ဒီရာသီကုန်ရင် ပေါင် ၉၁ သန်းနဲ့ အမ်ဘတ်ပီကို ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် လီဗာပူး၊ ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ရီးရဲလ် တို့ အပြိုင်ခေါ်ယူဖို့ ရှိနေ


လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီကို ပေါင် ၉၁ သန်းသာပေးပြီး ခေါ်ယူနိုင်ဖို့ အခွင့် အရေးရှိနေတာကြောင့် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ ယူနိုက်တက်၊ဘာစီလိုနာနဲ့ ရီးရဲလ်တို့ အပြိုင်ခေါ်ယူဖွယ်ရှိနေ တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ အမ်ဘတ်ပီဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီက ထွက်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။


ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးပေမယ့် အမ်ဘတ်ပီဟာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ကမ်းလှမ်း မှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ AS သတင်းစာကတော့ လက်ရှိမှာ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀၀ တန်ကြေးရှိတဲ့ အမ်ဘတ်ပီကို စာချုပ်သက်တမ်း ၁နှစ်ပဲ ကျန်တော့တဲ့အချိန်ကျရင် ပီအက်စ်ဂျီအနေနဲ့ ပေါင် ၁၁၁ သန်းလျော့ချပြီး ရောင်း ချမယ်လို့ ဖော်ပြခဲ့ပါတယ်။


နောက်ထပ်သတင်းစာတစ်စောင်ဖြစ်တဲ့ L’ Equipe ကတော့ လာမယ့်နှစ်ဆိုရင် အမ်ဘတ်ပီရဲ့တန်ကြေးက ပေါင် ၉၁ သန်း ပဲ ရှိတော့မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး သူရဲ့စိတ်ထဲမှာ ပြောင်းချင်နေတဲ့အသင်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်က အမ် ဘတ်ပီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိဖူးတာကြောင့် အမ်ဘတ်ပီပြောင်းရွှေ့ချင်တဲ့အသင်းက ရီးရဲလ်ဆိုပြီးတော့လည်း ခန့် မှန်းမှုတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။


ရီးရဲလ်နည်းပြ ဇီဒန်းက အမ်ဘတ်ပီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုမှာ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမားဆုကို ရယူနိုင်ဖို့ အသင်းကို ပြောင်းရွှေ့လာသင့်ကြောင်းပြောခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေကြေးများစွာသုံးစွဲဖို့ အခက်အခဲရှိနေပေမယ့် လာမယ့်ရာသီမှာတော့ ကစားသမားသစ် တွေ ခေါ်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ဒီရာသီကုန္ရင္ ေပါင္ ၉၁ သန္းနဲ႔ အမ္ဘတ္ပီကို ေခၚယူႏိုင္မွာ ျဖစ္တာေၾကာင့္ လီဗာပူး၊ ယူႏိုက္တက္၊ ဘာစီလိုနာနဲ႔ ရီးရဲလ္ တို႔ အျပိဳင္ေခၚယူဖို႔ ရွိေန
လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီကို ေပါင္ ၉၁ သန္းသာေပးၿပီး ေခၚယူႏိုင္ဖို႔ အခြင့္ အေရးရွိေနတာေၾကာင့္ အသင္းၾကီးေတြျဖစ္တဲ့ လီဗာပူး၊ ယူႏိုက္တက္၊ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔ အၿပိဳင္ေခၚယူဖြယ္ရွိေန တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္တဲ့ အမ္ဘတ္ပီဟာ လာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီက ထြက္ဖို႔ ေတာင္းဆိုထားတယ္လို႔လည္း သိရပါတယ္။
ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ေနေသးေပမယ့္ အမ္ဘတ္ပီဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ ကမ္းလွမ္း မႈကို ပယ္ခ်ထားတယ္လို႔ သိရပါတယ္။ AS သတင္းစာကေတာ့ လက္ရွိမွာ ေျပာင္းေရႊ႕ေၾကးေပါင္သန္း ၄၀၀ တန္ေၾကးရွိတဲ့ အမ္ဘတ္ပီကို စာခ်ဳပ္သက္တမ္း ၁ႏွစ္ပဲ က်န္ေတာ့တဲ့အခ်ိန္က်ရင္ ပီအက္စ္ဂ်ီအေနနဲ႔ ေပါင္ ၁၁၁ သန္းေလ်ာ့ခ်ၿပီး ေရာင္း ခ်မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ေနာက္ထပ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ L’ Equipe ကေတာ့ လာမယ့္ႏွစ္ဆိုရင္ အမ္ဘတ္ပီရဲ႕တန္ေၾကးက ေပါင္ ၉၁ သန္း ပဲ ရွိေတာ့မွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး သူရဲ႕စိတ္ထဲမွာ ေျပာင္းခ်င္ေနတဲ့အသင္းရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္က အမ္ ဘတ္ပီကို ေခၚယူဖို႔ ကမ္းလွမ္းမႈေတြရွိဖူးတာေၾကာင့္ အမ္ဘတ္ပီေျပာင္းေရႊ႕ခ်င္တဲ့အသင္းက ရီးရဲလ္ဆိုၿပီးေတာ့လည္း ခန္႔ မွန္းမႈေတြ ထြက္ေပၚေနတယ္လို႔ သိရပါတယ္။
ရီးရဲလ္နည္းျပ ဇီဒန္းက အမ္ဘတ္ပီကို ေခၚယူဖို႔ ကမ္းလွမ္းမႈမွာ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔နဲ႔ ကမၻာ့အေကာင္းဆံုး ေဘာ လံုးသမားဆုကို ရယူႏိုင္ဖို႔ အသင္းကို ေျပာင္းေရႊ႕လာသင့္ေၾကာင္းေျပာခဲ့တယ္လို႔ သိရပါတယ္။ ရီးရဲလ္ဥကၠဌ ပီရက္ဇ္က လည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေငြေၾကးမ်ားစြာသံုးစြဲဖို႔ အခက္အခဲရွိေနေပမယ့္ လာမယ့္ရာသီမွာေတာ့ ကစားသမားသစ္ ေတြ ေခၚယူသြားမယ္လို႔ ေျပာခဲ့ပါတယ္။