ဘာစီလိုနာက လာလီဂါချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေသေးပါတယ်လို့ ပြောခဲ့တဲ့ ရီးရဲလ်နည်းပြ ဇီဒန်း


ရီးရဲလ်နည်းပြ ဇီဒန်းက လာလီဂါချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာအနေနဲ့ ခက်ခဲတဲ့အခြေအနေတွေ နဲ့ ရင်ဆိုင်နေရပေမယ့် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အနေအထားမှာ ရှိနေသေးကြောင်းပြောခဲ့ပါတယ်။ ဘာစီလိုနာ ဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြဆက်တီယန်ရဲ့ နေရာမှာ ရော်နယ်ကိုးမန်းကို ပြောင်းလဲခန့် အပ်ခဲ့တာ ဖြစ်ပါတယ်။


အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ မက်ဆီက ဘာစီလိုနာကနေထွက်ဖို့ တောင်းဆိုမှုကြောင့် ခက်ခက်ခဲခဲကြိုးစားခဲ့ရသလို နောက်ထပ်အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကလည်း အက်သလက်တီကိုအသင်းထံပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါ တယ်။ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေရတဲ့ ဘာစီလိုနာအနေနဲ့ ချန်ပီယံရဖို့ ခက်ခဲမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရီးရဲလ်နည်းပြက အခုလိုပြောခဲ့တာပဲ ဖြစ်ပါတယ်။


ဘာစီလိုနာဟာ ဆွာရက်ဇ်အပြင် ဗီဒယ်၊ရာကီတစ်၊ အာသာနဲ့ ဆီမီဒိုတို့လို အဓိက,ကစားသမားတွေကို ဆုံးရှုံးထားရပေမဲ့ ဘိုင်ယန်မြူးနစ်ကနေပြန်ရောက်လာတဲ့ ကော်တင်ဟိုနဲ့ ဂျူဗင်တပ်ကပြောင်းလာတဲ့ ပီဂျာနစ်တို့ကြောင့် အကောင်းဆုံးအ နေအထားမှာရှိနေဆဲ ဖြစ်ကြောင်းလည်း ဇီဒန်းကပြောခဲ့ပါတယ်။ဒါအပြင် ဇီဒန်းက ရီးရဲလ်ကသာ အားနည်းမှုရှိသွားတာ ဖြစ်ပြီး ဂါရတ်ဘေးလ်နဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်တို့လို ကစားသမားကောင်းတွေကို ဆုံးရှုံးထားရတယ်လို့ ပြောခဲ့ပါတယ်။


ရီးရဲလ်နည်းပြ ဇီဒန်းက “ ဘာစီလိုနာအသင်းကို လေးစားမှုအပြည့်ရှိပါတယ်။ သူတို့ရဲ့ အခြေအနေကို အသေးစိတ်မသိဘူး ဆိုပေမယ့် လာလီဂါချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အနေအထားမှာ ရှိနေသေးပါတယ်။ ကလပ်အသင်းတိုင်းမှာ အခက် အခဲရှိတာကြောင့် ဘာစီလိုနာကလည်း အခုအဲ့လိုမျိုးအခက်အခဲကို ရင်ဆိုင်နေရတယ်လို့ပဲ ကျွန်တော်မြင်မိပါတယ်။ ဒါပေ မဲ့ ရီးရဲလ်ကတော့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာက လာလီဂါခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ အေျခအေနမွာ ရွိေနေသးပါတယ္လို႔ ေျပာခဲ့တဲ့ ရီးရဲလ္နည္းျပ ဇီဒန္း
ရီးရဲလ္နည္းျပ ဇီဒန္းက လာလီဂါခ်န္ပီယံဆုအတြက္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဘာစီလိုနာအေနနဲ႔ ခက္ခဲတဲ့အေျခအေနေတြ နဲ႔ ရင္ဆိုင္ေနရေပမယ့္ ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္တဲ့အေနအထားမွာ ရွိေနေသးေၾကာင္းေျပာခဲ့ပါတယ္။ ဘာစီလိုနာ ဟာ ၿပီးခဲ့တဲ့ရာသီက ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပဆက္တီယန္ရဲ႕ ေနရာမွာ ေရာ္နယ္ကိုးမန္းကို ေျပာင္းလဲခန္႔ အပ္ခဲ့တာ ျဖစ္ပါတယ္။
အသင္းရဲ႕အဓိကတိုက္စစ္မွဴးျဖစ္တဲ့ မက္ဆီက ဘာစီလိုနာကေနထြက္ဖို႔ ေတာင္းဆိုမႈေၾကာင့္ ခက္ခက္ခဲခဲၾကိဳးစားခဲ့ရသလို ေနာက္ထပ္အဓိကတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ကလည္း အက္သလက္တီကိုအသင္းထံေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္ပါ တယ္။ အသင္းကို ျပန္လည္တည္ေဆာက္ဖို႔ ၾကိဳးစားေနရတဲ့ ဘာစီလိုနာအေနနဲ႔ ခ်န္ပီယံရဖို႔ ခက္ခဲမယ္လို႔ သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ရီးရဲလ္နည္းျပက အခုလိုေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ဘာစီလိုနာဟာ ဆြာရက္ဇ္အျပင္ ဗီဒယ္၊ရာကီတစ္၊ အာသာနဲ႔ ဆီမီဒိုတို႔လို အဓိက,ကစားသမားေတြကို ဆံုးရႈံးထားရေပမဲ့ ဘိုင္ယန္ျမဴးနစ္ကေနျပန္ေရာက္လာတဲ့ ေကာ္တင္ဟိုနဲ႔ ဂ်ဴဗင္တပ္ကေျပာင္းလာတဲ့ ပီဂ်ာနစ္တို႔ေၾကာင့္ အေကာင္းဆံုးအ ေနအထားမွာရွိေနဆဲ ျဖစ္ေၾကာင္းလည္း ဇီဒန္းကေျပာခဲ့ပါတယ္။ဒါအျပင္ ဇီဒန္းက ရီးရဲလ္ကသာ အားနည္းမႈရွိသြားတာ ျဖစ္ၿပီး ဂါရတ္ေဘးလ္နဲ႔ ဂ်ိမ္းရိုဒရီဂြတ္ဇ္တို႔လို ကစားသမားေကာင္းေတြကို ဆံုးရႈံးထားရတယ္လို႔ ေျပာခဲ့ပါတယ္။
ရီးရဲလ္နည္းျပ ဇီဒန္းက “ ဘာစီလိုနာအသင္းကို ေလးစားမႈအျပည့္ရွိပါတယ္။ သူတို႔ရဲ႕ အေျခအေနကို အေသးစိတ္မသိဘူး ဆိုေပမယ့္ လာလီဂါခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္တဲ့အေနအထားမွာ ရွိေနေသးပါတယ္။ ကလပ္အသင္းတိုင္းမွာ အခက္္ အခဲရွိတာေၾကာင့္ ဘာစီလိုနာကလည္း အခုအဲ့လိုမ်ိဳးအခက္အခဲကို ရင္ဆိုင္ေနရတယ္လို႔ပဲ ကြ်န္ေတာ္ျမင္မိပါတယ္။ ဒါေပ မဲ့ ရီးရဲလ္ကေတာ့ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔အတြက္ အေကာင္းဆံုးလုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။