အန်ဆုဖာတီရဲ့ တိုးတက်မှုတွေက သူ့တန်ဖိုးကို သက်သေပြနေပြီး ကြီးမားတဲ့ အနာဂတ်ရှိတယ် လို့ ဆိုလိုက်တဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အသက် ၁၇ နှစ်အရွယ် ကြယ်ပွင့် အန်ဆုဖာတီက ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ပြီးခဲ့တဲ့ရာသီကတည်းက ပွဲထွက်ကစားခွင့်ရလာပြီး ဂိုးတွေသွင်းပြီး ခြေစွမ်းပြထားသူ ဖြစ်ပါတယ်။

သို့သော်လည်း ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းက လူငယ်ကြယ်ပွင့်နဲ့ ပတ်သက်ပြီး စိတ်အေးလက်အေးထားရန် ပြောသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့ညက ဗီလာရီးရဲလ်အသင်းကို (၄-ဝ) နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အန်ဆုဖာတီက (၂) ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

“အန်ဆုက လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စူးစမ်းရှာဖွေနေပါတယ်။ သူ့မှာ ကြီးမားတဲ့ အနာဂတ်တစ်ခုရှိပြီး ဗီလာရီးရဲလ် နဲ့ ပွဲက သူ့ရဲ့ ခြေစွမ်းကို ပျော်ရွှင်မိပါတယ်။ သူက အများကြီးတိုးတက်လာမှာ ဖြစ်ပါတယ်။ သူ့တန်ဖိုးကို သူကိုယ်တိုင် သက်သေပြနေပြီး ဆက်ပြီးတိုးတက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ချက်ရှိပါတယ်” လို့ ရော်နယ်ကိုးမန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

အန္ဆုဖာတီရဲ႕ တိုးတက္မႈေတြက သူ႔တန္ဖိုးကို သက္ေသျပေနျပီး ၾကီးမားတဲ့ အနာဂတ္ရွိတယ္ လို႔ ဆိုလိုက္တဲ့ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက အသက္ ၁၇ ႏွစ္အရြယ္ ၾကယ္ပြင့္ အန္ဆုဖာတီက ဘာစီလိုနာအသင္းအတြက္ ဒီရာသီမွာ အဓိက အခန္းက႑ကေန ပါ၀င္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ဆယ္ေက်ာ္သက္ကစားသမားဟာ ဘာစီလိုနာအသင္းအတြက္ ျပီးခဲ့တဲ့ရာသီကတည္းက ပြဲထြက္ကစားခြင့္ရလာျပီး ဂိုးေတြသြင္းျပီး ေျခစြမ္းျပထားသူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းက လူငယ္ၾကယ္ပြင့္နဲ႔ ပတ္သက္ျပီး စိတ္ေအးလက္ေအးထားရန္ ေျပာသြားခဲ့ပါတယ္။ဘာစီလိုနာအသင္းဟာ တနဂၤေႏြေန႔ညက ဗီလာရီးရဲလ္အသင္းကို (၄-၀) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ျပီး အန္ဆုဖာတီက (၂) ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

“အန္ဆုက လူငယ္ကစားသမားတစ္ေယာက္ျဖစ္ျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္တို႔ စူးစမ္းရွာေဖြေနပါတယ္။ သူ႕မွာ ၾကီးမားတဲ့ အနာဂတ္တစ္ခုရွိျပီး ဗီလာရီးရဲလ္ နဲ႔ ပြဲက သူ႔ရဲ႕ ေျခစြမ္းကို ေပ်ာ္ရႊင္မိပါတယ္။ သူက အမ်ားၾကီးတိုးတက္လာမွာ ျဖစ္ပါတယ္။ သူ႔တန္ဖိုးကို သူကိုယ္တိုင္ သက္ေသျပေနျပီး ဆက္ျပီးတိုးတက္မယ္လို႔ ကၽြန္ေတာ္တို႔ ယံုၾကည္ခ်က္ရွိပါတယ္” လို႔ ေရာ္နယ္ကိုးမန္းက ပြဲအျပီး သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။