ဘာစီလိုနာအတွက် အမြဲတမ်း အကောင်းဆုံးကစားပေးသွားမှာပါ ဆိုပြီးပြောခဲ့တဲ့ တိုက်စစ်မှူး မက်ဆီ


နွေရာသီအပြောင်းအရွှေ့မှာ အလှုပ်ခတ်ဆုံးလို့ဆိုရမယ့် မက်ဆီရဲ့ အပြောင်းအရွှေ့ကတော့ ပြီးဆုံးသွားခဲ့ပေမယ့် သတင်း တွေကတော့ ပြီးဆုံးခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့ မက်ဆီအနေနဲ့ အသင်းအ တွက် အရင်လို အကောင်းဆုံးပုံစံနဲ့ ကစားပေးပါ့မလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဗီလာရီး ရဲလ်ကို လေးဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ ဘာစီလိုနာအတွက် မက်ဆီပါဝင်ကစားခဲ့ပေမယ့် ကစားတဲ့ပုံကိုကြည့်ပြီး မေးခွန်း တွေ ထွက်ပေါ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။


မက်ဆီဟာ ဘာစီလိုနာရဲ့ပုံရိပ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက်မှာတော့ အသင်းကနေထွက်ဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တာဝန် ရှိသူတွေကတော့ မက်ဆီကို အသင်းမှာ ဆက်ရှိဖို့အတွက် ကြိုးစားလုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ မက်ဆီအ နေနဲ့ စာချုပ်သက်တမ်းကျန်နေတဲ့ ကာလကို ဘာစီလိုနာမှာပဲ ဆက်ကစားဖို့အတွက် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။


Sport နဲ့ အင်တာဗျူးခဲ့ရာမှာတော့ မက်ဆီက “ အသင်းတာဝန်ရှိသူတွေနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပေမယ့် အသင်း ပရိသတ်တွေအနေနဲ့ စိုးရိမ်စရာမရှိပါဘူး။ ဘာစီလိုနာအတွက် ကစားခွင့်ရတဲ့အချိန်တိုင်းမှာ အကောင်းဆုံးကစားပေးသွား မှာပါ။ ကျွန်တော်ရဲ့ အမှားတွေအတွက် အပြည့်အဝ တာဝန်ယူပါတယ်။ ဘာစီလိုနာအနေနဲ့ ပိုကောင်းတဲ့အသင်းဖြစ်လာ အောင် လုပ်ဆောင်သွားဖို့ကတော့ တာဝန်ရှိသူတွေလုပ်ဆောင်ရမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။


ဘာစီလိုနာဟာ ဒီရာသီလာလီဂါအဖွင့်ပွဲစဉ်အဖြစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ကစားပုံကို ဝေဖန်ပြောဆိုမှုတွေ ခံနေရတယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာ ဟာ လာမယ့်ကြာသပတေးနေ့မှာ ဆဲလ်တာဗီဂိုကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆဲလ်တာဗီဂိုကွင်းမှာ နှစ်ဂိုးစီသရေကျခဲ့တာကြောင့် ဘာစီလိုနာဟာ ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

zawgyi version

ဘာစီလိုနာအတြက္ အျမဲတမ္း အေကာင္းဆံုးကစားေပးသြားမွာပါ ဆိုၿပီးေျပာခဲ့တဲ့ တိုက္စစ္မွဴး မက္ဆီ
ေႏြရာသီအေျပာင္းအေရႊ႕မွာ အလႈပ္ခတ္ဆံုးလို႔ဆိုရမယ့္ မက္ဆီရဲ႕ အေျပာင္းအေရႊ႕ကေတာ့ ၿပီးဆံုးသြားခဲ့ေပမယ့္ သတင္း ေတြကေတာ့ ၿပီးဆံုးျခင္းမရွိေသးတာပဲ ျဖစ္ပါတယ္။ ဘာစီလိုနာမွာ ဆက္ေနဖို႔ဆံုးျဖတ္ခဲ့တဲ့ မက္ဆီအေနနဲ႔ အသင္းအ တြက္ အရင္လို အေကာင္းဆံုးပံုစံနဲ႔ ကစားေပးပါ့မလားဆိုတဲ့ ေမးခြန္းလည္း ထြက္ေပၚခဲ့တယ္လို႔ သိရပါတယ္။ ဗီလာရီး ရဲလ္ကို ေလးဂိုးျပတ္နဲ႔အႏိုင္ရတဲ့ပြဲမွာ ဘာစီလိုနာအတြက္ မက္ဆီပါဝင္ကစားခဲ့ေပမယ့္ ကစားတဲ့ပံုကိုၾကည့္ၿပီး ေမးခြန္း ေတြ ထြက္ေပၚခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
မက္ဆီဟာ ဘာစီလိုနာရဲ႕ပံုရိပ္ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ကို အရွက္တကြဲ ရႈံးနိမ့္ၿပီးေနာက္မွာေတာ့ အသင္းကေနထြက္ဖို႔ ေတာင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ တာဝန္ ရွိသူေတြကေတာ့ မက္ဆီကို အသင္းမွာ ဆက္ရွိဖို႔အတြက္ ၾကိဳးစားလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ေနာက္ဆံုးမွာေတာ့ မက္ဆီအ ေနနဲ႔ စာခ်ဳပ္သက္တမ္းက်န္ေနတဲ့ ကာလကို ဘာစီလိုနာမွာပဲ ဆက္ကစားဖို႔အတြက္ ဆံုးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။
Sport နဲ႔ အင္တာဗ်ဴးခဲ့ရာမွာေတာ့ မက္ဆီက “ အသင္းတာဝန္ရွိသူေတြနဲ႔ သေဘာထားကြဲလြဲမႈေတြ ျဖစ္ခဲ့ေပမယ့္ အသင္း ပရိသတ္ေတြအေနနဲ႔ စိုးရိမ္စရာမရွိပါဘူး။ ဘာစီလိုနာအတြက္ ကစားခြင့္ရတဲ့အခ်ိန္တိုင္းမွာ အေကာင္းဆံုးကစားေပးသြား မွာပါ။ ကြ်န္ေတာ္ရဲ႕ အမွားေတြအတြက္ အျပည့္အဝ တာဝန္ယူပါတယ္။ ဘာစီလိုနာအေနနဲ႔ ပိုေကာင္းတဲ့အသင္းျဖစ္လာ ေအာင္ လုပ္ေဆာင္သြားဖို႔ကေတာ့ တာဝန္ရွိသူေတြလုပ္ေဆာင္ရမွာပါ” ဆိုၿပီး ေျပာခဲ့ပါတယ္။
ဘာစီလိုနာဟာ ဒီရာသီလာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဗီလာရီးရဲလ္ကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ၿပီး ေလးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ေပမယ့္ အသင္းရဲ႕ကစားပံုကို ေဝဖန္ေျပာဆိုမႈေတြ ခံေနရတယ္လို႔လည္း သိရပါတယ္။ ဘာစီလိုနာ ဟာ လာမယ့္ၾကာသပေတးေန႔မွာ ဆဲလ္တာဗီဂိုကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ဆဲလ္တာဗီဂိုကြင္းမွာ ႏွစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ ဘာစီလိုနာဟာ ခ်န္ပီယံဆုကို မကာကြယ္ႏိုင္ခဲ့ဘဲ လက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။