နည်းပြကိုးမန်းရဲ့ ယုံကြည်မှုနဲ့အတူ မက်ဆီရဲ့ ဖိအားတွေကို လျော့ကျပေးခဲ့တဲ့ အသက် ၁၇ နှစ်သား အန်ဆုဖာတီ


ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲရှုံးနိမ့်ပြီးနောက်မှာ ဘာစီလိုနာအသင်းအနေနဲ့ အခက်အခဲ ပေါင်းများစွာ ကြုံခဲ့ရပါတယ်။ နည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ရသလို အဓိက,ကစားသမားတွေကိုလည်း ဆုံးရှုံးခဲ့ရတာ ကြောင့် ဘာစီလိုနာရဲ့ အခြေအနေကို အားလုံးကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေ့ကတော့ ဘာစီလိုနာ ဟာ ဒီရာသီလာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။


နည်းပြသစ်ရော်နယ်ကိုးမန်းအတွက် လာလီဂါပထမဆုံးပွဲဖြစ်သလို ၊ အိမ်ကွင်းပွဲစဉ်လည်းဖြစ်တာကြောင့် အနိုင်ရဖို့လိုအပ် နေတဲ့ ဘာစီလိုနာအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့သူကတော့ အသက် ၁၇ နှစ်သာရှိသေးတဲ့ လူငယ်ကစားသမား အန်ဆုဖာတီ ပဲ ဖြစ်ပါတယ်။ အန်ဆုဖာတီဟာ ဗီလာရီးရဲလ်နဲ့ ပွဲမှာ ကိုယ်တိုင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး သူကြောင့်ပဲ ဘာစီလိုနာအနေနဲ့ ပင် နယ်တီကန်သွင်းမှုတစ်ကြိမ်လည်း ရရှိခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာမှာ စာချုပ်သက်တမ်းကုန်တဲ့အချိန်ထိ ဆက်ကစားမှာဖြစ်ပေမယ့် အသင်းကနေထွက်ဖို့ သေချာနေတဲ့ မက်ဆီ ရဲ့ ဖိအားတွေကို အန်ဆုဖာတီအနေနဲ့ လျော့ကျစေခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြနေသလို အန်ဆုဖာတီအနေနဲ့ ဘာစီလိုနာအတွက် ဒုတိယမြောက် မက်ဆီဖြစ်လာနိုင်တယ်လို့လည်း ဖော်ပြနေကြတာဖြစ်ပါတယ်။ ဘာစီလိုနာလူငယ် အသင်းကနေ ထွက်ပေါ်လာတဲ့ အန်ဆုဖာတီဟာ ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ အန်ဆုဖာတီက “ ဘာစီလိုနာမှာ မက်ဆီနဲ့အတူ ဘောလုံးတွဲကစားခွင့်ရဖို့အတွက်က ကျွန်တော်ရဲ့ အိပ် မက်တစ်ခုပါ။ မက်ဆီက ကျွန်တော်ကို အကြံဉာဏ်တွေ အများကြီးပေးခဲ့ပြီး ဘောလုံးကစားဟန်တွေကို သင်ပေးခဲ့ပါတယ်။ သူနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရပြီး ခြေစွမ်းတိုးတက်ဖို့ လုပ်ဆောင်နေရတာဟာ ကျွန်တော်အတွက်တော့ ပျော်ရွှင်စရာပါ ပဲ” လို့ ပြောခဲ့ပါတယ်။

zawgyi version

နည္းျပကိုးမန္းရဲ႕ ယံုၾကည္မႈနဲ႔အတူ မက္ဆီရဲ႕ ဖိအားေတြကို ေလ်ာ့က်ေပးခဲ့တဲ့ အသက္ ၁၇ ႏွစ္သား အန္ဆုဖာတီ
ၿပီးခဲဲ့တဲ့ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္မွာ ဘာစီလိုနာအသင္းအေနနဲ႔ အခက္အခဲ ေပါင္းမ်ားစြာ ၾကံဳခဲ့ရပါတယ္။ နည္းျပ အေျပာင္းအလဲျပဳလုပ္ခဲ့ရသလို အဓိက,ကစားသမားေတြကိုလည္း ဆံုးရႈံးခဲ့ရတာ ေၾကာင့္ ဘာစီလိုနာရဲ႕ အေျခအေနကို အားလံုးကို စိတ္ဝင္စားေနၾကတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေန႔ကေတာ့ ဘာစီလိုနာ ဟာ ဒီရာသီလာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ဗီလာရီးရဲလ္ကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ၿပီး ေလးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။
နည္းျပသစ္ေရာ္နယ္ကိုးမန္းအတြက္ လာလီဂါပထမဆံုးပြဲျဖစ္သလို ၊ အိမ္ကြင္းပြဲစဥ္လည္းျဖစ္တာေၾကာင့္ အႏိုင္ရဖို႔လိုအပ္ ေနတဲ့ ဘာစီလိုနာအတြက္ ေျခစြမ္းျပႏိုင္ခဲ့တဲ့သူကေတာ့ အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ လူငယ္ကစားသမား အန္ဆုဖာတီ ပဲ ျဖစ္ပါတယ္။ အန္ဆုဖာတီဟာ ဗီလာရီးရဲလ္နဲ႔ ပြဲမွာ ကိုယ္တိုင္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး သူေၾကာင့္ပဲ ဘာစီလိုနာအေနနဲ႔ ပင္ နယ္တီကန္သြင္းမႈတစ္ၾကိမ္လည္း ရရွိခဲ့တာျဖစ္ပါတယ္။
ဘာစီလိုနာမွာ စာခ်ဳပ္သက္တမ္းကုန္တဲ့အခ်ိန္ထိ ဆက္ကစားမွာျဖစ္ေပမယ့္ အသင္းကေနထြက္ဖို႔ ေသခ်ာေနတဲ့ မက္ဆီ ရဲ႕ ဖိအားေတြကို အန္ဆုဖာတီအေနနဲ႔ ေလ်ာ့က်ေစခဲ့တယ္လို႔ သတင္းဌာနေတြက ေဖာ္ျပေနသလို အန္ဆုဖာတီအေနနဲ႔ ဘာစီလိုနာအတြက္ ဒုတိယေျမာက္ မက္ဆီျဖစ္လာႏိုင္တယ္လို႔လည္း ေဖာ္ျပေနၾကတာျဖစ္ပါတယ္။ ဘာစီလိုနာလူငယ္ အသင္းကေန ထြက္ေပၚလာတဲ့ အန္ဆုဖာတီဟာ ၿပီးခဲ့တဲ့ရာသီကလည္း ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစံုမွာ ၈ ဂိုး သြင္းယူႏိုင္ခဲ့ သူလည္း ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ အန္ဆုဖာတီက “ ဘာစီလိုနာမွာ မက္ဆီနဲ႔အတူ ေဘာလံုးတြဲကစားခြင့္ရဖို႔အတြက္က ကြ်န္ေတာ္ရဲ႕ အိပ္ မက္တစ္ခုပါ။ မက္ဆီက ကြ်န္ေတာ္ကို အၾကံဥာဏ္ေတြ အမ်ားၾကီးေပးခဲ့ၿပီး ေဘာလံုးကစားဟန္ေတြကို သင္ေပးခဲ့ပါတယ္။ သူနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနရၿပီး ေျခစြမ္းတိုးတက္ဖို႔ လုပ္ေဆာင္ေနရတာဟာ ကြ်န္ေတာ္အတြက္ေတာ့ ေပ်ာ္ရႊင္စရာပါ ပဲ” လို႔ ေျပာခဲ့ပါတယ္။