ဘာစီလိုနာမှာ ရခဲ့တဲ့လစာထက် ၆၀ ရာခိုင်နှုန်းလျော့ပြီး အက်သလက်တီကိုမှာ လစာရမယ့် တိုက်စစ်မှူး ဆွာရက်ဇ်


ဘာစီလိုနာအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဆွာရက်ဇ်ဟာ ပြိုင်ဘက်အက်သလက်တီကို အသင်းကို ပြောင်းရွှေ့သွား ခဲ့တယ်ဆိုတာဖြစ်ပါတယ်။ ဘာစီလိုနာမှာ တစ်ပတ်ကိုလုပ်ခလစာပေါင် ၄၀၅၀၀၀ ရရှိနေတဲ့ ဆွာရက်ဇ်ဟာ အက်သလက် တီကိုမှာ ပေါင် ၁၆၀၀၀၀ ပဲ ရရှိမှာကြောင့် ဘာစီလိုနာမှာ ရနေတဲ့လစာထက် ၆၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာပဲ ဖြစ်ပါတယ်။


အက်သလက်တီကိုဟာ ဆွာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင် ၃.၇ သန်းသာကုန်ကျခဲ့ပြီး ကစားသမားကိုလည်း တစ်နှစ်လုပ်ခပေါင် ၈.၃သန်းသာ ပေးချေရမှာဖြစ်တယ်ဆိုပြီး မာကာသတင်းစာက ဖော်ပြခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အစော ပိုင်းတုန်းက ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သလို သူရဲ့အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ အေဂျက်တို့ကလည်း ပြန် လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းဘက်ကတော့ တစ်ကမ္ဘာ့လုံးမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေကြေးဆုံးရှုံးမှုတွေရှိနေလို့ ဆွာရက်ဇ်လို လုပ်ခလစာများတဲ့ကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအတွက် ပွဲပေါင်း ၂၈၃ ပွဲမှာ ၁၉၈ ဂိုးအထိသွင်းယူပေးထားခဲ့သူဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် တတိယ မြောက်ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။


ဘာစီလိုနာနည်းပြသစ်အဖြစ် ရော်နယ်ကိုးမန်းဖြစ်လာချိန်မှာ အသင်းသစ်ရှာဖို့အတွက် ဖိအားပေးခံခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဘာစီလိုနာလေ့ကျင့်ရေးကွင်းကနေ ငိုပြီးပြန်ထွက်လာကာ ကားမောင်းသွားတဲ့ပုံကလည်း အသင်းအပေါ်ထားရှိတဲ့ သူရဲ့စိတ်ထားကို မြင်တွေ့ရတယ်လို့ မီဒီယာတွေကဖောြ်ပခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့ အတူ လာလီဂါနဲ့စပိန်ဘုရင့်ဖလား ၄ ကြိမ်စီ ၊ ချန်ပီယံလိဂ်နဲ့ဖီဖာကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီရရှိခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ဘာစီလိုနာမွာ ရေနတဲ့လစာထက္ ၆၀ ရာခိုင္ႏႈန္းေလ်ာ့ၿပီး အက္သလက္တီကိုမွာ လစာရမယ့္ တိုက္စစ္မွဴး ဆြာရက္ဇ္
ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္တဲ့ ဆြာရက္ဇ္ဟာ ၿပိဳင္ဘက္အက္သလက္တီကို အသင္းကို ေျပာင္းေရႊ႕သြား ခဲ့တယ္ဆိုတာျဖစ္ပါတယ္။ ဘာစီလိုနာမွာ တစ္ပတ္ကိုလုပ္ခလစာေပါင္ ၄၀၅၀၀၀ ရရွိေနတဲ့ ဆြာရက္ဇ္ဟာ အက္သလက္ တီကိုမွာ ေပါင္ ၁၆၀၀၀၀ ပဲ ရရွိမွာေၾကာင့္ ဘာစီလိုနာမွာ ရေနတဲ့လစာထက္ ၆၀ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့နည္းသြားတာပဲ ျဖစ္ပါတယ္။
အက္သလက္တီကိုဟာ ဆြာရက္ဇ္ရဲ႕ ေျပာင္းေရႊ႕ေၾကးအတြက္ ေပါင္ ၃.၇ သန္းသာကုန္က်ခဲ့ၿပီး ကစားသမားကိုလည္း တစ္ႏွစ္လုပ္ခေပါင္ ၈.၃သန္းသာ ေပးေခ်ရမွာျဖစ္တယ္ဆိုၿပီး မာကာသတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ အေစာ ပိုင္းတုန္းက ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ခဲ့သလို သူရဲ႕အသင္းေဟာင္းေတြျဖစ္တဲ့ လီဗာပူးနဲ႔ ေအဂ်က္တို႔ကလည္း ျပန္ လည္ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဘက္ကေတာ့ တစ္ကမၻာ့လံုးမွာျဖစ္ပြားေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေငြေၾကးဆံုးရႈံးမႈေတြရွိေနလို႔ ဆြာရက္ဇ္လို လုပ္ခလစာမ်ားတဲ့ကစားသမားေတြကို ဆက္ထိန္းထားႏိုင္ဖို႔ ခက္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ဘာစီလိုနာအတြက္ ပြဲေပါင္း ၂၈၃ ပြဲမွာ ၁၉၈ ဂိုးအထိသြင္းယူေပးထားခဲ့သူျဖစ္ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ တတိယ ေျမာက္ဂိုးသြင္းအမ်ားဆံုး ကစားသမားလည္း ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပသစ္အျဖစ္ ေရာ္နယ္ကိုးမန္းျဖစ္လာခ်ိန္မွာ အသင္းသစ္ရွာဖို႔အတြက္ ဖိအားေပးခံခဲ့ရတဲ့ ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ဘာစီလိုနာေလ့က်င့္ေရးကြင္းကေန ငိုၿပီးျပန္ထြက္လာကာ ကားေမာင္းသြားတဲ့ပံုကလည္း အသင္းအေပၚထားရွိတဲ့ သူရဲ႕စိတ္ထားကို ျမင္ေတြ႕ရတယ္လို႔ မီဒီယာေတြကေဖာျ္ပခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ဘာစီလိုနာနဲ႔ အတူ လာလီဂါနဲ႔စပိန္ဘုရင့္ဖလား ၄ ၾကိမ္စီ ၊ ခ်န္ပီယံလိဂ္နဲ႔ဖီဖာကလပ္ကမၻာ့ဖလား တစ္ၾကိမ္စီရရွိခဲ့သူလည္း ျဖစ္ပါတယ္။