ပေါင် ၇၈ သန်းနဲ့ ဂျီမီနက်ဇ်အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တဲ့ အက်သလက်တီကို


နွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ မန်စီးတီးကခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ ဂျီမီနက်ဇ်အတွက် ပေါင် ၇၈ သန်းနဲ့ ကမ်းလှမ်းချက်ကို အက်သလက်တီကိုအသင်းဥက္ကဌ အင်းနရစ်ကာရီဇိုက ပယ်ချလိုက်တယ်လို့ သိရပါ တယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဂျီမီနက်ဇ်ဟာ ဒီလအစောပိုင်းတုန်းက မန်စီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ် လို့ AS သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ တနင်္လာနေ့က ဂျီမီနက်ဇ်ဆီမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ လည်း သိရပါတယ်။ ဂျီမီနက်ဇ်ဟာ ၂၀၁၃ ခုနှစ်က ဥရုဂွေးကလပ် ဒါနူဘီယိုကနေ အက်သလက်တီကိုအသင်းထံ ရောက်လာခဲ့ပြီး အသင်းရဲ့အဓိက,ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရနေသူလည်း ဖြစ်ပါတယ်။


ကာရီဇိုက “ ဂျီမီနက်ဇ်က အံအားသင့်ဖွယ် ခြေစွမ်းမျိုး ပြသနိုင်တဲ့ ကစားသမားပါ။သူရဲ့ ခြေစွမ်းကြောင့် အသင်းကြီးတွေ က သူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အခုဆိုရင်လည်း မန်စီးတီးဘက်က ကမ်းလှမ်းမှုကို ရရှိထားပါတယ်။ ဒါပေမယ့် ဂျီမီနက်ဇ်ကို ဈေးပေါပေါနဲ့ ရောင်းချမှာမဟုတ်ပါဘူး။သူလို ကစားသမားမျိုးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။


တောင်အမေရိကဘောလုံးသမားတွေရဲ့ ခြေစွမ်းကို သုံးသပ်သူတစ်ဦးဖြစ်တဲ့ တင်မ်ဗက်ကီရီကတော့ ဂျီမီနက်ဇ် အနေနဲ့ ဂွါ ဒီယိုလာရဲ့ ဈေးကြီးကြီးနဲ့ ဝယ်ယူတာကို ခံရမှာဖြစ်ကြောင်းနဲ့ ဂွါဒီယိုလာရဲ့ လက်အောက်မှာ ခြေစွမ်းပိုပြီး ကောင်းလာမှာ ဖြစ်ကြောင်း ပြောခဲ့သလို တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်လာမယ်လို့လည်း ပြောခဲ့ပါတယ်။ ဗက်ကီရီ က ဂျီမီနက်ဇ်ကို မန်စီးတီးအနေနဲ့ ခေါ်ယူခဲ့ပါက အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

zawgyi version

ေပါင္ ၇၈ သန္းနဲ႔ ဂ်ီမီနက္ဇ္အတြက္ မန္စီးတီးရဲ႕ ကမ္းလွမ္းခ်က္ကို ပယ္ခ်လိုက္တဲ့ အက္သလက္တီကို
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္မွာ မန္စီးတီးကေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ေနာက္ခံလူ ဂ်ီမီနက္ဇ္အတြက္ ေပါင္ ၇၈ သန္းနဲ႔ ကမ္းလွမ္းခ်က္ကို အက္သလက္တီကိုအသင္းဥကၠဌ အင္းနရစ္ကာရီဇိုက ပယ္ခ်လိုက္တယ္လို႔ သိရပါ တယ္။ အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ီမီနက္ဇ္ဟာ ဒီလအေစာပိုင္းတုန္းက မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိထားတယ္ လို႔ AS သတင္းစာက ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ တနလၤာေန႔က ဂ်ီမီနက္ဇ္ဆီမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိတယ္ဆိုၿပီးေတာ့လည္း သတင္းေတြ ထြက္ေပၚခဲ့တယ္လို႔ လည္း သိရပါတယ္။ ဂ်ီမီနက္ဇ္ဟာ ၂၀၁၃ ခုႏွစ္က ဥရုေဂြးကလပ္ ဒါႏူဘီယိုကေန အက္သလက္တီကိုအသင္းထံ ေရာက္လာခဲ့ၿပီး အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးအျဖစ္ ပါဝင္ကစားခြင့္ရေနသူလည္း ျဖစ္ပါတယ္။
ကာရီဇိုက “ ဂ်ီမီနက္ဇ္က အံအားသင့္ဖြယ္ ေျခစြမ္းမ်ိဳး ျပသႏိုင္တဲ့ ကစားသမားပါ။သူရဲ႕ ေျခစြမ္းေၾကာင့္ အသင္းၾကီးေတြ က သူကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။ အခုဆိုရင္လည္း မန္စီးတီးဘက္က ကမ္းလွမ္းမႈကို ရရွိထားပါတယ္။ ဒါေပမယ့္ ဂ်ီမီနက္ဇ္ကို ေစ်းေပါေပါနဲ႔ ေရာင္းခ်မွာမဟုတ္ပါဘူး။သူလို ကစားသမားမ်ိဳးကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ေတာင္အေမရိကေဘာလံုးသမားေတြရဲ႕ ေျခစြမ္းကို သံုးသပ္သူတစ္ဦးျဖစ္တဲ့ တင္မ္ဗက္ကီရီကေတာ့ ဂ်ီမီနက္ဇ္ အေနနဲ႔ ဂြါ ဒီယိုလာရဲ႕ ေစ်းၾကီးၾကီးနဲ႔ ဝယ္ယူတာကို ခံရမွာျဖစ္ေၾကာင္းနဲ႔ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ေျခစြမ္းပိုၿပီး ေကာင္းလာမွာ ျဖစ္ေၾကာင္း ေျပာခဲ့သလို တစ္ခ်ိန္မွာ ကမၻာ့အေကာင္းဆံုးေနာက္ခံလူတစ္ဦးျဖစ္လာမယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဗက္ကီရီ က ဂ်ီမီနက္ဇ္ကို မန္စီးတီးအေနနဲ႔ ေခၚယူခဲ့ပါက အေကာင္းဆံုးေခၚယူမႈတစ္ခုျဖစ္လာမယ္လို႔လည္း မွတ္ခ်က္ျပဳခဲ့ပါတယ္။