မိနစ် ၂၀ သာ ကစားခဲ့ရပေမယ့် အက်သလက်တီကိုမှာ စံချိန်သစ် ရေးထိုးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်


ဘာစီလိုနာနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီရဲ့ ယူရို ၆ သန်းနဲ့ ခေါ်ယူခြင်းခံခဲ့ရတဲ့ ဆွာရက်ဇ်ဟာ အသင်းအတွက် ပထမဆုံးကစားခွင့်ရခဲ့တဲ့ပွဲမှာပဲ စံချိန်သစ်ရေးထိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဂရန်နာဒါကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ပွဲချိန်မိနစ် ၇၀ ကျော်မှ ဒီယေဂိုကော်စတာရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ကိုယ်တိုင် နှစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ဆွာရက်ဇ်ဟာ အက်သလက်တီကိုအသင်းရဲ့ ၂၁ ရာစုအတွင်း ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာ ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှုကို တစ်ပွဲတည်းမှာ လုပ်ဆောင်နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာ ၆ နှစ်ကြာကစားပေးခဲ့ပြီးနောက်မှာတော့ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ အဆင်မပြေဖြစ်တာကြောင့် အသင်းကနေထွက်ခဲ့ပြီး အက်သလက်တီကို,ကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။


ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက “ဘာစီလိုနာနဲ့ ဆွာရက်ဇ်တို့ လမ်းခွဲခဲ့တဲ့ ဇာတ်လမ်းမှာ ကျွန်တော်က ဗီလိန်တစ် ယောက် ဖြစ်ချင်ဖြစ်ခဲ့ပါမယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်အချို့ ကျွန်တော်ရောက်မလာခင်ကတည်းက လုပ်ဆောင်ပြီးတဲ့အရာ တွေပါ။ ဆွာရက်ဇ်ကို လူတစ်ယောက်အနေနဲ့ရော ကစားသမားတစ်ယောက်အနေနဲ့ပါ ကျွန်တော်လေးစားမှုအပြည့်ရှိပါ တယ်။ အသင်းမှာ သူကိုဆက်နေဖို့ အလိုရှိခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။


ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ရှိတယ်ဆိုပြီး ဆွာရက်ဇ်တို့လို လစာငွေအမြောက်အများပေးထားရတဲ့ ကစားသမားတွေကို အသင်းကနေထွက်ဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာရနေတဲ့လစာထက် ၆၀ ရာခိုင်နှုန်းလျော့နည်းပြီး အက်သလက်တီကိုမှာ လစာရရှိမယ်လို့လည်း သိရပါတယ်။

zawgyi version

မိနစ္ ၂၀ သာ ကစားခဲ့ရေပမယ့္ အက္သလက္တီကိုမွာ စံခ်ိန္သစ္ ေရးထိုးႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး ဆြာရက္ဇ္
ဘာစီလိုနာနဲ႔ စာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ အက္သလက္တီကိုအသင္းနည္းျပ ဆီျမြန္နီရဲ႕ ယူရို ၆ သန္းနဲ႔ ေခၚယူျခင္းခံခဲ့ရတဲ့ ဆြာရက္ဇ္ဟာ အသင္းအတြက္ ပထမဆံုးကစားခြင့္ရခဲ့တဲ့ပြဲမွာပဲ စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ဂရန္နာဒါကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ ပြဲခ်ိန္မိနစ္ ၇၀ ေက်ာ္မွ ဒီေယဂိုေကာ္စတာရဲ႕ေနရာမွာ လူစားဝင္ကစားခြင့္ရခဲ့ေပမယ့္ ကိုယ္တိုင္ ႏွစ္ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ တစ္ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။
ဆြာရက္ဇ္ဟာ အက္သလက္တီကိုအသင္းရဲ႕ ၂၁ ရာစုအတြင္း ပထမဆံုးကစားခြင့္ရတဲ့ပြဲမွာ ဂိုးသြင္းယူမႈနဲ႔ ဂိုးဖန္တီးမႈကို တစ္ပြဲတည္းမွာ လုပ္ေဆာင္ႏိုင္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဆြာရက္ဇ္ဟာ ဘာစီလိုနာမွာ ၆ ႏွစ္ၾကာကစားေပးခဲ့ၿပီးေနာက္မွာေတာ့ နည္းျပသစ္ေရာ္နယ္ကိုးမန္းနဲ႔ အဆင္မေျပျဖစ္တာေၾကာင့္ အသင္းကေနထြက္ခဲ့ၿပီး အက္သလက္တီကို,ကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့သူလည္း ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက “ဘာစီလိုနာနဲ႔ ဆြာရက္ဇ္တို႔ လမ္းခြဲခဲ့တဲ့ ဇာတ္လမ္းမွာ ကြ်န္ေတာ္က ဗီလိန္တစ္ ေယာက္ ျဖစ္ခ်င္ျဖစ္ခဲ့ပါမယ္။ ဒါေပမယ့္ ဆံုးျဖတ္ခ်က္အခ်ိဳ႕ ကြ်န္ေတာ္ေရာက္မလာခင္ကတည္းက လုပ္ေဆာင္ၿပီးတဲ့အရာ ေတြပါ။ ဆြာရက္ဇ္ကို လူတစ္ေယာက္အေနနဲ႔ေရာ ကစားသမားတစ္ေယာက္အေနနဲ႔ပါ ကြ်န္ေတာ္ေလးစားမႈအျပည့္ရွိပါ တယ္။ အသင္းမွာ သူကိုဆက္ေနဖို႔ အလိုရွိခဲ့ေပမယ့္ မျဖစ္ႏိုင္ခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ တစ္ကမၻာ့လံုးမွာ ျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေငြေၾကးဆံုးရႈံးမႈေတြ ရွိတယ္ဆုိၿပီး ဆြာရက္ဇ္တို႔လို လစာေငြအေျမာက္အမ်ားေပးထားရတဲ့ ကစားသမားေတြကို အသင္းကေနထြက္ဖို႔အတြက္ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ဘာစီလိုနာမွာရေနတဲ့လစာထက္ ၆၀ ရာခိုင္ႏႈန္းေလ်ာ့နည္းၿပီး အက္သလက္တီကိုမွာ လစာရရွိမယ္လို႔လည္း သိရပါတယ္။