ပါတယ္။ သူ႔ကို အာဆင္နယ္၊ လီဗာပူးလ္ နဲ႔ ယူႏိုက္တက္အသင္းတို႔ကလည္း တစ္ခ်ိန္က ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ခဲ့ဖူးပါတယ္။

လီမာဟာ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ (၇၃) ပြဲကစားထားျပီး ဂရန္နာဒါအသင္းကို (၆-၁) နဲပ အႏိုင္ရခဲ့တဲ့ပြဲတုန္းက ဒုတိယပိုင္းမွာ လူစား၀င္ေရာက္ကစားခဲ့ပါတယ္။ ျပင္သစ္အသင္း ၂၀၁၈ ကမာၻ႕ဖလားကို ရခဲ့တဲ့ လူစာရင္းမွာ ပါ၀င္ခဲ့တဲ့ လီမာ ဟာ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမး္ (၃) ႏွစ္က်န္ရွိေနေသးတာ ျဖစ္ပါတယ္။