အသင်းမှာ ဥရုဂွေးတိုက်စစ်အတွဲ ကို ပုံဖော်ရန် ဆွာရက်ဇ် ပြီးတော့ ကာဗာနီကို ခေါ်ယူမယ့် အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဆွာရက်ဇ်ကို ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီလို့ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက ်ယခုအခါ ဥရုဂွေးအသင်းဖော် ကာဗာနီကိုပါ ထပ်ပြီး ခေါ်ယူရန် ကြိုးစားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် နဲ့ ဘင်ဖီကာအသင်းတို့က နာပိုလီ ကြယ်ပွင့်ဟောင်းကို ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် သူဟာ အခုအချိန်အထိ အသင်းတစ်သင်းနဲ့ မှ သဘောတူညီမှု မရသေးပါဘူး။ ပြင်သစ်က သတင်းများအရ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တနလာၤနေ့က ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံရန် ပြင်သစ်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ကာဗာနီဟာ ယခုအချိန်မှာတော့ သူ့ရဲ့ မွေးရပ်မြေ ဥရုဂွေးမှာ ရှိနေပြီး ဘောလုံးလောက ကို ပြန်လာရန် ကြံ့ခိုင်မှုပိုင်းဆိုင်ရာကို ပြင်ဆင်လေ့ကျင့်နေသူဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းကနေ အသင်းဖော်တွေကို နှုတ်ဆက်ပြီး နောက် ငိုပြီး ကားနဲ့ မောင်းထွက်လာတာကို သတင်းဓာတ်ပုံများအရ တွေ့ရှိခဲ့ရပါတယ်။ ဆီမြွန်နီဟာ နောက်ထပ် ဥရုဂွေး ကွင်းလယ်လူ တစ်ယောက်ဖြစ်တဲ့ အာဆင်နယ်အသင်းကို တော်ရဲရားကိုလည်း ခေါ်ယူချင်နေတယ်လို့ လည်း သိရပါတယ်။

အသင္းမွာ ဥရုေဂြးတိုက္စစ္အတြဲ ကို ပံုေဖာ္ရန္ ဆြာရက္ဇ္ ျပီးေတာ့ ကာဗာနီကို ေခၚယူမယ့္ အက္သလက္တီကိုမက္ဒရစ္နည္းျပ ဆီျမြန္နီ

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဘာစီလိုနာအသင္းနဲ႔ လမ္းခြဲလိုက္တဲ့ ဆြာရက္ဇ္ကို ေခၚယူရန္ သေဘာတူညီမႈ ရခဲ့ျပီလို႔ သတင္းမ်ား ထြက္ေပၚခဲ့ျပီးေနာက ္ယခုအခါ ဥရုေဂြးအသင္းေဖာ္ ကာဗာနီကိုပါ ထပ္ျပီး ေခၚယူရန္ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ရွိေနျပီျဖစ္တဲ့ ကာဗာနီဟာ ဒီေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးျပီးေနာက္ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္တဲ့ ကစားသမား ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ နဲ႔ ဘင္ဖီကာအသင္းတို႔က နာပိုလီ ၾကယ္ပြင့္ေဟာင္းကို ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ သူဟာ အခုအခ်ိန္အထိ အသင္းတစ္သင္းနဲ႔ မွ သေဘာတူညီမႈ မရေသးပါဘူး။ ျပင္သစ္က သတင္းမ်ားအရ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ တနလာၤေန႔က ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႔ ေတြ႔ဆံုရန္ ျပင္သစ္ကို သြားေရာက္ခဲ့တယ္လို႔ သိရပါတယ္။  ကာဗာနီဟာ ယခုအခ်ိန္မွာေတာ့ သူ႔ရဲ႕ ေမြးရပ္ေျမ ဥရုေဂြးမွာ ရွိေနျပီး ေဘာလံုးေလာက ကို ျပန္လာရန္ ၾကံ့ခိုင္မႈပိုင္းဆိုင္ရာကို ျပင္ဆင္ေလ့က်င့္ေနသူျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ဗုဒၶဟူးေန႔ မနက္ပိုင္းက ဘာစီလိုနာအသင္းရဲ႕ ေလ့က်င့္ေရးကြင္းကေန အသင္းေဖာ္ေတြကို ႏႈတ္ဆက္ျပီး ေနာက္ ငိုျပီး ကားနဲ႔ ေမာင္းထြက္လာတာကို သတင္းဓာတ္ပံုမ်ားအရ ေတြ႕ရွိခဲ့ရပါတယ္။ ဆီျမြန္နီဟာ ေနာက္ထပ္ ဥရုေဂြး ကြင္းလယ္လူ တစ္ေယာက္ျဖစ္တဲ့ အာဆင္နယ္အသင္းကို ေတာ္ရဲရားကိုလည္း ေခၚယူခ်င္ေနတယ္လို႔ လည္း သိရပါတယ္။