စပိန်လာလီဂါ ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်

ဘာစီလိုနာအသင်းကနေ လမ်းခွဲလာတဲ့ ဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ (၂) နှစ်စာချုပ် အပြီးသတ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ဥရုဂွေးတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းသမိုင်းမှာ တတိယ ဂိုးအများဆုံး သွင်းထားခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် (၂၈၃) ပွဲကစားပြီး (၁၉၈) ဂိုးသွင်းပေးခဲ့သူပါ။ တိုက်စစ်ကစားသမားဟာ အစောပိုင်းတုန်းကဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ပျက်ပြယ်ခဲ့ပါတယ်။

သို့သော်လည်း နည်းပြသစ် ကိုးမန်းက အသင်းမှာ မလိုတော့ဘူးလို့ ပြောခြင်းခံခဲ့ရတဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက “ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ကို ခေါ်ယူလိုက်နိုင်ပါတယ်။ သူ့ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေက သံသယမရှိအောင်ကို ဂိုးတွေနဲ့ သက်သေပြထားနိုင်ခဲ့သူပါ” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့သော်လည်း ဆွာရက်ဇ်ဟာ (၂၈) ပွဲကစားပြီး (၁၆) ဂိုးအထိ သွင်းယူပေးထားခဲ့သူဖြစ်ပါတယ်။

စပိန္လာလီဂါ ျပိဳင္ဘက္ အက္သလက္တီကိုမက္ဒ၇စ္အသင္းဆီ အျပီးသတ္ေျပာင္းေရႊ႕သြားျပိီျဖစ္တဲ့ ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္း ဆြာရက္ဇ္

ဘာစီလိုနာအသင္းကေန လမ္းခြဲလာတဲ့ ဆြာရက္ဇ္ဟာ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ (၂) ႏွစ္စာခ်ဳပ္ အျပီးသတ္ခ်ဳပ္ဆိုလိုက္ျပီ ျဖစ္ပါတယ္။ဥရုေဂြးတိုက္စစ္မွဴးဟာ ဘာစီလိုနာအသင္းသမိုင္းမွာ တတိယ ဂိုးအမ်ားဆံုး သြင္းထားခဲ့တဲ့ ကစားသမားျဖစ္ျပီး အသင္းအတြက္ (၂၈၃) ပြဲကစားျပီး (၁၉၈) ဂိုးသြင္းေပးခဲ့သူပါ။ တိုက္စစ္ကစားသမားဟာ အေစာပိုင္းတုန္းကဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ပ်က္ျပယ္ခဲ့ပါတယ္။

သို႔ေသာ္လည္း နည္းျပသစ္ ကိုးမန္းက အသင္းမွာ မလိုေတာ့ဘူးလို႔ ေျပာျခင္းခံခဲ့ရတဲ့ ဘာစီလိုနာတိုက္စစ္မွဴးေဟာင္းဟာ လာလီဂါျပိဳင္ဘက္ အက္သလက္တီကိုမက္ဒရစ္အသင္းဆီကို အျပီးသတ္ေျပာင္းေရႊ႕ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းက “ကၽြန္ေတာ္တို႔ဟာ ကမာၻ႕အေကာင္းဆံုး တုိက္စစ္မွဴးေတြထဲက တစ္ေယာက္ကို ေခၚယူလိုက္ႏိုင္ပါတယ္။ သူ႔ရဲ႕ ကြင္းအတြင္း စြမ္းေဆာင္ရည္ေတြက သံသယမရိွေအာင္ကို ဂိုးေတြနဲ႔ သက္ေသျပထားႏိုင္ခဲ့သူပါ” လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ စပိန္လာလီဂါ အမွတ္ေပးဖလားနဲ႔ လြဲေခ်ာ္ခဲ့ေသာ္လည္း ဆြာရက္ဇ္ဟာ (၂၈) ပြဲကစားျပီး (၁၆) ဂိုးအထိ သြင္းယူေပးထားခဲ့သူျဖစ္ပါတယ္။