ဘာစီလိုနာက နောက်ထပ် ထွက်ရမယ့် ကစားသမားက နောက်ခံလူ အမ်တီတီလား

ဘာစီလိုနာ အသင်းမှာ အနာဂတ်မသေမချာဖြစ်နေတဲ့ နောက်ခံလူ အမ်တီတီကို အသင်းဟောင်း လိုင်ယွန်အသင်းက ခေါ်ယူရန် စိတ်ဝင်စားလာပြီဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဟာ ၂၀၁၆ ခုနှစ်က လာလီဂါ အသင်းဆီကို ပြောင်းရွှေ့ခဲ့ပေမယ့် (၄) နှစ်အတွင်း နူးကမ့်မှာ (၆၆) ပွဲသာ ကစားထားခဲ့ရပါတယ်။ ပြင်သစ်က သတင်းများအရ လိုင်ယွန်နည်းပြ ဂါစီယာဟာဟာ အသက် ၂၆ နှစ်အရွယ်နောက်ခံလူကို လီဂူး ၁ ကို ပြန်ခေါ်ချင်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ နောက်ခံလူတွေ ရောင်းချပြီး အပြောင်းအရွှေ့ရာသီမကုန်ခင် အစားထိုးခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။သို့သော်လည်း အမ်တီတီရဲ့ လစာကိုတော့ ညှိနှိုင်းရဖွယ်ရှိနေပါတယ်။ ပြင်သစ်ကစားသမားဟာ ဘာစီလိုနာမှာ တစ်နှစ်ပေါင် ၁၂ သန်းရတယ်လို့ သိရပေမယ့် လိုင်ယွန်အသင်းဘက်ကတော့ သူ့ရဲ့ ဒီလစာနှုန်းကို ပေးချေနိုင်ဖွယ်မရှိဘူး ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဆွာရက်ဇ်၊ ရာကီတစ် နဲ့ ဗီဒယ်တို့ကို ထွက်ခွာစေထားပါတယ်။ မနှစ်က ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ နည်းပြဆက်တီယန်ကို ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမား ရော်နယ်ကိုးမန်းကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ စက်တင်ဘာ ၂၇ ရက် (မနက်ဖြန်) တနင်္ဂနွေနေ့မှာတော့ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်းမှာ စပိန်လာလီဂါပွဲ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ဘာစီလိုနာက ေနာက္ထပ္ ထြက္ရမယ့္ ကစားသမားက ေနာက္ခံလူ အမ္တီတီလား

ဘာစီလိုနာ အသင္းမွာ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ေနာက္ခံလူ အမ္တီတီကို အသင္းေဟာင္း လိုင္ယြန္အသင္းက ေခၚယူရန္ စိတ္၀င္စားလာျပီျဖစ္ပါတယ္။ ျပင္သစ္လက္ေရြးစင္ေနာက္ခံလူ ဟာ ၂၀၁၆ ခုႏွစ္က လာလီဂါ အသင္းဆီကို ေျပာင္းေရႊ႕ခဲ့ေပမယ့္ (၄) ႏွစ္အတြင္း ႏူးကမ့္မွာ (၆၆) ပြဲသာ ကစားထားခဲ့ရပါတယ္။ ျပင္သစ္က သတငး္မ်ားအရ လိုင္ယြန္နည္းျပ ဂါစီယာဟာဟာ အသက္ ၂၆ ႏွစ္အရြယ္ေနာက္ခံလူကို လီဂူး ၁ ကို ျပန္ေခၚခ်င္ေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းဟာ ေနာက္ခံလူေတြ ေရာင္းခ်ျပီး  အေျပာင္းအေရႊ႕ရာသီမကုန္ခင္ အစားထိုးေခၚယူသြားမယ္လို႔လည္း သိရပါတယ္။သို႔ေသာ္လည္း အမ္တီတီရဲ႕ လစာကိုေတာ့ ညိွႏိႈင္းရဖြယ္ရွိေနပါတယ္။ ျပင္သစ္ကစားသမားဟာ ဘာစီလိုနာမွာ တစ္ႏွစ္ေပါင္ ၁၂ သန္းရတယ္လို႔ သိရေပမယ့္ လိုင္ယြန္အသင္းဘက္ကေတာ့ သူ႔ရဲ႕ ဒီလစာႏႈန္းကို ေပးေခ်ႏိုင္ဖြယ္မရွိဘူး ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကေန နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဆြာရက္ဇ္၊ ရာကီတစ္ နဲ႔ ဗီဒယ္တို႔ကို ထြက္ခြာေစထားပါတယ္။ မႏွစ္က ဖလားလက္မဲ့ျဖစ္ခဲ့တဲ့ ဘာစီလိုနာအသင္းဟာ နည္းျပဆက္တီယန္ကို ထုတ္ပယ္ခဲ့ျပီး အသင္းရဲ႕ ဂႏၱ၀င္ကစားသမား ေရာ္နယ္ကိုးမန္းကို ခန္႔အပ္လုိက္တာျဖစ္ပါတယ္။ စက္တင္ဘာ ၂၇ ရက္ (မနက္ျဖန္) တနဂၤေႏြေန႔မွာေတာ့ ဘာစီလိုနာအသင္းဟာ ဗီလာရီးရဲလ္အသင္းကို အိမ္ကြင္းမွာ စပိန္လာလီဂါပြဲ ဧည့္ခံကစားရမွာျဖစ္ပါတယ္။